How to upgrade Symantec Backup Exec 2010 to 2012?

ပြီးခဲ့တဲ့ တစ်လလောက်တုန်းက Symantec Backup Exec 2010 ကနေ 2012 ကို upgrade လုပ်တဲ့ အတွေ့အကြုံလေး ဝေမျှချင်ပါတယ်။

SBE 2010 ကို 2012 ပြောင်းဖို့ ဘာတွေလိုအပ်လဲဆိုတာလေးတွေ အရင် စဉ်းစားကြည့်တာပေါ့...

၁) Upgrade မလုပ်ခင် ဘာတွေအရင် လုပ်သင့်လဲ... ဘယ် Setting တွေကို Backup လုပ်သင့်လဲ။
၂) ရှိပြီးသား Configuration တွေကို Upgradiing Process က အလိုအလျောက် import လုပ်သွားမှာလား။
၃) တကယ်လို့များ Upgrading process fail ဖြစ်ခဲ့ရင် 2010 ကို ပြန်ပြီး roll back လုပ်လို့ ရလား။
၄) 2012 setup file ကို Direct run လိုက်တာနဲ့ upgrade တန်းလုပ်တာလား။
၅) Remote agent, CPS (Continuous Protection Server) Console တို့ကိုပါ upgrade လုပ်ဖို့လိုပါသလား။

ကဲ...ဒီမေးခွန်းတွေကို အရင်ဖြေပါမယ်။

၁) ပထမဆုံး 2010 ကို နောက်ဆုံး update patch တွေ install လုပ်ပါ။ SQL server BKUPEXEC service ကို stop လုပ်ပါ။
    Program Files\Symantec\Backup Exec Directory အောက်က DATA နဲ့ CATALOGS folder ၂ ခုကို copy ကူးပြီး backup လုပ်ထားပါ။
၂) ရှိပြီးသား Configuration Setting တွေအားလုံးကို Upgrading Process က အလိုအလျောက် import လုပ်သွားမှာပါ။
၃) Upgrading process fail ဖြစ်တာနဲ့ အလိုအလျောက် roll back ပြန်လုပ်ပါတယ်။ DATA , CATALOGS folder ၂ ခုနဲ့ old version ကို rebuild လုပ်နိုင်ပါတယ်။
၄) Download ထားတဲ့ SBE 2012 ကို extract လုပ်ပြီး browser.exe ကို run လိုက်တာနဲ့ upgrade စတင်လုပ်ဆောင်ပါမယ်။
၅) Remote agent ကိုတော့ Core Software installation လုပ်ပြီးတာနဲ့ install လုပ်ဖို့ လိုပါတယ်။ CPS ကတော့ SBE 2012 မှာ not available ပါတဲ့ဗျာ။

ကဲ... upgrade လုပ်တာက ဒီလိုပါ။

၁) 2010 ကို live update ကနေ နောက်ဆုံး update patch တွေ update လုပ်ပါ။
၂) Download ထားတဲ့ SBE 2012 ကို extract လုပ်ပြီး browser.exe ကို run ပါ။ ပေါ်လာတဲ့ Instruction တွေအတိုင်း follow လုပ်ပါ။
၃) upgrading process ပြီးတာနဲ့ live update မှတဆင့် နောက်ဆုံး patch တွေကို install လုပ်ပါ။
၄) Media Server ကို reboot လုပ်ခိုင်းတာနဲ့ reboot လုပ်ပေးပါ။
၅) Reboot လုပ်ပြီးလျှင် remote agent ကို upgrade လုပ်ခိုင်းပါမယ်။ Instruction အတိုင်း follow လုပ်ပါ။

Symantect Backup Exec 2012 ကို upgrade လုပ်ပြီးပါပြီ။

ဒီနေရမှာ တခု သတိထားဖို့လိုတာက Symantec က ပေးတဲ့ License Certificate မှာ ပါတဲ့ Serial Number နဲ့ License File က Maintenance Contract အတွက်ပဲ ဖြစ်နေတာပါ။
အဲဒီ License ကိုထည့်ပြီး Upgrade လုပ်မယ်ဆိုရင် Upgraded SBE 2012 ဟာ Trial အနေနဲ့ ပဲ ပေါ်နေပါမယ်။
ဒီတော့ ဒီ License ကို Symantec Licensing Portal ကနေ တဆင့် register လုပ်ဖို့ လိုပါတယ်။
ဒါမှ သာ သင် အမှန်တကယ် ဝယ်ယူထားတဲ့ package အတွက် license တွေ ထပ်ရမှာဖြစ်ပါတယ်။

အဲဒီ license တွေ ထည့်ပြီး Upgrade/Install လုပ်မှသာလျှင် Trial Version ဆိုတာ ပျောက်သွားမှာပါ။ တကယ်လို့ register မလုပ်မိပဲ upgrade/install လုပ်မိတယ်ဆိုရင်လဲ နောက်မှ ပြန်ပြီး License တွေကို Install လုပ်လို့ရပါတယ်။

မရှင်းမလင်းတာများရှိရင် အောက်က လင့်မှာ Video လေးနဲ့ ရှင်းပြထားတာလေးရှိပါတယ် သွားကြည့်လိုက်ပါ။

http://www.symantec.com/connect/videos/upgrading-be-2010-r3-be-2012

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)