Web Hosting အကြောင်းသိကောင်းစရာ (၂)

အပိုင်း (၁) မှာ Web Hosting အတွက် လိုအပ်တဲ့ Host Provider တွေနဲ့ ပတ်သက်ပြီးပြောခဲ့ပြီးပါပြီ။

ဒီတခါ တော့ Hosting မှာ အရေးပါတဲ့ နောက်တခုဖြစ်တဲ့ Domain name ဆိုတာကို ပြောပြပါမယ်။

 

What is a Domain Name?

Domain name ဆိုတာကတော့ ကိုယ့် Web Site အတွက် unique name ပေါ့။

ဥပမာ ... facebook.com လိုမျိုးပေါ့။

Hosting Solution ရွေးရတော့မယ်ဆိုရင် domain name registration ပါ ပါလာပါပြီ။

Domain name တွေဟာ register လုပ်ရပါတယ်။

Register လုပ်ပြီးပြီဆိုတာနဲ့ ၄င်း domain name ဟာ အလွန်ကြီးမားတဲ့ Domain Name Register ထဲကို ပေါင်းထည့်ပြီးသားဖြစ်သွားပါပြီ။

ပြီးတာနဲ့ Web Site ရဲ့ information တွေ IP Address ရယ်ကို Domain Name System (DNS) Server မှာ သွားသိမ်းပါတယ်။

DNS Server က အင်တာနက်ပေါ်မှာ ရှိသမျှ Computer တွေကို Web Site Address နဲ့ Domain Name တွေကို Inform လုပ်ပေးတယ်ပေါ့ဗျာ။

နောက်တခုကတော့ ကိုယ့် Domain name ဟာ အလွယ်တကူ မှတ်မိရမယ်...

Browser မှာရိုက်ထည့်ရင်လည်း လွယ်လွယ်ကူကူရိုက်လို့ရတဲ့ နာမည်မျိုးဖြစ်ရမယ်ပေါ့ဗျာ။

 

Registering a Domain

Domain name ကို register လုပ်ပေးတဲ့ Company တွေ များစွာရှိပါတယ်။

အဲ့ ဒီ company တွေက available ဖြစ်တဲ့ domain name တွေကို ရှာဖွေဖို့ interface တွေ provide လုပ်ပေးပါတယ်။

ပြီးတော့ တချိန်တည်းမှာ register လုပ်လို့ရနိုင်တဲ့ တခြား domain name extension တွေကိုပါ offer လုပ်ပေးပါသေးတယ်။

 

Choosing a Domain Name

ဒီတခုကတော့ တဦးချင်းအတွက်ပဲဖြစ်ဖြစ်...အဖွဲ့အစည်းအတွက်ပဲဖြစ်ဖြစ်...အဓိက ကျတယ်ဗျ။

Domain name တခုရဲ့ ရည်ရွယ်ချက်တွေ ... ကိုယ့် web site ကို user တွေ အလွယ်မှတ်မိဖို့ရယ်...စတဲ့ အချက်အလက်ပေါင်းမြောက်မြားစွာကို စဉ်းစားရမှာဖြစ်ပါတယ်။

ဒီတော့ အောက်မှာ အကောင်းဆုံး domain တွေမှာ ရှိတတ်တဲ့ Characteristics တွေကို ပြောပြချင်ပါတယ်။

(၁) Short

     သိတယ်မဟုတ်လား ကျွန်တော် အပါအဝင် user တိုင်းဟာ စာအရှည်ကြီး ရိုက်ရတာ စိတ်မပါကြပါဘူး။

     Web Site ရဲ့ Domain Name တခုက အလွယ်တကူဖတ်လို့ရတယ်။မှတ်မိလွယ်တယ်။စာလုံးရိုက်ရတာ နည်းမယ်ဆိုရင်   

     အကြိုက်ပေါ့။

(၂) Meaningful

     ဟုတ်ပြီ အပေါ်က ပြောသလို တိုပါပြီဗျာ...အဓိပ္ပာယ် မရှိရင်လည်း မဟုတ်သေးဘူးပေါ့။ 34i4nh.com ဆိုတာမျိုး ကြတော့

     တိုတယ်...ဒါပေမယ့် မှတ်ရတာနဲ့ရိုက်ထည့်ရတာခက်တယ်လေ။

     Domain name က ကိုယ့် Web Site နဲ့ ဆက်စပ်မှုရှိပြီး user နားလည်ဖို့လိုပါတယ်။

(၃) Clear

     ဒါလည်း အရေးကြီးပါတယ်... Domain Name တခုက စာလုံးပေါင်းရတာခက်မယ် ဒါမှမဟုတ်...အသံထွက်ရတာ ခက်မယ်ဆိုတာမျိုးလဲ မဖြစ်ရပါဘူး။

(၄) Exposure

     နောက်တခုကတော့ ကိုယ့် Web Site Domain Name ကို user တွေ က Search Engine ကိုသုံးပြီး ရှာတဲ့အခါမျိုးတွေမှာလည်း အလွယ်တကူ ရှာတွေ့နိုင်အောင်ပေးတာပေါ့ဗျာ။

     ဒါကတော့ နည်းနည်း ရှုပ်တယ်ဗျ။ နောက် အဆင်ပြေရင် အသေးစိတ်ရှင်းပြတာပေါ့။

 

ကဲ... ဒီ လေး ချက်ကတော့ the characteristics of the best domain လို့ ပြောလို့ရပါတယ်။

 

Sub Domains

Sub Domain တွေကိုတော့ DNS Server ပေါ်မှာ Create လုပ်နိုင်ပါတယ်။

သူ့ကို Register လုပ်ဖို့မလိုပါဘူး။ ဒါပေမယ့် Original Domain Name ကိုတော့ register လုပ်ဖို့လိုတယ်နော်။

Sub Domain တွေက ဒီလိုမျိုးဗျ... http://portal-enics.blogspot.com/ ဆိုရင် blogspot.com ရဲ့ sub domain ပေါ့။

http://support.microsoft.com/ ဆိုရင် microsoft.com ရဲ့ sub domain ပေါ့။

Sub Domain တွေကို ကိုယ့်ရဲက Web Hosting Provider ဆီမှာ တောင်းခံနိုင်ပါတယ်။

 

False Domain Names - Directory Listings

Domain ရယူတဲ့နေရာမှာ တချို့ provider တွေက သူတို့ကိုယ်ပိုင် domain name အောက်က name မျိုးကို ပေးတတ်တယ်ဗျ...

ဘယ်လိုလဲဆိုတော့... www.theircompany.com/yourcompany/ လိုမျိုးပေါ့။

ဒါက တကယ့် domain name မဟုတ်ပါဘူး... directory လို့ခေါ်ပါတယ်။ ဒီလို name မျိုးကို လက်မခံရပါဘူး။

Directory domain တွေဟာဆိုရင် company တွေအတွက် တကယ့်ကို မရယူသင့်တဲ့ domain name မျိုးပါ။

တကယ်တော့... ဒီလို domain မျိုးဟာ personal web site လိုမျိုး၊ ISP တွေက free ပေးထားတဲ့ web site မျိုးတွေ အတွက် ပိုအဆင်ပြေပါတယ်။

ဘယ်လိုပုံစံမျိုးလဲဆိုတော့... www.theircompany.com/~username လိုမျိုးပေါ့။

ဒီတော့ Company အတွက်ပဲဖြစ်ဖြစ်... Personal ကိုပဲ Standard တခုထားပြီးသုံးချင်တယ်ဆိုရင်... Directory Domain မျိုးကိုတော့ ရှောင်ပေါ့ဗျာ။

Domain တခုအတွက် တနှစ်ကို ကန်ဒေါ်လာ ၁၀ လောက်ပဲရှိပါတော့တယ်... register ပဲလုပ်ပြီးသုံးတာ ကောင်းပါတယ်။

 

Expired Domains

တခါတခါ domain register လုပ်တ့ဲအခါမှာ ကျွန်တော်ကြုံရတာကတော့ ကိုယ်လိုချင်တဲ့ domain name ကို သူများယူထားတတ်တာပါပဲ။

ဘယ်လိုမျိုးတွေအဖြစ်များလဲဆိုရင် သရုပ်ဆောင်တွေ၊ နာမည်ကျော်ပုဂ္ဂိုလ်တွေ... စတဲ့ တချိန်ချိန်မှာ ဒီလိုပုဂ္ဂိုလ်တွေ Domain Name ကိုလိုမှာပဲလို့ ယူဆထားတဲ့သူတွေက ကြိုယူထားတတ်တာမျိုးပါ။

ဘာလို့ အဲ့လို လုပ်တာလဲဆိုတော့ ပြန်ရောင်းဖို့လေ.... ဒါပေမယ့်...တခါတခါ ထင်ထားသလို မဟုတ်တဲ့အခါ...သူတို့လည်း Domain Name အတွက်...နှစ်စဉ်ကြေးတွေ မတတ်နိုင်တဲ့အခါမျိုးတွေမှာ...

domain က expired ဖြစ်တယ်ပေါ့ဗျာ။

ဒါမျိုး domain မျိုးကို လည်း ကိုယ်က လိုချင်ရင် ယူနိုင်တာပေါ့။

တခုပဲဗျ... domain တခု register လုပ်ပြီဆိုရင် မှတ်ထားရမှာက domain ကို ကိုယ်က ငှားတယ်လို့ မှတ်ရမှာပဲ။ legal တွေ trademark တွေ မရှိဘူး။

ကိုယ် နှစ်စဉ်ကြေးပေးပြီး သုံးနိုင်နေသရွေ့ သုံးလို့ရတယ်။

 

Use Your Domain Name

တကယ်လို့ ကိုယ်က Domain တခု ကို register လုပ်လိုက်ပြီးပြီဆိုရင်တော့ အပြည့်အဝ အသုံးချပေတော့ဗျာ... Domain Name ကို Web Page တိုင်းမှာ သုံးမယ်။

 e-mail တွေကိုလည်း ကိုယ့် domain extension နဲ့ သုံးမယ်။

ဒါတွေက အရေးကြီးတယ်ဗျ... ဒါမှသာ ကိုယ့် domain name ကို user တွေ သတိထားမိမှာပေါ့။ ပြီးတော့ ကိုယ့်ရဲ့ လုပ်ငန်းနဲ့ ဆက်စပ်တဲ့ သူတွေနဲ့ ကိုယ့်ရဲ့ customer တွေကို ကိုယ့် Web Site အကြောင်းပြောပြထားဖို့လိုတာပေါ့။

 

ကဲ.... ဒါတွေကတော့ Web Hosting ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ Domain Name နဲ့ ပတ်သက်ပြီး အခြေခံအားဖြင့် သိဖို့လိုတာလေးတွေပါ။

 

Host တွေရဲ့ Capacity နဲ့ပတ်သက်တဲ့ အပိုင်း (၃) ကို ဆက်ရေးပါမယ်။

 

ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable,pass it on then)

No comments :

Post a Comment