Web Hosting အကြောင်းသိကောင်းစရာ (၄)

Hosting Provider တွေကပေးတဲ့ Service တွေမှာ e-mail account တွေနဲ့ e-mail service တွေပါပါတယ်။

E-mail Accounts
Hosting solution တွေမှာဆိုရင် ကိုယ့် company domain extension နဲ့ company တွင်းက ဝန်ထမ်းတွေ အတွက် e-mail account တွေ ပါသင့်ပါတယ်။
E-mail address တွေက ဒီလိုမျိုးပေါ့ ...
zawzaw@mycompany.com
mgmg.ict@mycompany.com

POP E-mail
POP ကတော့ Post Office Protocol ပေါ့။
POP က e-mail တွေ sending and receive အတွက် client/server standard protocol တခုပါ။

ဒီ e-mail ပုံစံက receive လုပ်ထားတဲ့ message ကို internet server ပေါ်မှာပဲ ထိန်းသိမ်းထားပါတယ်။
ကိုယ်ကနေပြီး Microsoft Outlook ဒါမှမဟုတ် Mozilla Thunderbird လို client e-mail program တွေနဲ့ download မလုပ်မချင်းထိန်းသိမ်းထားတယ်ပေါ့ဗျာ။

IMAP E-mail
IMAP ကတော့ Internet Message Access Protocol ဖြစ်ပါတယ်။
သူကလဲ sending and receiving e-mail အတွက် နောက်ထပ် standard protocol တခုဖြစ်ပါတယ်။
သူလဲ...ကိုယ်က client e-mail program တွေနဲ့ download မလုပ်မချင်း message တွေကို internet server ပေါ်မှာ ထိန်းသိမ်းပေးထားပါတယ်။
IMAP မှာ POP ထက် ပိုကောင်းမွန်တာကတော့ IMAP Server ပေါ်မှာ Stored လုပ်ထားတဲ့ e-mail တွေကို computer တွေ အချင်းချင်း ၄င်း message တွေကို back and forth transfer လုပ်စရာ မလိုပဲ ကွန်ပျူတာတွေ အများကြီးကနေ manipulate လုပ်နိုင်တာပါပဲ။
ရှုပ်သွားလားမသိဘူး... ဒီလိုဗျ.... Office က computer ကနေပဲဖြစ်ဖြစ်... Home က computer ကနေပဲဖြစ်ဖြစ် inbox ကို ဖွင့်ကြည့်နိုင်တယ်ပြောတာပါ။
POP ကတော့ single computer ကနေပဲ e-mail ကို access လုပ်လို့ရအောင် design လုပ်ထားပါတယ်။

Web-based E-mail
ဒါကတော့ အားလုံးသိထားမယ်ထင်ပါတယ်။
Web-based e-mail services ဆိုတာ e-mail ကို web browser ကနေတဆင့် access လုပ်တာကိုပြောတာပါ။
ကိုယ်က e-mail သုံးချင်တယ်ဆိုရင် Web ပေါ်ကနေ ကိုယ့် e-mail account ကို log in အရင်ဝင်ရပါမယ်။
ပြီးတော့မှ send and retrieve e-mail လုပ်လို့ရမယ်ပေါ့ဗျာ။
ဒီလို service မျိုးကို hosting provider က သာ ပေးမယ်ဆိုရင် အကြိုက်ပေါ့ဗျာ။
ကြိုက်တဲ့နေရာကနေ...ကြိုက်တဲ့အချိန်မှာ ... e-mail access လုပ်နိုင်တာပေါ့။
Web-based e-mail service တွေကို ဥပမာ ပြရမယ်ဆိုရင်...
Gmail,Hotmail နဲ့ Yahoo Mail တို့ကတော့ လူသိများကျော်ကြားပါတယ်။
တခြား service တွေလည်းရှိပါသေးတယ်။

E-mail Forwarding
ဒါကတော့ သိပ်ပြောစရာလိုမယ်မထင်ပါဘူး...
ဒီ service လေး ပေးထားရင်... တခါတည်းနဲ့ ကိုယ် ပို့ချင်တဲ့ multiple e-mail တွေကို ပို့နိုင်တာပေါ့။

Mailing Lists
တချို့ service provider တွေက mailing list capility တွေ ပေးတတ်တယ်ဗျ။
ဒါလည်း အဖိုးတန်တယ်ဗျ။ ဘယ်လို အဖိုးတန်တာလဲဆိုတော့ .... တကယ်လို့ ကိုယ့်မှာ large number of user တွေဆီကို email ပို့ဖို့ plan ရှိတယ်ဆိုရင် ဒီ service ဟာ တကယ့်ကို အဖိုးတန်ပဲပေါ့။

ကဲ...ဒါကတော့ hosting တွေက ပေးနိုင်တဲ့ e-mail service တွေ အကြောင်းပါ။
ဒါကို ရေးရတာ သိပ်အားမရပါဘူး...ကိုယ်တိုင်လည်း သိပ်မသိလို့ပါ။
လိုအပ်တာတွေရှိရင်... ဝင်သာရေးသွားကြပါဗျာ။

Hosting တွေရဲ့ Technology တွေ အကြောင်းကို အပိုင်း (၅) မှာရေးပါမယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)

No comments :

Post a Comment