Web Hosting အကြောင်းသိကောင်းစရာ (၇)

Hosting တွေဟာဆိုရင် Free, Shared or Dedicated ဆိုပြီးရှိပါတယ်။

Free Hosting
တချို့ ISP တွေက free web hosting ကို offer လုပ်ပေးပါတယ်။
Low traffic ပဲလိုအပ်တဲ့ site အသေးစားလေးတွေ ဖြစ်ဖြစ်တယ်ဆိုရင် Free web hosting က သင့်တော်ပါတယ်။ ဥပမာဗျာ...personal site မျိုးပေါ့။
High traffic ဖြစ်နိုင်တဲ့ real business မျိုးအတွက်တော့ မသုံးသင့်ဘူးပေါ့ဗျာ။
သူက Technical support limit ရှိတယ်။ Option လည်း နည်းတယ်ဗျ။
ကိုယ့်ရဲ့ own domain name ကို free hosting မှာ host လုပ်တာကိုတော့ ကျွန်တော် recommend မလုပ်ပါဘူး။
ဘာလို့လဲဆိုတော့ free host တွေက ဒါမျိုး http://www.freesite.com/users/~yoursite.htm မျိုးပေးမှာလေ။
ဒီတော့ Browser ရဲ့ URL address မှာ ရိုက်ထည့်ဖို့ ခက်ခဲမယ်။ ရှည်လျားမယ်။ မှတ်မိဖို့လည်း မလွယ်ဘူး။ နောက်ပြီး ဘိုလိုပြောရင် not very professional ပေါ့ဗျာ။
အောက်မှာ Good နဲ့ Bad ကိုယှဉ်ပြထားပါတယ်။

Good:                                                              
Low cost. It's free.                                             
Good for family, hobby or personal sites.           
Free email is often an option.                            
                                           
Bad:
No domain names.
Few, limited, or no software options.
Limited security options.
Limited or no database support.
Limited technical support.
                          
                                                                       

Shared (Virtual) Hosting
သူကတော့ ငွေကြေးပိုင်းအရ တော်တော်သက်သာတယ်ဗျ။
Shared hosting မှာ ကိုယ်ပိုင် domain name နဲ့ရတယ်။
Powerful server တွေပေါ်မှာ host လုပ်ထားမယ်။
တခုတော့ရှိတယ် တခြား web site တွေနဲ့ shared လုပ်ပြီးသုံးထားရတယ်ဆိုပါတော့။
Shared solution တွေဟာဆိုရင် e-mail,database နဲ့ different editing option များအစရှိတဲ့ multiple software solution များပေးတတ်ပါတယ်။
အောက်မှာ Good နဲ့ Bad ကို ယှဉ်ပြထားပါတယ်။

Good:                                                                     
Low cost. Cost is shared with others.                       
Good for small business and average traffic.              
Multiple software options.                                        
Own domain name.                                                  
Good support

Bad:
Reduced security due to many sites on one server.
Restrictions on traffic volume.
Restricted database support.
Restricted software support.


Dedicated Hosting
Dedicated server လို့ခေါ်တဲ့ ကိုယ့်အတွက် သီးသန့် server ပေါ်မှာ host လုပ်ထားတာကိုခေါ်တာပါ။
သူကတော့ most expensive ဗျ။
သူ့ရဲ့ option တွေကလဲ high traffic သုံးတဲ့ web site အကြီးကြီးတွေ အတွက် အသင့်တော်ဆုံးပါပဲ။
Special software တွေ သုံးတဲ့ web site တွေ အတွက်လဲ အသင့်တော်ဆုံးပါပဲ။
Dedicated hosting ကနေ very powerful and secure solution တွေ ကိုယ့်ဖက်ကနေ ရနိုင်တယ်လို့ ပြောလို့ဖြစ်တယ်ပေါ့ဗျာ။
နောက်ပြီး unlimited software solution တွေ လည်း ပါတာပေါ့။
အောက်မှာ Good နဲ့ Bad ကို ယှဉ်ပြထားပါတယ်။

Good:                                                   
Good for large business.                        
Good for high traffic.                             
Multiple domain names.      
Powerful email solutions.      
Powerful database support.      
Strong (unlimited) software support.


Bad:
Expensive.
Requires higher skills.

Collocated Hosting
"co-location" လို့ အဓိပ္ပာယ်ရပါတယ်။
သူ့ကိုကျွန်တော်နားလည်တာတော့ ကိုယ့် ကိုယ်ပိုင် web server ကို ISP မှာ သွားထားတာကိုပြောတာဗျ။
ဒီလိုသွားထားလိုက်တာက ကိုယ့် office မှာ ထားတာထက်တော့ ပိုကောင်းတာပေါ့ဗျာ။ ဘာတွေ ကောင်းလဲဆိုတာတော့ ရှေ့ပိုင်းတွေမှာ ပြောခဲ့ပြီးပါပြီ။
နောက်ပြီး ISP တွေမှာက high-security ရှိတယ်။ Fire protection, Good ventilation system, regulated backup power , dedicated internet connection စတဲ့ အားသာချက်တွေ အများကြီးရနိုင်တယ်လေ။
အောက်မှာ Good နဲ့ Bad ကိုယှဉ်ပြထားပါတယ်။

Good:                                   
High bandwidth.                  
High up-time.                        
High security.                       
Unlimited software options.

Bad:
Expensive.
Requires higher skills.
Harder to configure and debug.

Your Checklist
Web hosting မရွေးခင် အောက်က အချက်လေးတွေ ကို သေချာသိထားသင့်တယ်ဗျ။
- hosting site ဟာ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လား
- cost effective type မျိုးလား
- ပိုကောင်းတဲ့ Server ပေါ်ကို upgrade လုပ်ဖို့ ဖြစ်နိုင်ရဲ့လား
- လိုအပ်လာရင် dedicated server ပေါ်ကို upgrade လုပ်မယ်ဆိုရင် ဖြစ်နိုင်ရဲ့လား။

ပြီးတော့ ရှေ့ပိုင်းမှာ ပြောခဲ့သလို ISP တွေရဲ့ service တွေကို စိတ်ကြိုက်စမ်းသပ်ပေါ့ဗျာ။
ပြီးမှ အဆင်အပြေဆုံးကို ရွေးပေါ့။

ဥပမာ အနေနဲ့ hosting တခုခုကို ပြပါဆိုရင် eUKhost ကို ပြပါမယ်

သူကတော့ United Kingdom မှာတော့ leading web hosting company တခုပါ။
သူက နေ အောက်က services တွေကို ပေးတယ်ဗျ...
- Shared hosting
- Reseller hosting
- VPS hosting
- Dedicated Servers
- 24/7/365 Support
အပေါ်က service တွေကို Linux and Windows platform တွေအတွက် ရနိုင်ပါတယ်။ cPanel/WHM, Plesk နဲ့ DotNetPanel တို့လို control panel တွေနဲ့ပေါ့ဗျာ။

ကဲ... ဒါကတော့ hosting type တွေ အကြောင်း အခြေခံသိထားသင့်တာလေးတွေပါ။
ဒီထက် ပိုသိချင်ရင်တော့ www.myanmartutorials.com မှာ Administrator ကိုယ်တိုင်ရေးထားတဲ့ hosting ရွေးချယ်ပုံတွေ အကြောင်းကို ညွှန်းချင်ပါတယ်။
တော်တော်လေးကိုပြည့်စုံပါတယ်။ မဖြစ်မနေ သွားဖတ်စေချင်ပါတယ်။
ဒီမှာပါ ...
http://www.myanmartutorials.com/articles/how-to-choose-hosting/
http://www.myanmartutorials.com/articles/hostings-and-me/

နောက်ဆုံးအပိုင်းဖြစ်တဲ့ အပိုင်း(၈) မှာ e-commerce အကြောင်းရေးပါမယ်။

မှတ်ချက်။    ။ Web Developing လောကကိုစဝင်လာမယ့် beginner အတွက် ရေးထားခြင်းဖြစ်ပါတယ်။ လိုအပ်တာများရှိရင် ဝင်ရောက်ဖြည့်စွက်ပေးဖို့ တောင်းဆိုပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)

No comments :

Post a Comment