Web Site တခု ကို ကမ္ဘာကိုပြချင်ပြီဆိုပါတော့ ... Web Server ပေါ်ကို ကိုယ့် Web Site ကို သွားသိမ်းထားမြှဖစ်မှာပါ။
ဒါကိုပဲ Hosting လုပ်တယ်လို့ ဆိုပါတယ်။
ဒီတော့ Web Server ဆိုတာဘာလဲ... Web Hosting ဆိုတာဘာလဲသိဖို့ လိုလာပြီပေါ့လေ...
Web Server ဆိုတဲ့နေရာမှာ နှစ်မျိုး ရှိတယ်
(၁) ကိုယ်ပိုင် Server ရယ်
(၂) Internet Service Provider ဆီက Server ရယ် ပေါ့
ဒီတော့ ပထမဆုံး ကိုယ်ပိုင် Server ထောင်ထားမယ်ဆိုရင် စဉ်းစားဖို့လိုတာလေးတွေ ပြောပြပါမယ်။
(၁) Hardware Expenses
တကယ့် Web Site တခု run ဖို့ စွမ်းအင်ပြည့်ဝတဲ့ Server Hardware တွေဝယ်ဖို့လိုပါတယ်။
စျေးပေါပေါနဲ့ဝယ်လို့ရတဲ့ Server တွေက အလုပ်ကောင်းကောင်းလုပ်နိုင်မယ်လို့ ဘယ်တော့များမှ မစဉ်းစားပါလေနဲ့။
ဘာလို့လဲဆိုတော့ ၂၄ နာရီ လုံးလုံး High-speed connection နဲ့ Server က အလုပ်လုပ်ဖို့လိုအပ်လို့ပါပဲ။
(၂) Software Expenses
Server-licnese တွေဟာ client-license တွေထက် စျေးပိုများနေတတ်တာကိုလည်း မမေ့သင့်ပါဘူး။
(၃) Labor Expenses
ှServer ကို run ပေးနေဖို့ လိုအပ်တဲ့ ဝန်ထမ်းတွေအတွက် ကုန်ကျစရိတ်ကိုလည်း ဘယ်တော့မှ ချွေတာဖို့ မစဉ်းစားပါနဲ့။
ကိုယ့် အတွက် သူတို့တွေက လိုအပ်တာတွေ လုပ်ပေးနေရမယ်လေ။ ပြီးတော့ Virus ပြဿနာ တခြား bug ပြဿနာတွေလည်း ရင်ဆိုင်နေရမယ်ဆိုတာ ထည့်စဉ်းစားရပါမယ်။
နောက်တခုက Server က ဘာမဆို ဖြစ်နိုင်တဲ့ အခြေအနေတွေ ကြားထဲမှာ Run နေရတယ်ဆိုတာ သိထားဖို့ပါပဲ။
ဒါတွေက ကိုယ်ပိုင် Web Server ထောင်မယ်ဆိုရင် သိထားရမယ့် အခြေခံ အချက်တွေပါ။
ခု... Internet Service Provider က Server ကိုငှားသုံးမယ်ဆိုရင် စဉ်းစားရမယ့် အချက်တွေ ပြောပါမယ်။
မစဉ်းစားခင် အားသာတာလေးတွေ အရင်ပြောပါမယ်။ ဒီလိုဗျ...
(၁) Connection Speed
(ISP တွေဟာ Internet connection ပြောစရာမလိုအောင်ကောင်းပြီးသားပါ)
(၂) Powerful Hardware
(ISP တွေရဲ့ Web Server တွေဟာ စွမ်းအင်ပြည့်ဝပါတယ်... company အများကြီးကို share လုပ်ပေးနိုင်တယ်ပေါ့ဗျာ။
ကိုယ်က ဘာတွေ စဉ်းစားရမလဲဆိုတော့ effective ဖြစ်တဲ့ load balancing ရယ်... လိုအပ်တဲ့ backup server တွေ အလုံအလောက်ရှိလားပါပဲ။)
(၃) Security and Stability
(ISP တွေက Web Hosting မှာတော့ Specialist တွေပါ။ သူတို့က သူတို့ရဲ့ Server တွေကို latest software patche တွေ the best virus protection တွေ နဲ့ ကာကွယ်ထားမယ်ဆိုတာ အသေအချာပဲလေ။)
အခု...Internet Service Provider က နေ Web Server ကို ငှားသုံးပြီဆိုရင် အောက်က အချက်လေးတွေ ထည့်စဉ်းစားရပါမယ်။
(၁) 24-hour support
ကိုယ့် ငှားထားတဲ့ Web Server ပိုင်ရှင် ISP က ၂၄ နာရီ Technical Support ပေးလားစဉ်းစားရပါမယ်။
ကိုယ့် web site down နေတာကို ပြန် recover ဖြစ်ဖို့ နောက်နေ့ထိစောင့်နေရမယ်ဆိုတာမျိုး ဘယ်အဖြစ်ခံရပါ့မလဲ။
ဖြစ်နိုင်မယ်ဆိုရင် အချိန်မရွေး ခေါ်လို့ရတဲ့ toll-free ဖုန်းလေးပါရမယ်ဆိုရင်ပိုကောင်းတာပေါ့။ ဒါမှ long distance call တွေ အတွက် အဆင်ပြေမယ်လေ။
(၂) Daily Backup
ဒါကတော့ရှင်းပါတယ်...ကိုယ့် Web Site က အချိန်နဲ့တပြေးညီ update ဖြစ်နေရင် backup တော့ လိုတာပေါ့။ update မဖြစ်လည်း လိုတာပါပဲ။
(၃) Traffic Volume
ကိုယ့် Web Site က လူသိများပြီဆိုရင် ဒါက ပိုစဉ်းစားရပါပြီ။ ဘာလို့လဲဆိုတော့ ISP တော်တော်များများက high traffic volume ကို ကန့်သတ်ထားလို့ပါ။
ဒါဆိုရင် ကိုယ့် Web Site ကိုလာကြည့်တဲ့ user တွေ download , upload လုပ်ချင်တိုင်း ဘယ်လုပ်လို့ရတော့မလဲနော်။
(၄) Bandwidth or Content Restrictions
ဒါလည်း အရေးကြီးတယ်ဗျ။ တချို့ ISP တွေက bandwidth နဲ့ content တွေကို ကန့်သတ်ထားတယ်။
ဥပမာ ... ကိုယ်က Video , Audio တွေ Web Site မှာတင်ချင်တယ် Bandwidth ကျော်နေတာမျိုးတို့၊ Picture အတင်မခံတာမျိုးတို့ပေါ့။ File Size Limit လုပ်ထားတာမျိုးတို့ပေါ့။
(၄) E-mail Capabilities
ဒါကတော့... user တွေနဲ့ အပြန်အလှန် email အဆက်အသွယ်လုပ်ဖို့ လိုအုံးမယ်လေ။
(၅) Front Page Extensions
တကယ်လို့ ကိုယ့်ရဲ့ Web Site ကို Frontpage သုံးပြီး Web Server ပေါ် develop လုပ်မယ်ဆိုရင်တော့ ISP က FrontPage server extension ကို support လုပ်ဖို့လိုတယ်နော်။
(၆) Database Access
တကယ်လို့ ကိုယ့် Web Site မှာ Data တွေကို Database နဲ့သုံးချင်ပါပြီတဲ့... ISP က database access ကို support လုပ်ဖို့ လိုလာပြီပေါ့။
ကဲ... ဒါလေးတွေကတော့ ISP ကနေ Web Server ငှားသုံးမယ်ဆိုရင် စဉ်းစားဖို့ပေါ့ဗျာ။
အပိုင်း (၂) ကိုဆက်ရေးပါအုံးမယ်။
ပျော်ရွှင်ပါစေဗျာ
(Be knowledgeable,pass it on then)
No comments :
Post a Comment