Unbuntu ကို အစိမ်းလိုက်ဝါးစားခြင်း

မှတ်မှတ်ရရ ၂၀၀၆ ခုနှစ်လောက်က ဖြစ်မယ်ထင်တယ်...

Open source Open source နဲ့ အသံတွေထွက်လာပြီးနောက်ပိုင်း ကျွန်တော်လည်း... Red Hat Linux ကို စမ်းသုံးကြည့်ဖြစ်ပါတယ်...မဆိုးပါဘူး... တော်တော်လေး Stable ဖြစ်တယ်ဗျ...

ဒါပေမယ့်... အသုံးပြုရန် Software ရှားပါးခြင်း၊ Used to မဖြစ်ခြင်း၊ လက်ရှိ Window platform များနှင့်

လုပ်ငန်းလုပ်ရာတွင်အဆင်ပြေနေသေးခြင်း... စသော အကြောင်းအမျိုးမျိုးကြောင့် စမ်းသပ်သုံးစွဲခြင်းကို ရပ်တန့်ပစ်ခဲ့ပါတယ်။

အခုတော့... Windows OS တွေ သုံးလာရတာ ငြီးငွေး ရိုးအီလာတာရယ်...

ခုတလော... Windows သုံးရင်းနဲ့ စက်က မကြာခဏဆိုသလို Hang နေတတ်တာနဲ့ အရင်က Stable ဖြစ်တယ်လို့ ကိုယ်တိုင်သတ်မှတ်ထားတဲ့ Linux OS ကိုပြောင်းသုံးဖို့ စတင် ပြင်ဆင်တယ်ပေါ့ဗျာ...

ဒါနဲ့ပဲ... ရှာဖွေရေး ဆင်းကြည့်ပါတယ်...

သူငယ်ချင်းတယောက်က သူ Unbuntu သုံးတာ တော်တော် ကောင်းကြောင်း ညွှန်းလာပါတယ်။

ကိုယ်လဲ သုံးကြည့်တာပေါ့ဆိုပြီး စမ်းပါတော့တယ်...

အဲဒီမှာ စတွေ့တာပဲဗျ...

ူသူပြောသလို တကယ်လဲ သုံးရတာ အဆင်ပြေမယ့်ပုံပဲဗျ... OS install လုပ်ရတာလဲ လွယ်ကူပါတယ်...

Graphic ပိုင်းတွေလဲ Window ထက်ကို သာလွန်ပါတယ်... နောက်ပြီး...interface တွေလည်း ကြိုက်ပါတယ်...

ပြဿနာ က ဒီလိုဗျ... OS installation ပြီးတဲ့အချိန်မှာပဲ... Hardware device တွေအတွက် လိုတဲ့ update တွေ download လုပ်ဖို့... internet connection တောင်းတာပဲ... ဒီမှာ ကိုယ့် စက်ရဲ့ Network adapter ကို သူက မသိ...

ကဲ...ဘယ်လို လုပ်မလဲ... ဘာမှ ဆက်လုပ်လို့မရတော့ဘူးဗျာ...

ဒါနဲ့... နောက်စက်တလုံးနဲ့ စမ်းတင်ကြည့်တယ်...

အဲ...ကံကောင်းတယ်ဗျ...Network adapter ကို သိတယ်... ဒီတော့ Internet connection ရပြီပေါ့ဗျာ...

Browser ကိုဖွင့်လိုက်တယ်... blog ကို သွားတယ်... ဒီမှာ လာပါပြီ နောက်ထပ်ပြဿနာ... plug-in update လုပ်ခိုင်းပါတယ်...

လုပ်ကြည့်တယ်...မရဘူးဗျာ.... ဘာလိုတယ်...ဘာတော့မရှိဘူး... ဘာတော့ဖွင့်ပါ...ပြောတယ်ဗျ... ကိုယ်ပဲ ည့ံလို့လားမသိဘူးဗျာ...တခုမှ မသိဘူး...

ဒါနဲ့ပဲ... Browser လေး အသာပိတ်ပြီး... Media player ဖွင့်ကြည့်တယ်... MP3 file လေး Play ကြည့်တယ်... မရပြန်ပါဘူး...

ဒီမှာတင်ပဲ... နားလည်လိုက်ပါတယ်... ငါ ရှေ့ဆက်လို့ မဖြစ်ချေဘူးပေါ့...

ဒါနဲ့ ...ဖွင့်ထားတဲ့  Media player ကို ပိတ်တယ်...လားလားဗျာ...မောင်မင်းကြီးသားက လုံးဝ မလှုပ်တော့ဘူး...

ဘာမှ ကို Respond မလုပ်တော့ဘူး...ဘယ်ခလုပ်နှိပ်နှိပ်...Mouse နဲ့ ဘယ်နေရာ Click Click တုတ်တုတ်မှ မလှုပ်တော့ပါဘူး...

Windows သာဆိုရင်တော့ ... လှုပ်လာအောင် စွမ်းနိုင်ကောင်း စွမ်းနိုင်မယ်ထင်တယ်...အခုတော့...

ဒါနဲ့... Power ခလုပ်ကို နှိပ်ကြည့်တယ်... Shutdown,Reboot,Sleep,Hibernate လေးခုပေါ်လာတယ်...တခုမကျန်လိုက် ရွေးကြည့်တယ်...ဘာမှ မဖြစ်ဘူး...

ဒါနဲ့ပဲ...နောက်ဆုံးမှာတော့... Stable ဖြစ်တယ်လို့ ခံယူထားတဲ့... သူငယ်ချင်းလုပ်သူ အရမ်းညွှန်းတဲ့... Unbuntu လေးကို ဝမ်းနည်းစွာနဲ့ Hard disk ပေါ်ကနေ မောင်းထုတ်လိုက်ရပါတော့တယ်ဗျာ...


မိုးလဲ လင်းခါနီးပြီလေ...


မကျေနပ်သေးဘူး... Red Hat ကို ပြန်သုံးကြည့်အုံးမယ်ဗျာ...

လောလောဆယ်တော့ Windows လေးရဲ့ မျက်နှာကို မကြည့်ချင်ကြည့်ချင် ပြန်ကြည့်ရအုံးမှာပေါ့။

No comments :

Post a Comment