နာမည်လေးက... ForceTLS တဲ့ဗျ... ဘာအတွက်သုံးတာလဲဆိုတော့... http://www.facebook.com အစား https://www.facebook.com ဖြစ်အောင်ပေါ့ဗျာ...
ဘာလို့ http ကနေ https ကို ပြောင်းသုံးတာလဲဆိုတော့ ပိုလုံခြုံလို့ပေါ့ဗျာ...
ဒါဆို http က မလုံခြုံဘူးလားဆိုတော့ မလုံခြုံဘူးပဲပြောရမှာပဲ...
ဘယ်လို မလုံခြုံတာလဲဆိုတော့... Firefox အတွက် Firesheep ဆိုတဲ့ Add-on ဆိုတာရှိတယ်ဗျ... သူနဲ့ Social Website တော်တော်များများရဲ့ User Log in information တွေကို Wi-Fi network တွေကနေခိုးကြည့်နိုင်တယ်ဗျ... hijack လုပ်တယ်ပေါ့ဗျာ။
ဒီတော့ဗျာ... ဒီရန်က ကာကွယ်ဖို့ရာ ForceTLS ကို
https://addons.mozilla.org/en-US/firefox/addon/12714/ ကနေ သွားယူပါ...
Install လုပ်ပါ။ Mozilla Firefox ကို Restart လုပ်ပါ။
Mozilla Firefox ရဲ့ Tools>ForceTLS Configuration ကိုသွားပါ။
ForceTLS Settings Windows ပေါ်လာပါမယ်။
Address of web site: box မှာ https: နဲ့ လည်း အလုပ်လုပ်တဲ့ Website ကို ထည့်ပြီး Add Site ဆိုတာကို နှိပ်နှိပ်ပြီးထည့်သွားလို့ရတယ်...
Subdomain တွေကိုပါ https: နဲ့သုံးချင်ရင် Force Subdomains Too ဆိုတဲ့ Check box ကို အမှန်ခြစ်ခဲ့ပေါ့
ပြန်ဖြုတ်ချင်ရင် Remove Site or Remove All Sites ကိုနှိပ်လိုက်ပေါ့။ ပြီးရင် Close ပေါ့ဗျာ။
ပျော်ရွှင်ပါစေဗျာ။
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment