Samsung Mesmerize ကို Hard Reset လုပ်နည်းများ

အောက်မှာ ရေးပြထားတာကတော့. Samsung Mesmerize ကို factory defaut အတိုင်း ဖြစ်အောင် Reset လုပ်ပုံအဆင့်ဆင့်ပါပဲ...
ပထမဆုံး reset မလုပ်ခင် ပြောချင်တာကတော့...
Reset လုပ်ပြီ ဆိုတာနဲ့ ဖုန်းထဲမှာ ရှိသမျှ Data တွေကို အကုန်ဖျက်ပစ်မှာ ဖြစ်ပါတယ်...
ဒီတော့ Data တွေကို Backup လုပ်ထားဖို့ ပြောချင်ပါတယ်...
ကဲ လာပါပြီ.. Main Home Screen Settings ကနေ Factory Reset လုပ်ပုံက ဒီလိုဗျ
၁။ Main Home Screen ကနေ Menu ကို Select လုပ်ပါ
၂။ Settings ကို Select လုပ်ပါ။ ပြီးရင် Privacy ဆိုတာကို Select လုပ်ပါ
၃။ Factory data reset ကို Select လုပ်ပါ
၄။ Reset phone ကို Select လုပ်ပါ
၅။ Password မေးလာပါမယ်... ရိုက် ထည့်ပေးလိုက်ပါ။ ပြီးရင် Erase everything ကို Select လုပ်ပါ။

ဒါဆို Main Home Screen Settings ကနေ Factory reset လုပ်နည်း ပြီးပြီပေါ့ဗျာ...

နောက်တနည်းက ဖုန်းက ဘာဆိုဘာမှ Respond မလုပ်တော့ပဲ Frozen ဖြစ်နေပြီဆိုပါတော့ဗျာ....
Hard reset လုပ်ဖို့လိုပြီပေါ့ဗျာ

၁။ ဖုန်း ကို Power အရင် ပိတ်လိုက်ပါ
၂။ အပေါ်က ပြောသလို Frozen ဖြစ်နေရင်တော့ Battery ကိုသာ ဆွဲဖြုတ်လိုက်ပါ။ ၅ စက္ကန့်လောက်စောင့်ပါ Battery ပြန်တပ်ပါ
၃။ Volume Down ခလုတ်ကိုနှိပ် ထားပါ
၄။ Power ခလုတ်ကို ဖုန်း Power on လာတဲ့အထိ ဖိနှိပ် ပေးထားပါ
၅။ Fastbook, Recovery, Clear Storage , Simlock ဆိုပြီး ရွေးချယ်စရာ Menu ပေါ်လာပါလိမ့်မယ်..
၆။ Clear Storage ဆိုတာကို Volume Down ခလုတ်လေး နှိပ် ပြီး ရွေးပေးလိုက်ပါ
၇။ Power ခလုတ်ကို နှိပ် ပြီး ပြန်လွှတ်လိုက်ပါ
၈။ ပြီးရင် Yes အတွက် Volume Up ခလုတ်, No အတွက် Volume Down ခလုတ် ကို နှိပ် ပါ

ဒါဆိုရင် ဖုန်းက ရှိသမျှ Data ကို ဖျက်ပါပြီ... ပြီးပြီဆိုရင် သူ့ အလိုလို Reboot လုပ်ပါလိမ့်မယ်. စက္ကန့်အနည်းငယ် ကြာတာနဲ့
ဖုန်း Power ပြန် on လာပါမယ်... ဒီတခါတော့ ဖုန်းက စက်ရုံက ထုတ်လိုက်တုန်းက ပုံစံ အတိုင်း ပြန်ဖြစ်သွားပါပြီ...
ဒီတော့ကာ... ဖုန်းထဲကို အရင် က သွင်းထားတဲ့ Third-party applications software တွေကို ပါ ပြန် install လုပ်ပေးဖို့လိုပါတယ်...

ကဲ ဒီလောက်ဆိုရင် အားလုံး ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်

No comments :

Post a Comment