How to configure Gmail account in Microsoft Outlook 2010?

IT ပိုင်း Service Contract ယူထားတဲ့ Customer Company တခုရဲ့ User တယောက်က ပြောလာပါတယ်။
ူသူ့ Gmail Account ကို Microsoft Outlook ကနေ သုံးလို့ ရနိုင်မလားတဲ့။ ရနိုင်ရင် သူ့အတွက် လုပ်ပေးပါဆိုပြီး တောင်းဆိုလာပါတယ်။
ဒါနဲ့ အောက်ကအဆင့်လေးတွေအတိုင်း လုပ်ပေးလိုက်ပါတယ်။ သင့်အနေနဲ့ သင်ကိုယ်တိုင် ဒီလိုမျိုး Gmail ကို Outlook နဲ့ သုံးချင်လို့ပဲဖြစ်ဖြစ်၊
အခြားသော User တယောက်ယောက်ကို လုပ်ပေးရတာပဲ ဖြစ်ဖြစ် အောက်က အဆင့်လေးတွေအတိုင်း လိုက်လုပ််ပေးလိုက်ရင် အဆင်ပြေစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၁။ ပထမဆုံး Microsoft Outlook ကို ဖွင့်ပါ။
၂။ ပွင့်လာရင် ဘယ်ဖက် အပေါ်ဆုံးထောင့်နားက Office Button ကို Click ပါ။
၃။ Account Settings ဆိုတာကို Info ဆိုတာကို ရွေးလိုက်တာနဲ့ တွေ့ပါမယ်။
၄။ Account Settings ကို Click လိုက်ပါ။ Drop down menu လေးပေါ်လာပါမယ်။ Add Account ကို ရွေးပေးပါ။
၅။ Add New Account ဆိုတဲ့ Windows တခု ပွင့်လာပါမယ်။
၆။ Email Account ကိုရွေးပြီး Your Name, E-mail Address, Password တွေဖြည့်ပေးပါ။ (ဒီနေရာမှာ သင့်ရဲ့ Gmail Account User Name, E-mail Address, Password တွေကို ထည့်ပေးရမှာ ဖြစ်ပါတယ်။)
    ပြီးရင် Next ပေါ့ဗျာ
၇။ Online search for your server settings.... ဆိုပြီး gmail server settings တွေကို Automatically ရှာပါလိမ့်မယ်။
၈။ မိနစ် အနည်းငယ်လောက်စောင့်ပြီးတဲ့အခါ Your IMAP e-mail account is successfully configured. ဆိုပြီးပေါ်လာပါမယ်။ Finish ပေါ့ဗျာ။
    ပြီးပါပြီ။ Microsoft Outlook ဟာ သင့် Gmail ထဲက email တွေကို Download လုပ်ပေးနေပါလိမ့်မယ်။ အားလုံး Download လုပ်ပြီးဖို့ကတော့ သင့် mail box size ပေါ်မှာ မူတည်ပါတယ်။
    အောက်က ပုံလေးတွေကို ကြည့်ပြီး လုပ်မယ်ဆိုရင် လည်း အဆင်ပြေပါတယ်။






ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment