Free Opener, very useful application for IT related persons !



သင့်အနေနဲ့ တကယ့်လုပ်ငန်းခွင်ထဲမှာ... အလုပ်လုပ်ပြီဆိုရင် တခါတရံ သင့်စက်ထဲမှာ မရှိတဲ့ Program မျိုးနဲ့ ဖွင့်ရတဲ့ file တခုခုကို ဖွင့်ရဖို့ ကြုံလာနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ သင်... အဲဒီ file ကိုဖွင့်ဖို့ Program ကို ဝယ်ဖို့ စဉ်းစားမှာလား ???

သေချာပါတယ် သင် မဝယ်ဖူးဆိုတာ...
ဒီတော့ သင်က Free ဖြစ်ရမယ်... file ကိုလဲ ဖွင့်နိုင်တဲ့ Program ကို အသုံးပြုမှာ သေချာပါတယ်။
တကယ်လို့များ သင့်အနေနဲ့ ဒီလို အခြေအနေတွေ ခဏခဏ ကြံုလာပြီဆိုပါစို့... သင် Program တွေ အများကြီး အသုံးပြုရတော့မှာပေါ့။

သင့်စက်ထဲမှာ Program တွေ အများအပြား သွင်းထားရတာ တကယ်တော့ အဆင်မပြေပါဘူး။

ဒီလို အခြေအနေက နေ သက်တောင့်သက်သာ ရှောင်လို့ရတဲ့... Free Opener ဆိုတဲ့ Program လေး တခုနဲ့ သင့်ကို မိတ်ဆက်ပေးချင်ပါတယ်။

" avi, bmp, docx, gif, pdf, mov, pps, xlsx, wmv, ppt, csv, zip, pptx, png, rar, mpeg " အစရှိတဲ့ file တွေ အပါအဝင် file အမျိုးအစား ပေါင်း (၈၀) ကျော်လောက်ကို တခုတည်းနဲ့ ဖွင့်ကြည့်နိုင်တဲ့ Program လေးပါ။

သင့်အတွက် အတော်လေး အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။

စမ်းသပ် အသုံးပြုချင်တယ် ဆိုရင် တော့ ဒီမှာ Download  လုပ်ပါ။

Program အကြောင်းသိချင်တယ်ဆိုရင်တော့ သူ့ရဲ့ Website ကို သွားကြည့်နိုင်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment