မနေ့က ပေါက်ပေါက်ရှာရှာမေးတတ်တဲ့ User တယောက်ကမေးတဲ့ မေးခွန်းလေးပါ။
သူက လက်တွေ့လုပ်ပြပါတယ်။Google Chrome ကို ဖွင့်တယ်။
ပြီးတော့ Task Manager ကို ဖွင့်ပြီး Processes Tab အောက်က chrome.exe တွေကို လက်ညှိုးထိုးပြပါတယ်။
နောက်ဆက်တွဲ Why??? ဆိုတာလေး ပါ ပါလာတာပေါ့။ သူ့ ကွန်ပျူလေးတာ ဒါတွေကြောင့်လား ဆိုပြီးလဲ မေးပါတယ်။

ဒါနဲ့ ကျတော်လဲ ပြုံးပြီး သူ့ကို ရှင်းပြဖို့ ကြိုးစားပါတယ်။
သူဖွင့်ထားတဲ့ Google Chrome ရဲ့ New Tab ဘေးက new tab ဖွင့်တဲ့ နေရာလေးပေါ်မှာ Right Click> Task Manager (shift + esc) လုပ်ပြီး ပေါ်လာတဲ့ Task Manager - Google Chrome Windows လေးကို သူ့ကို ပြလိုက်ပါတယ်။

Google Chrome အတွက် Extension , Plug in တွေ ဘယ် နှစ်ခု run နေတယ် ဘယ်ဟာက Memory နှင့် CPU ကို ဘယ်လာက်သုံးနေလဲ ဆိုတာတွေကို ရှင်းပြလိုက်တော့မှ လက်ခံသွားပါတယ်။

သင်လဲ အခုလို ပေါက်ပေါက်ရှာရှာမေးတတ်တဲ့ User နဲ့တွေ့တဲ့ အခါ ဖြေနိုင်အောင် ပြန်လည် ဝေမျှပေးတာပါ။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
No comments :
Post a Comment