File name is too long to copy ...

File တွေ Folder တွေကို ဟိုပြောင်းဒီရွှေ့ လုပ်ကြတဲ့အခါ...တခါတလေ...“File name too long to copy” ဆိုတဲ့ အမြင်ကပ်စရာကောင်းတဲ့ error မျိုး Windows တွေမှာ တက်လာတာ ကြုံဖူးကြမှာပါ...အဲဒီ error တက်လာတာနဲ့ Copy or Cut လုပ်နေတာကို ရပ်ပစ်လိုက်ရတာပါပဲ။
ခက်တာက လဲ အဲဒီ error ကို ဖြေရှင်းနည်းကို ခုထိ မတွေ့သေးဘူးဗျ။ တိတိကျကျပြောရရင် Direct Fix မရှိသေးဘူးတဲ့။
ဒါ က လည်း ကို်ယ့်ရဲ့ File Path , File name က Windows က သတ်မှတ်ထားတဲ့ Character Limit ကျော်သွားလို့ ပါတဲ့လေ။
ဒီတော့ နောက်ဆို အခုလို ဆတ်တငန့်ငန့် ကြီး မဖြစ်အောင် File Path, File name တွေကို သူသတ်မှတ်ထားတဲ့ အတိုင်း ပဲ ပေးပေါ့ဗျာ။ ကျော်ပြီးမပေးနဲ့ပေါ့။ တကယ်တမ်းကျတော့ သူပြောထားတဲ့ Character Limit ပြည့်ပြီလား သိအောင် လိုက်ရေတွက်ထားဖို့ ဘယ်သူမှ စိတ်ကူးမရှိပါဘူးလေ။ :P
အောက်မှာကတော့ Windows Version နဲ့ Character Limit တွေပါဗျာ။ သိထားတော့လည်း လိုက်ရေတွက်ထားချင်တဲ့စိတ်ကူးများရှိရင် အသုံးချလို့ရတာပေါ့။ :P

Windows Vista / Windows 7 /Windows Server 2008

Path limit is 248 characters.
Path+Filename limit is 260 characters

Windows XP /2003

Path+Filename limit is 255 characters

Windows 2000

Path+Filename limit is 254 Characters

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

1 comment :

  1. Well, you can use Long Path Tool, for such problems, it works good.

    ReplyDelete