Windows 7 တင်ထားတဲ့ ကွန်ပျူတာပေါ်မှာ Ubuntu လေးတင်ပြီး စမ်းကြည့်ပါတယ်။
Windows ပေါ်မှာ install လုပ်ပြီး သုံးရတဲ့ Version လေးဖြစ်လို့ တင်ပြီး စမ်းကြည့်တာပေါ့။
တနေ့ကျတော့ အကြောင်းတခုခုကြောင့် Windows 7 ကို Repair လုပ်လိုက်ရပါတယ်။
ဒီတော့ Ubuntu လေး သုံးမရတော့ပါဘူး။
သုံးလို့တာ မရတော့တာ Starup Boot option လေး မှာ တော့ Ubuntu ဆိုတာလေး က ပေါ်နေသေးတယ်ဗျ။
ဒီတော့ စိတ်အနှောက်အယှက်ဖြစ်ရတာပေါ့။
Uninstall File လေးလိုက်ရှာပြီး uninstall လုပ်တော့လဲ ပျောက်မသွားပါဘူး။
Version တူတာလေး ကို install လုပ်ကြည့်ပါတယ် Overwrite လေးများ လုပ်သွားမလားဆိုပြီးတော့ပေါ့။
Starup Boot မှာ Ubuntu နောက်တခု ထပ်ပေါ်လာတာပဲ အဖတ်တင်ပါတယ်။
ဒါနဲ့ နည်းလမ်းထပ်ရှာရတော့တာပေါ့။
တွေ့ပါပြီ။ အောက်က နည်းအတိုင်း ရှင်းထုတ်လိုက်တာ အဆင်ပြေသွားပါတယ်။
ဒီလိုပါ...
ကောင်းနေတဲ့ Windows 7 နဲ့ Boot တက်လိုက်ပါ။
Windows တက်လာပြီဆိုရင် Start>Accessories>Command Prompt ကိုသွားပါ။
Run As Administrator နဲ့ Run လိုက်ပါ။
ပေါ်လာတဲ့ Command Prompt Windows ထဲမှာ bcdedit /enum ဆိုပြီး ရိုက်လိုက်ပါ။
အောက် က အတိုင်း ပေါ်လာပါမယ်... ( ကိုယ့်စက်ရဲ့ Windows တင်ထားတဲ့ အပေါ်မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။)
C:\Windows\system32>bcdedit /enum
Windows Boot Manager
--------------------
identifier {bootmgr}
device partition=C:
description Windows Boot Manager
locale en-US
inherit {globalsettings}
default {current}
resumeobject {883ec0be-ed32-11e0-935d-cd1402c0b74b}
displayorder {current}
{883ec0bb-ed32-11e0-935d-cd1402c0b74b}
toolsdisplayorder {memdiag}
timeout 10
Windows Boot Loader
-------------------
identifier {current}
device partition=C:
path \Windows\system32\winload.exe
description Windows 7
locale en-US
inherit {bootloadersettings}
recoverysequence {883ec0c0-ed32-11e0-935d-cd1402c0b74b}
recoveryenabled Yes
osdevice partition=C:
systemroot \Windows
resumeobject {883ec0be-ed32-11e0-935d-cd1402c0b74b}
nx OptIn
Real-mode Boot Sector
---------------------
identifier {883ec0bb-ed32-11e0-935d-cd1402c0b74b}
device unknown
path \ubuntu\winboot\wubildr.mbr
description Ubuntu
Ubuntu ဆိုတာ ပါလာတဲ့ Real-mode Boot Sector အောက်က identifier လေးကို မှတ်ထားလိုက်ပါတယ်။ (ဒီနေရာမှာ သင် ဖျက်ချင်တဲ့ Windows ရဲ့ identifier လေးကို မှတ်ရမှာပါ။)
ပြီးတော့
C:\Windows\system32>bcdedit /delete {883ec0bb-ed32-11e0-935d-cd1402c0b74b} ဆိုပြီး Command Prompt ထဲမှာ ရိုက်ထည့်လိုက်ပါတယ်။
C:\Windows\system32>bcdedit /delete {883ec0bb-ed32-11e0-935d-cd1402c0b74b}
The operation completed successfully. ဆိုပြီး ပေါ်လာရင် Ubuntu ဆိုတာကြီး Starup Boot Option မှာ ပေါ်လာတော့မှာ မဟုတ်ပါဘူး။
ကဲ...ဘယ်လောက်လွယ်သလဲဗျာ။
မသိတော့လဲ ခက်တာပေါ့... သိတော့လဲ လွယ်သွားတာပါပဲ။
ဒီနည်းလေးက Ubuntu မဟုတ်တဲ့ တခြား Windows Boot Loader လေးကို ဖျက်ချင်ရင်လဲ သုံးလို့ရပါတယ်။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
No comments :
Post a Comment