VLAN Trunking Protocol (VTP) - (၂)

VTP Modes
VTP management domain တခုထဲမှာ ပါဝင်ဖို့ အတွက် switch တလုံးစီတိုင်းဟာ
- Server mode
- Client mode
- Transparent mode ဆိုတဲ့ mode သုံးမျိုးထဲက တမျိုးမျိုးနဲ့ အလုပ်လုပ်နိုင်အောင် configure လုပ်ထားရပါမယ်။

Server Mode
Server mode က default mode ပါ။ ဒီ mode မှာ VTP server တွေဟာ သူတို့ ရဲ့ domain တွေမှာ VLAN creation နှင့် modification လုပ်ခြင်းတွေကို full control လုပ်နိုင်ပါတယ်။
Domain ထဲမှာ ရှိသမျှ switch တွေအားလုံးကို VTP information တွေကို advertise လုပ်တယ်။ အဲ့လိုလုပ်တာနဲ့ ရလာတဲ့ VTP information တွေကို တခြားသော domain ထဲက switch တွေက သူတို့ အချင်းချင်း synchronize လုပ်ပေးပါတယ်။
Management domain တခုအတွင်းမှာ တခြား Server တွေ client switch တွေ အသုံးပြုထားပေမယ့် လဲ  မည်သည့် switch ကိုမဆို server mode အနေဖြင့် အသုံးပြုနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ default mode ဖြစ်နေလို့ပါပဲ။

Client Mode
Client mode ဟာ passive listening mode လဲ ဖြစ်ပါတယ်။ Switch တွေဟာ တခြား switch တွေဆီကနေ VTP advertisement များကို listen လုပ်ပြီး သူတို့ရဲ့ VLAN configuration တွေကို ပြန်လည် modify လုပ်ပါတယ်။
Network Administrator တွေဟာ ဒီနည်းလမ်းနဲ့ VLAN များ create လုပ်ခြင်း၊ change လုပ်ခြင်း နှင့် delete လုပ်ခြင်းများကို ခွင့်မပြုပါဘူး။
Management domain ထဲမှာရှိတဲ့ switch အသစ် တလုံးကို client mode operation အဖြစ်နဲ့ပဲ configure လုပ်သင့်ပါတယ်။
ဒီနည်းလမ်းနဲ့  switch တွေဟာ ရှိပြီးသား VTP information တွေကို server ဆီကနေ learn လုပ်ပါတယ်။
တကယ်လို့ ၄င်း swith ဟာ redundant server အနေနဲ့ အသုံးပြထားတယ်ဆိုရင် သူဟာ client mode အနေနဲ့ VTP information တွေကို reilable ဖြစ်တဲ့ source တွေကနေ learn စတင် လုပ်ယူပါတယ်။
အကယ်၍ ၄င်း switch ကိုပဲ server mode အနေနဲ့ initial configure လုပ်မိမယ်ဆိုရင်တော့ သူဟာ တခြား domain switch တွေဆီကို incorrect information တွေ ပဲ ပို့ပေးပါလိမ့်မယ်။
Switch ဟာ လက်ရှိ VTP information ကို learn တကြိမ်လုပ်ပြီးတာနဲ့ သူ့ကို server mode အဖြစ် ပြန်လည် configure လုပ်နိုင်ပါပြီ။ ပထမဆုံး အနေနဲ့ကတော့ client mode အနေနဲ့ စတင်သင့်ပါတယ်။ သို့မဟုတ် redundant server အနေနဲ့ စတင်သင့်ပါတယ်။

Transparent Mode
Transparent mode ဟာ switch ကို VTP negotiation တွေမှာ ပါဝင်ပတ်သက်ခွင့် မပေးပါဘူး။
ဒီနည်းလမ်းနဲ့ switch တလုံးဟာ သူ့ရဲ့ ကိုယ်ပိုင် VLAN configuration ကို advertise မလုပ်ပါဘူး။ ပြီးတော့ switch တလုံးဟာ သူ လက်ခံရရှိတဲ့ advertisement တွေနဲ့ သူ့ရဲ့ VLAN database နဲ့ synchronize မလုပ်ပါဘူး။
VLAN ကိုတော့ create, delete နှင့် rename လုပ်တာတွေကိုတော့ transparent switch တွေမှာ လုပ်နိုင်နေပါသေးတယ်။
သို့ပေမယ့် ၄င်း switch တွေဟာ neighboring switch တွေဆီကိုတော့ advertise မလုပ်ပါဘူး။
Transparent switch တလုံးဟာ သူလက်ခံရရှိတဲ့ VTP advertisement တွေကိုတော့ Trunk link များပေါ်ကနေ တခြား switch တွေဆီသို့ forward လုပ်ပေးပါတယ်။

ဆက်ပါအုံးမယ်...


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)



 

No comments :

Post a Comment