WSUS Offline Update downloader for IT Professionals




ကျတော် အလုပ်များနေလို့ Post အသစ်မတင်နိုင်တာ တော်တော်လေးကြာသွားပါတယ်။

ဒီနေ့တော့ အမှန်တကယ် လိုအပ်ပြီး အသုံးတည့်တဲ့ Tool လေးတခု ဝေမျှချင်ပါတယ်။

တခြားတော့မဟုတ်ပါဘူး။ System ပိုင်း Network ပိုင်း အစရှိသည်ဖြင့် အလုပ်လုပ်နေရတဲ့ IT သမားတိုင်း Windows နဲ့ ကင်းလို့မရပါဘူး။

ဒီတော့ Windows နဲ့ သူ့ရဲ့ Office Application တွေအတွက် Update တွေ အမြဲ Patch လုပ်ပေးဖို့လိုပါတယ်။

ဒီအတွက် Auto Download နဲ့ အဆင်ပြေတယ်ဆိုပေမယ့် မကောင်းတဲ့ အချက်တွေလဲ အများကြီးရှိပါတယ်။

Bandwidth အလွန်အကျွံသုံးစွဲရခြင်း၊ Old Version များ အတွက် တကူးတက အချိန်ပေး၍ Patch လုပ်ရခြင်း စတာတွေ ပေါ့ဗျာ။

ဒီအတွက် တချို့ကလဲ Update အတွက် သီးသန့် Server ထားသုံးလေ့ရှိပါတယ်။

သီးသန့် Server မရှိတဲ့ IT သမားများအတွက် WSUS Offline Update Downloader Tool လေး မိတ်ဆက်ပေးချင်ပါတယ်။

Microsoft Windows Operating System တွေနဲ့ Office Application တွေအတွက် သူက Download လုပ်ပေးနိုင်ပါတယ်။

အကောင်းဆုံးကတော့ Windows XP လို OS အတွက် လိုအပ်တဲ့ Patch အားလုံးကို download လုပ်ထားနိုင်တာပါ။

XP Supporting ကို 8th April 2014 မှာ Microsoft က ရပ်တော့မယ်ဆိုတဲ့အတွက် ဒါလေးနဲ့ အကုန် download လုပ်ထားဖို့လိုအပ်ပါတယ်။

တချို့နေရာတွေမှာ XP ကို သုံးဖို့လိုအပ်နေအုံးမှာပါ။

ကဲပြောနေတာကြာပါတယ်။ အောက်က လင့်လေးမှာ download လုပ်နိုင်ပါတယ်။

မူရင်းဆိုဒ်မှ လင့် - http://download.wsusoffline.net/

Dropbox မှ လင့် - https://dl.dropboxusercontent.com/u/19356519/wsusoffline85.zip

သူနဲ့ Download လုပ်နိုင်တာတွေကတော့ အောက်ပါအတိုင်းပါတဲ့ဗျာ။

Microsoft Windows Operating System

Windows Server 2003

Windows XP

Windows Vista

Windows Server 2008
Windows Server 2008 R2

Windows 7

Windows 8

Windows Server 2012


Microsoft Office

Office 2003

Office 2007

Office 2010


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to solve Windows 7 Libraries folder keeps opening or popping up at startup?

Windows 7 ကို အကြောင်းအမျိုးမျိုးကြောင့် Repair လုပ်မရတဲ့အခါ Upgrade option နဲ့ Repair လုပ်ကြရပါတယ်။

အဲလိုလုပ်တဲ့အခါမှာ အဖြစ်များလေ့ရှိတတ်တာကတော့ Windows Explorer က Libraries Folder ကို Computer စဖွင့်ပြီး Login ဝင်တာနဲ့ Startup မှာ ပေါ်ပေါ်လာတာပါပဲ။

Microsoft Baseline Security Analyzer Tool for IT Professionals


ခုမှစပြီး IT လုပ်ငန်းခွင်ထဲ ဝင်မယ့်သူတွေအတွက် အသုံးတည့်တဲ့ Tool လေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Microsoft Baseline Security Analyzer (MBSA) ပါပဲ။

System တခုချင်းစီကိုပဲဖြစ်ဖြစ် Multiple System တွေကိုပဲဖြစ်ဖြစ် ဒီ Tool လေးနဲ့ ...

- Security Updates
- Administrative Vulnerabilities
- Weak passwords
- IIS administrative vulnerabilities
- SQL administrative vulnerabilities

How to update to iOS7 without UDID registration on iPhone?

ဒီနေ့တော့ iOS7 ကို UDID registration လုပ်စရာမလိုပဲ update လုပ်ပုံလေး ဝေမျှချင်ပါတယ်။

တခုတော့ သတိပေးထားချင်ပါတယ်။ ယခုဖော်ပြထားတဲ့ နည်းကိုစမ်းသပ်နေရင်းကနေ သင့် iPhone ပျက်သွားနိုင်ပါတယ်။သင့် Data တွေ ပျက်သွားနိုင်ပါတယ်။ ဒီတော့ သတိထားပြီး စမ်းဖို့ သတိပေးပါရစေ။


update မလုပ်ခင်လိုအပ်ချက်တွေကတော့

iOS 7 Beta 1 and Beta 2 Download Links for iDevices

အောက်ကလင့်လေးမှာ iOS 7 Beta version 1 & 2 ရတယ်တဲ့ဗျို့။
တိုက်ရိုက်လင့်တော့ မဟုတ်ပါ။ အောက်ကလင့်ကနေ ထပ်ပြီး Mirror လင့်ကို သွားရပါတယ်။

http://www.iosday.com/ios-7-beta-download/

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to prevent "%Error opening tftp://255.255.255.255/..." Error Message in Cisco Router?


Cisco Router တစ်လုံး Configure လုပ်နေရင်း အကြောင်းတခုခုကြောင့် Save လုပ်ထားတဲ့ Configuration ကို Erase လုပ်ရပြီဆိုပါတော့...

WAN Link, LAN Link တွေ လဲ Connected လုပ်ထားပြီးပြီဆိုပါစို့...

သေချာပါတယ် အောက်က Error မျိုး ဆက်တိုက်ပေါ်နေတော့တာပါပဲ။

Router#
%Error opening tftp://255.255.255.255/cisconet.cfg (Timed out)
%Error opening tftp://255.255.255.255/router-confg (Timed out)

How to display and Export information about office 365 users in office 365 by using powershell?


Office 365 administrator တယောက်အနေနဲ့ တချို့ information တွေကို ကြည့်ချင်တဲ့အခါ web portal ကနေ ကြည့်ရတာ အဆင်မပြေပါဘူး။

ဒီတော့ powershell ကိုပဲ သုံးကြည့်ရတာပါပဲ။

အောက်မှာတော့ ကျတော် လေ့လာပြီးသလောက် user list, license list, mailbox list စတဲ့ powershell command တွေ စုပေးထားပါတယ်။

Adding a Disclaimer to email messages in Office 365

"The information of this e-mail is strictly confidential and...."
"This email and all contents are privileged..." အစရှိသည်ဖြင့် တချို့ အီးမေးလ်တွေ ကို သင်လက်ခံရရှိတဲ့အခါ မြင်ဖူးပါလိမ့်မယ်။

သင့် ရဲ့ Company က Office 365 ကိုသုံးတယ်... ဝန်ထမ်းအားလုံးရဲ့ အီးမေးလ် စာသား အောက်နားမှာ Company အနေနဲ့ ဒီအီးမေးလ်ကို ဘယ်လိုဥပဒေမျိုးတွေနဲ့ အကာအကွယ်ယူထားတယ်။
သင့်ဆီကိုမှားပို့မိရင် ပြန်လည်မဖြန့်ဝေဖို့ ချက်ချင်းဖျက်ပစ်ဖို့ စသည်ဖြင့် ဘာဘာညာညာ လေး ထည့်ချင်တယ်ဆိုပါစို့...

Exchange Online ကနေ Setup လုပ်ကြည့်ရအောင်။

How to setup automap feature in Shared Mailbox for group of user in Office 365?

ပုံမှန်အားဖြင့် User အရေအတွက် အနည်းငယ်ကို Shared Mailbox Full Access ပေးသုံးတဲ့အခါ သင့်အနေနဲ့ Shared Mailbox ကို Permission Granted ရထားတဲ့ User တွေရဲ့ Outlook နဲ့ automap လုပ်မထားဘူးဆိုရင် သူတို့ရဲ့ Outlook Client မှာ Mailbox ကို Manual သွား Add ပေးရပါလိမ့်မယ်။

User အရေအတွက် အနည်းငယ်ဆိုရင် ပြဿနာမရှိပေမယ့်...အရေအတွက် များပြားရင်တော့ ဒီနည်းလမ်းက သိပ်အဆင်မပြေပါဘူး။

ဒီတော့ စပြီး Permission assign လုပ်ကတည်းက Powershell သုံးပြီး Automap feature ထည့်ပေးမယ်ဆိုရင် တော့ User တယောက်ချင်းစီကို Manual လိုက် Add လုပ်စရာမလိုတော့ဘူးပေါ့။

ဒီလိုလုပ်ဖို့အတွက် အောက်မှာ ပြထားတဲ့ Powershell Syntax တွေကို အသုံးပြုပါမယ်။

How to permanently delete user account from deleted users without waiting 30 days in Office 365?

Office 365 မှာ ပုံမှန်အားဖြင့် Delete လုပ်လိုက်တဲ့ User Account ဟာ Deleted Users ဆိုတဲ့ List မှာ ရှိနေပါသေးတယ်။
Restore ပြန်လုပ်လို့ရအောင်ပေါ့။ ဒါပေမယ့် တခါတလေမှာ Account Creation လုပ်တုန်းမှားသွားလို့ ဖျက်ပြီး ပြန်အသစ်လုပ်တဲ့အခါ Display Name လိုဟာမျိုး တူနေရင် အသစ်လုပ်မရပါဘူး။
ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေက ဒီလိုတွေဗျ
- " Unable to restore user from a deleted state because of following error(s):  Value 'user@yourdomain.com' for property 'UserPrincipalName' conflicts with another object in the directory. Value ‘user@yourdomain.com’ for property 'ProxyAddress' conflicts with another object in the directory." ဆိုတာမျိုးတွေ DirSync Report မှာ ပေါ်လာတတ်တယ်။
- User က https://login.microsoftonline.com ကိုဝင်ပြီး Web Apps ကို သုံးရတယ်။ ဒါပေမယ့် Desktop and Mobile တွေမှာ သုံးမရဘူး။
- Global Address List ထဲမှာ Multiple User တွေဖြစ်နေမယ်။
- Lync Online မှာ Same User (Multiple User) တွေ ပေါ်နေမယ်။

Save Myanmar People in Malaysia !!!


Many innocent Myanmar People was killed in Malaysia.
It's happening day by day and the rest of Myanmar people are facing with fear.

Save Myanmar People in Malaysia !!!
Save Myanmar People in Malaysia !!!
Save Myanmar People in Malaysia !!!

How to configure Dynamic DNS in Cisco Routers?



ကျတော် Cisco Router တွေ Installation and Configuration လုပ်ပေးရတဲ့ အခါ Dynamic DNS Setting တွေ ပါလာခဲ့ရင် အစပိုင်းတုန်းက တော်တော်လေးခေါင်းကိုက်ခဲပါတယ်။

ဘယ်လိုလုပ်ရမယ်ဆိုတာ သေချာမသိလို့ပါ။

ဒီတော့ ကိုယ့်လို တခြားသူတွေ ခေါင်းမကိုက်စေချင်လို့ အဆင်ပြေတဲ့ နည်းလမ်းလေး ပြန်လည်ဝေမျှချင်ပါတယ်။

ကဲ...စလိုက်ရအောင်...

How to configure Lotus Notes Launcher on Android Devices?


သင့် Company Domino Server က သင့် Android Device ကို Auto Detect မလုပ်နိုင်တဲ့အခါ သင့်အနေနဲ့ Lotus Notes Traveler ကို Install လုပ်ဖို့ အခက်ကြုံနိုင်ပါတယ်။
ဒါနဲ့ပဲ သင့်အတွက်အရေးကြီးတဲ့ email ကို Mobile Device တွေကနေ ဖတ်လို့မရနိုင်တော့ဘူးလို့ သင်ထင်ပါသလား။
မဟုတ်ပါဘူး...တကယ်က ဒီလိုအခက်အခဲအတွက်...Lotus Notes Launcher ဆိုတဲ့ Android Application ရှိပါတယ်။
ဒါလေးကို ဘယ်လို Configure လုပ်လဲဆိုတာ ပြောပြပါမယ်။

How to recovery/reset cisco routers password?


Customer ရဲ့ Router ကို အသစ်လဲပေးဖို့ အခြေအနေမျိုးမှာ Current Router ရဲ့ Configuration တွေကို အရင်စစ်ရပါတယ်။
တခါတလေမှာ Customer ကိုယ်တိုင်က Router Password မေ့သွားတာမျိုး ကြုံရလေ့ရှိပါတယ်။
ဒီလိုအခြေအနေမှာ သင့်အနေနဲ့ Password ကို Recovery/Reset လုပ်ဖို့လိုပါတယ်။ ဒါမှသာ Current Configuration ကို ဝင်စစ်ပြီး Router အသစ်မှာ Configure လုပ်နိုင်မှာဖြစ်ပါတယ်။
ကဲ...Recovery လုပ်ကြရအောင်ဗျာ...

How to revoke recipient permission from shared mailbox in offic 365?

ဒီနေ့တော့ Shared Mailbox ကို Full Access and Send As permission ရထားတဲ့ recipient ကို permission revoke ပြန်လုပ်ပုံလေး ဝေမျှချင်ပါတယ်။

Powershell Syntax ကတော့ ဒီလိုပါ။

Revoke Full Access permissions for Shared Mailbox
Remove-MailboxPermission <Shared Mailbox Name or Full e-mail address> -User -AccessRights FullAccess

Revoke Send As permissions for Shared Mailbox
Remove-RecipientPermission -AccessRights SendAs -Trustee  

အောက်မှာ ဥပမာလေးနဲ့ ပြထားပါတယ်။
helpdesk@ictformyanmar.com ဟာ technical-support@ictformyanmar.com ရဲ့ Mail Box ကို Full and Send As permission ရထားပါတယ်။
အဲဒီ permission ၂ ခုကို ကျတော် ပြန် revoke လုပ်ချင်ပါတယ်။
Permission Revoke မလုပ်ခင် ရထားတဲ့ Permission တွေကို သေချာအောင် အရင် ပြန်စစ်ပါမယ်။
အောက်က Powershell Command လေးတွေနဲ့ စစ်ပါတယ်။

How to convert user mailbox into shared mailbox in office 365?

ရိုးရိုး mailbox ကနေ shared mailbox ကို မပြောင်းခင်မှာ shared mailbox အကြောင်း နဲနဲပြောချင်ပါတယ်။

Shared Mailbox ဆိုတာ multiple user တွေ ကနေပြီး email တွေကို ဖတ်နိုင် ပို့နိုင်တဲ့ mailbox တမျိုးပါ။
Shared Mailbox က user အစုလိုက်ကိုလဲ email တွေ ကို common mailbox အနေနဲ့ ဖတ်နိုင် ပို့နိုင်အောင် ခွင့်ပြုပေးပါတယ်။
Common Calendar အနေနဲ့ လဲ အသုံးပြုနိုင်ပါတယ်။

How to create Digital Signature by using Adobe Reader and webcam?


ဒီနေ့တော့ Adobe Reader နဲ့ Digital Signature လုပ်နည်းလေး ဝေမျှချင်ပါတယ်။

သိတဲ့အတိုင်း ယနေ့ခေတ်က Electronics Document တွေနဲ့ အလုပ်လုပ်ကြတဲ့အခါ Signature ကလဲ Electronics Signature ဖြစ်တော့ပိုကောင်းတာပေါ့ဗျာ။

သင့်အနေနဲ့ Electronics Document တခုကို Sign ထိုးဖို့လိုလာပြီဆိုပါတော့...Print ထုတ်မယ် Sign ထိုးမယ် ပြီးရင် Sign ထိုးထားတဲ့ Copy ကို Scan ဖတ်ပြီး Softcopy ပြန်ပြောင်းမယ်။

ကဲ...ဘယ်လောက်အလုပ်များလိုက်သလဲဗျာ။

အခုတော့ ဒါတွေကို အေးဆေးကျော်လွှားကြည့်ရအောင်။

တခုတော့ရှိပါတယ်။ ဒီနည်းလမ်းက pdf format document တွေအတွက်ပဲ အဆင်ပြေပါတယ်။

How to create Shared Mailboxes with GUI-based Tool in Exchange Online for Office 365?


Office 365 ရဲ့ Exchange Online မှာ Shared Mailbox create လုပ်တဲ့ အခါ Powershell Script တွေ မသုံးချင်တဲ့သူတွေအတွက် GUI application လေးသုံးပုံ ဝေမျှချင်ပါတယ်။

Powershell Script ကိုတော့ အပြည့်အဝ ရှောင်လို့မရပါဘူး။

ဒါပေမယ့် Mailbox create လုပ်တာရယ်။ Permission ပေးတာရယ်လောက်ကိုတော့ GUI နဲ့ လုပ်လို့ရတာပေါ့ဗျာ။

ကဲ...စလိုက်ရအောင်။

How to reset a lost password on a Fortigate unit?


Fortigate Administrator Password မေ့သွားတဲ့အခါ Reset လုပ်ပုံလေး ဝေမျှချင်ပါတယ်။

၁) Console cable ကို Fortigate Unit နှင့် Computer မှာ ချိတ်ဆက်ပါ။

၂) Putty or Hyperterminal လို Terminal Emulator တခုခု ကို Computer မှာ Run ထားပါ။

၃) Fortigate Unit ကို Reboot လုပ်ပါ။ Login Prompt ပေါ်လာရင် username နေရာမှာ "maintainer" လို့ရိုက်ထည့်ပြီး password နေရာမှာ "bcpb+Fortigate Unit Serial Number" ကို ရိုက်ထည့်ပါ။
  (ဥပမာ - bcpbFGT60C3G10014505)
  ဒီအဆင့်မှာ သင့်အနေနဲ့  ၁၄ စက္ကန့် ပဲ အချိန်ရတဲ့အတွက် bcpd နဲ့ စတဲ့ Fortigate Serial Number ကို Notepad လို Text Editor မှာ ကြိုတင်ရေးထားပြီး Copy & Paste လုပ်ဖို့ အကြံပေးလိုပါတယ်။

၄) အဆင့် ၃ ပြီးပြီဆိုရင် သင့် Admin password ကို Command Windows ထဲမှာ အောက်ပါ အတိုင်း ရိုက်ပြီး ပြောင်းနိုင်ပါပြီ။

 " config system admin
      edit %user%
      set password %password%
      end "

%user% နေရာမှာ Administrator ရဲ့ username ထည့်ပါ။
%password% နေရာမှာ မိမိ ပြောင်းချင်တဲ့ password ထည့်ပါ။

ကဲ...Fortigate Unite Administrator Password Reset လုပ်ခြင်း ပြီးပါပြီ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable pass it on then)

How to extend your Windows trial period?


IT သမားတယောက်အနေနဲ့ အသစ်ထွက်လာတဲ့ Windows တိုင်းကို Virtual Machine ပေါ်မှာ တင်ပြီး စမ်းကြည့်ကြရပါတယ်။

ဒီလိုစမ်းသပ်ဖို့ အတွက် Trial Version တွေသုံးတဲ့အခါ ရက်အကန့်အသတ် တခုထိပဲသုံးခွင့်ရှိပါတယ်။

အများအားဖြင့် System အသစ်တခုကို သေချာလေ့လာဖို့အတွက် Trial Period က လုံလောက်မှုမရှိပါဘူး။

ဒီတော့ Trial Period ကို Extend လုပ်ပုံလေး ဝေမျှချင်ပါတယ်။

ကျတော်ကတော့ ဒီမှာ Windows Server 2012 နဲ့ လုပ်ပြထားပါတယ်။

ပထမဆုံး Windows ရဲ့ Command Prompt ကို Run as Administrator နဲ့ Run ပါ။

Command Prompt Windows ထဲမှာ

 slmgr.vbs -dli  or slmgr /dli  ( လက်ရှိ License Information ကို စစ်ဆေးရန်)
slmgr.vbs  -dlv or slmgr /dlv (လက်ရှိ License Information ကို detail စစ်ဆေးရန်)
slmgr.vbs -rearm or slmgr /rearm (Windows License ကို re-activate လုပ်ရန်)


အပေါ်က command ၃ ကြောင်း run ပြီးလျှင် Windows ကို Restart လုပ်ပြီး Re-activate ပြန်လုပ်ပါ။

တချို့ Windows တွေမှာ Activation Key ထည့်စရာမလိုတဲ့အတွက် Trial period extend လုပ်ပြီးသားဖြစ်နေပါလိမ့်မယ်။

တခုတော့ ရှိပါတယ် ... Trial Period မကျော်ခင် Extend လုပ်ဖို့လိုပါတယ်။






ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

What will you do if your Outlook not sync with your Google Apps after turn on 2-step verification?



ဒီနေ့ ကြုံရတာလေးပါ။

Google Apps နဲ့ Outlook ချိတ်သုံးတဲ့ Customer Company က user တယောက်ရဲ့ Outlook မှာ email အဝင် အထွက် မရတော့လို့ သွားကြည့်ပေးရပါတယ်။

Outlook ကို ဖွင့်လိုက်တာနဲ့ POP/SMTP Server login page ပေါ်ပြီး password ထည့်ခိုင်းတာ ပဲ ပေါ်ပေါ်လာပါတယ်။

User ပေးတဲ့ password ကို ထည့်တော့လဲ မရပါဘူး။

ဒါနဲ့ သေချာအောင် user ကို မေးတော့မှ အရင်အပတ်က သူ့ Google Apps ကနေ Google Mail ကို 2-step verification ပြောင်းလိုက်တယ်ဆိုတာ ကို ပြောပြပါတယ်။

ဒီတော့မှ အဖြေရှင်းပါတော့တယ်...

2-step verification ပြောင်းလိုက်တာနဲ့ Outlook က အလုပ်မလုပ်တော့ပါဘူး...

ဘာလို့လဲ ဆိုတော့ သူ့ Outlook မှာ သုံးထားတာက ပထမအဆင့် password ဖြစ်နေလို့ပါ။

ဒီတော့...ဒုတိယအဆင့် password မရှိပဲ Outlook က သုံးမရပါဘူး။

ဒုတိယ အဆင့် password ကို Google Mail ကနေ Generate လုပ်ပြီးမှ ရလာတဲ့ Password ကို Outlook မှာ ပြန် update လုပ်ရပါတယ်။

ဒါမှသာ Outlook သုံးလို့ရမှာပါ။

ဒုတိယ အဆင့် password ကို အောက်ပါ နည်းအတိုင်း Generate လုပ်နိုင်ပါတယ်။

အောက်ပါ လင့်ကို သွားပါ။

https://www.google.com/accounts/IssuedAuthSubTokens

username , password ထည့်ပြီး login ဝင်ပါ။

အောက်ပါ ပုံအတိုင်း page ပေါ်လာရင်



Generate Password ကို နှိပ်ပါ။ ပေါ်လာတဲ့ password ကို ကူးပြီး Outlook မှာ update လုပ်ပါ။

ဒါဆို Outlook ပြန်သုံးလို့ရပါပြီ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Cisco IOS images for GNS3 Simulator


Cisco နဲ့ ပတ်သက်ပြီး မလုပ်ဖြစ်တော့တာကြာနေပြီဖြစ်တဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီး Refresh လုပ်မယ်ကြံစည်ပြီး GNS3 ကို Install လုပ်... IOS တွေလိုလာတော့မှပဲ နည်းနည်းပြန်ရှာရတယ်။

တွေ့ပြီဆိုတော့ ကိုယ့်လိုပဲ လိုမယ့်သူတွေ ရှိရင် အလွယ်တကူ ရပါစေဆိုပြီး တင်ပေးလိုက်ပါတယ်။

FTP နဲ့ မို့လို့... ဖြစ်နိုင်မယ်ဆိုရင် Filezilla လို Software မျိုးနဲ့ သုံးပြီး Download လုပ်တာ ပိုအဆင်ပြေပါတယ်။

Anonymous access နဲ့ရပါတယ်။

Directory တခုလုံး Download လုပ်နိုင်ရင် ပိုအဆင်ပြေတာပေါ့ဗျာ။

ကဲကဲ...ပြောနေကြာပါတယ်...အောက်က လင့်မှာ သွား ယူပေတော့ဗျာ။

ftp://ftp.unikon-ua.net/pub/Cisco/IOS/

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to solve if your Sophos Enterprise Console is not updated?


How to solve if your Sophos Enterprise Console is not updated?

သင့်ရဲ့ Sophos Enterprise Console က updated မဖြစ်တော့ဘူးဆိုတာကို သတိထားမိတဲ့အခါ သင်ဘယ်လိုဖြေရှင်းမလဲ...

လွယ်ပါတယ်... အောက်က အတိုင်းလုပ်ကြည့်ပါ။

ပထမဆုံး ... Sophos Update SourceURL တွေ အလုပ်လုပ်မလုပ် စစ်ပါ။

Update Managers မှာ သွားပြီး Source နေရာမှာ Username , Password တွေ မှန်မမှန် စစ်ပါ။ မှန်တယ် ဆိုရင် အောက်က အဆင့်ကို ဆက်သွားပါ။

dci.sophosupd.com
d1.sophosupd.com
d2.sophosupd.com

ဒီ URL သုံးခုကို Browser မှာ ရိုက်ထည့်ပြီး ပေါ်တာတဲ့ Page ကို စစ်ပါ။
"it works - authed" or "it works"  ဆိုတာ သင်မြင်ရရင် Sophos Update Source တွေနဲ့ သင့် Network နဲ့ ချိတ်ဆက်ထားမှု မှာ ပြဿနာမရှိပါဘူး။

ဒါဆို သင့် SEC မှာ ပြဿနာ တက်နေတာပါ။

၁) SEC ကို ပိတ်လိုက်ပါ။
၂) Start | Run | type: services.msc ဆိုပြီး Service ကိုသွားပါ။
၃) Sophos services တွေဆီ ရောက်တဲ့အထိ Scroll Down လုပ်ပါ။
၄) အောက်ပါ Service တွေကို အစီအစဉ်အတိုင်း Stop ပါ။
Sophos Message Router
Sophos Agent
Sophos Update Manager
Sophos Management service (ဒီ Service က တချို့ SEC Version တွေမှာ မပါပါဘူး)
၅) 'SophosUpdateMgr.exe' အလုပ်မလုပ်တာ သေချာအောင် စစ်ပါ။

၆) ပြီးပြီဆိုရင် အောက်က Path ကို ရောက်အောင် သွားပါ။

- XP/2003: C:\Documents and Settings\All Users\Application Data\Sophos\Update Manager\Update Manager
- Windows 7/2008: C:\ProgramData\Sophos\Update Manager\Update Manager

Warehouse နှင့် CIDS ဆိုတဲ့ Folder ၂ ခုတွေ့ပါမယ်။

၄င်း Folder ၂ ခုကို Warehosue.old , CIDS.old ဆိုပြီး နာမည်ပြောင်းပါ။ နာမည် တူ Folder အသစ် ၂ ခု ပြန် Create လုပ်ပါ။

၇) အောက်ပါ Service တွေကို အစီအစဉ်အတိုင်း Start ပြန်လုပ်ပါ။
Sophos Message Router
Sophos Agent
Sophos Update Manager
Sophos Management service (ဒီ Service က တချို့ SEC Version တွေမှာ မပါပါဘူး)

၈) SEC ကိုဖွင့်ပြီး parent update manager ပေါ်မှာ right click လုပ်ပါ။ Update Now ကို Select လုပ်ပါ။

9) Parent Update Manager Update ဖြစ်တာနဲ့ Child Update Manager ပေါ်မှာ Right Click လုပ်ပြီး Update Now လုပ်ပါ။

မိနစ် ၃၀ ခန့်စောင့်ပါ။ Warehouse , CIDS Folder အသစ်တွေထဲမှာ file တွေ တခုချင်း ဝင်လာတာကို သင်တွေ့ပါမယ်။

မိနစ် ၃၀... ၄၅ မိနစ်ခန့် စောင့်ပြီးတဲ့အခါ သင့် SEC Update ဖြစ်နေတာကို တွေ့ပါမယ်။

သင့်အနေနဲ့ ပိုမိုစိတ်ချစေချင်ရင်တော့ Warehouse.old , CIDS.old ထဲက File တွေကို Copy လုပ်ပြီး Warehouse, CIDS Folder တွေထဲ ပြန်ကူးထည့်ပါ။

သင့် SEC Update ဖြစ်သွားပါပြီ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)











ချစ်သော အမေ..


အိမ်ရှင်မကောင်းတစ်ယောက်...အကြံပေးကောင်းတစ်ယောက်...သူနာပြုကောင်းတစ်ယောက်...စားဖိုးမှုးကောင်းတစ်ယောက်...ဆရာမကောင်းတစ်ယောက်...

ဒီ 5 in 1 အမျိုးသမီး က တော့ ကျတော့် အမေ ပါပဲ။

သူမဟာ...ပညာတတ်တစ်ယောက်မဟုတ်ခဲ့ပါဘူး...ဒါပေမယ့် သူ့ ဘဝတခုလုံးကို ရင်းပြီး ကျတော့်ကိုတော့ သူမ မဖြစ်ခဲ့တဲ့ ပညာတတ်တစ်ယောက် ဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။

သူမရဲ့ ဘဝတစ်ခုလုံးကို သူမရဲ့ မိသားစုအတွက် မြုပ်နှံ့ထားသူပါ။

အိမ်အကူ တစ်ယောက်မှ မပါပဲ အိမ်အလုပ်တွေကို ဦးဆောင်နိုင်သူပါ။

တစ်နေ့လုံး အလုပ်နဲ့ လက်နဲ့ မပြတ်နေတတ်တဲ့ သူပါ။

အမကြီး၊ အကိုကြီးနဲ့ ကျတော့် ကို ခုချိန်ထိ ကလေးတယောက်လို အမြဲတစေဂရုစိုက်နေတဲူ့ပါ။

ဥယျဉ်မှုးတစ်ယောက်နဲ့ အတော်တူပါတယ်။

ကျတော်တို့ ညီအကိုမောင်နှမတွေဟာ သူမ ဥယျာဉ်ထဲက ပန်းပွင့်လေးတွေလိုပါပဲ။

အခုတော့ ကျတော်တို့ ဖူးပွင့်ဝေဆာနေပါပြီ...

ဒီအတွက်...ဥယျာဉ်မှုး သူမ ဘာများအကျိုးကျေးဇူးတွေ ရှိနေပါလဲ...

သူမ အတွက်ထိုက်တန်တဲ့ ဆုလာဒ်တွေများ ရပါရဲ့လား...

...

...

အမေ... အမေ့ကို သား အရမ်းချစ်တယ်။

Troubleshooting password lockout in Lotus Notes Traveler for iPhone/iPad


ခုတလော Customer Company တခုရဲ့ iPhone/iPad User တော်တော်များများ Lotus Notes Account Password Lockout ဖြစ်တဲ့ ပြဿနာ အဖြစ်များတာကို ဖြေရှင်းပေးရပါတယ်။

တကယ်တော့ User အနေနဲ့ Webmail ကို အသုံးပြုနေချိန်မှာ Company Policy အရ Webmail password ပြောင်းဖို့ လိုတဲ့အခါ ဖြစ်စေ...မိမိသဘောအရ password ပြောင်းတဲ့အခါ ဖြစ်စေ...

Webmail password ကိုပဲပြောင်းပစ်လိုက်တတ်ကြပြီး iPhone/iPad တွေရဲ့ Lotus Notes Traveler မှာ password ကို update လုပ်ဖို့မေ့နေရာကနေ password lockout ဖြစ်တာပါ။

ဒီလိုဖြစ်ရခြင်းကလဲ iPhone/iPad တွေမှာ update မဖြစ်တဲ့ password အဟောင်းကြီးနဲ့ backgroud မှာ server နဲ့ sync လုပ်ပါတယ်။

ဒီအခါမှာ password အဟောင်းနဲ့ login လုပ်နေသလိုဖြစ်တာကနေ Account Login Time Threadshold ကို ရောက်တာနဲ့ lockout ဖြစ်တော့တာပါပဲ။

ဒီပြဿနာကို ဒီလိုရှင်းရအောင်ဗျာ...


၁) iPhone/iPad ရဲ့ Settings ကိုသွားပြီး Airplane Mode ကို On ပါ။
၂) Settings>Mail,Contacts,Calendar ကိုသွားပြီး IBM Lotus Notes Traveler>Account ကိုဖွင့်ပါ။ Password နေရာမှာ update password ကိုထည့်ပြီး Done လုပ်ပါ။
၃) Airplane Mode ကို ပြန် Off ပါ။

ကဲ ဒါဆိုရင် သင့် Lotus Notes Traveler password lockout ကိစ္စပြေလည်သွားပါပြီ။

သတိထားဖို့လိုတာလေးကတော့...password အသစ် update လုပ်တဲ့အချိန်မှာ webmail မှာ မိမိ update လုပ်ထားတဲ့ အတိုင်း မမှားအောင် Update လုပ်ဖို့လိုပါတယ်။
password ကို တခါပဲ ရိုက်ထည့်ရမှာ ဖြစ်တဲ့အတွက် မှားလို့ရှိရင် သင့် lotus notes traveler lockout ပြန်ဖြစ်မှာပါ။

အထက်ပါ အဆင့်တွေ မလုပ်ခင်မှာ သင့် lotus notes traveler ကို administrator မှ unlock လုပ်ထားပေးဖို့ လိုပါတယ်။


iPhone/iPad လို့ ရေးထားပေမယ့် Lotus Notes Traveler အသုံးပြုလို့ရတဲ့ Apple Device တိုင်းအတွက် အကျုံးဝင်ပါတယ်။

နောက်ပြီး Android, Windows OS များသုံးထားတဲ့ device များအတွက်လဲ concept က အတူတူပဲ ဖြစ်လို့ reference အနေနဲ့ အသုံးပြုနိုင်ပါသေးတယ်။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Fortigate guide for Begineer - 9


အများအားဖြင့် Company Network တခုမှာ Finicial ပိုင်းရဲ့ Computer တွေက Finicial Application တွေကို သုံးတဲ့အခါ သူတို့အတွက် IP Address က Reserved လုပ်ထားဖို့လိုပါတယ်။

ဥပမာအားဖြင့် Bloomberg လို မျိုး Software တွေသုံးတဲ့အခါ Transaction လုပ်ဖို့ အတွက် Server ကို Connection လုပ်ရပါတယ်။ ဒီအခါ မှာ Server က သတ်မှတ်ထားတဲ့ IP/MAC မဟုတ်တာနဲ့ Connect လုပ်မရတော့ပါဘူး။

ဒီတော့ သင့်အနေနဲ့ Company Network ကို Fortigate ကနေ DHCP ချပေးထားတဲ့အခါ IP ကို Reserve လုပ်ထားဖို့ လိုပါတယ်။

အခု လိုအပ်တဲ့ Computer ကိုပဲ Fortigate ထဲမှာ IP Reserve လုပ်ပါမယ်။

၁) Fortigate Unit ထဲကို Log in ဝင်ပါ။ System>Network>DHCP Server ကိုသွားပြီး DHCP Server ကို Edit လုပ်ပါ။
၂) IP Reservation ကို Select လုပ်ပါ။ Create New ကို Select လုပ်ပြီး MAC နှင့် IP Address ကို ထည့်ပေးပါ။ Reserve လုပ်ချင်တဲ့ Computer ရဲ့ MAC နှင့် Reserve လုပ်မယ့် IP ဖြစ်ရပါမယ်။
    ( IP Address က လဲ DHCP Range ထဲက IP Address ဖြစ်ဖို့ လိုပါတယ်။)


ဒါက Fortigate Unit နဲ့ Connect မလုပ်ရသေးတဲ့ Computer အတွက် Reserve လုပ်ပုံလေးပါ။

တကယ်လို့ Computer က Fortigate Unit နဲ့ ချိတ်ထားပြီးသားဆိုရင်တော့ သူက IP Address ကို DHCP Server ကနေ ရယူထားပြီးသားဖြစ်နေပါမယ်။

ဒါဆိုရင် Add from DHCP Client List ဆိုတာကို ရွေးပေးလိုက်တာနဲ့ Reserve လုပ်ချင်တဲ့ Computer ရဲ့ MAC နဲ့ လက်ရှိ ရထားတဲ့ IP Address ကို သင်တွေ့ပါမယ်။

ပေါ်လာတဲ့ List ထဲက သင် Reserve လုပ်မယ့် PC ကို Select လုပ်ပြီး Add to Reserved ကို Select လုပ်လိုက်ပါ။

IP Reserved လုပ်ခြင်း ပြီးပါပြီ။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)