ခုမှစပြီး IT လုပ်ငန်းခွင်ထဲ ဝင်မယ့်သူတွေအတွက် အသုံးတည့်တဲ့ Tool လေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Microsoft Baseline Security Analyzer (MBSA) ပါပဲ။
System တခုချင်းစီကိုပဲဖြစ်ဖြစ် Multiple System တွေကိုပဲဖြစ်ဖြစ် ဒီ Tool လေးနဲ့ ...
- Security Updates
- Administrative Vulnerabilities
- Weak passwords
- IIS administrative vulnerabilities
- SQL administrative vulnerabilities
အစရှိတဲ့ System ပိုင်း ချို့ယွင်းချက်တွေ အားနည်းချက်တွေ ကို Scan လုပ်ပြီး Report ထုတ်နိုင်ပါတယ်။
ပြီးရင်တော့ Report ကိုကြည့်ပြီး လိုအပ်ချက်တွေကို ပြင်ဆင်နိုင်တာပေါ့။
ဒီ post ရေးနေတဲ့ လက်ရှိအချိန်မှာတော့ Windows XP ကနေ Windows Server 2008 R2 for Itanium-based Systems အထိ ဒီ Tool က Support လုပ်ပါတယ်။
Windows 8 , Windows Server 2012 နဲ့ Windows RT တို့ကို Support မလုပ်သေးပါဘူး။
GUI Version နဲ့ Command Line Version ဆိုပြီး ၂ မျိုးရှိပါတယ်။
မိမိ နှစ်သက်တဲ့ Version ကိုရွေးချယ် ပြီး အသုံးပြုပေါ့။ အောက်မှာတော့ GUI Version Download Link ပေးထားပါတယ်။
Download MBSA GUI Tool
အသေးစိတ်လေ့လာချင်တယ်ဆိုရင် အောက်ကလင့် များမှာ လေ့လာနိုင်ပါတယ်။
http://technet.microsoft.com/en-us/security/cc184924.aspx#office-support
http://msdn.microsoft.com/en-us/library/ff647642.aspx
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
No comments :
Post a Comment