How to solve Windows 7 Libraries folder keeps opening or popping up at startup?

Windows 7 ကို အကြောင်းအမျိုးမျိုးကြောင့် Repair လုပ်မရတဲ့အခါ Upgrade option နဲ့ Repair လုပ်ကြရပါတယ်။

အဲလိုလုပ်တဲ့အခါမှာ အဖြစ်များလေ့ရှိတတ်တာကတော့ Windows Explorer က Libraries Folder ကို Computer စဖွင့်ပြီး Login ဝင်တာနဲ့ Startup မှာ ပေါ်ပေါ်လာတာပါပဲ။

ဒီပြဿနာကိုရှင်းဖို့ Registry Editor ကိုဖွင့်ပါ။

HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon\Winlogon ကိုသွားပြီး

Userinit ရဲ့ Value ကို ကြည့်ပါ။ C:\Windows\system32\userinit.exe,C:\Windows\SysWOW64\userinit.exe, ဆိုပြီး userinit.exe ၂ ခု ဖြစ်နေတာကိုတွေ့ပါမယ်။ ၂ ခုထဲက တခုကို ဖျက်ပြီး အောက်က အတိုင်း ပြန်ပြင်ပါ။

C:\Windows\system32\userinit.exe,

သင့်ကွန်ပျူတာက 32 bit version , 64 bit version လားဆိုတာပေါ်မှာမူတည်ပြီး Registry ကို အောက်ကအတိုင်းလဲ ရွေးချယ်ပြုပြင်နိုင်ပါတယ်။

64-bit versions = C:\Windows\system32\userinit.exe
32-bit versions = C:\Windows\SysWOW64\userinit.exe

အကောင်းဆုံးကတော့ 32bit or 64bit ဘာပဲဖြစ်ဖြစ် C:\Windows\system32\userinit.exe အနေနဲ့ပဲ ထားတာ ကောင်းပါတယ်။

ကဲ ဒါဆိုရင် Windows Startup တိုင်းမှာ ပေါ်လာတဲ့ Libraries Folder ပြဿနာ ရှင်းသွားပါပြီ။

တခုတော့ သတိထားစေချင်ပါတယ်။ Registry ပိုင်းကို ပြုပြင်ရမှာဖြစ်တဲ့အတွက် Backup အရင်လုပ်ထားဖို့လိုပါမယ်။ ဒါမှ တစုံတခု မှားယွင်းခဲ့ရင် Restore ပြန်လုပ်နိုင်မှာပါ။




ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment