သင့် Company Domino Server က သင့် Android Device ကို Auto Detect မလုပ်နိုင်တဲ့အခါ သင့်အနေနဲ့ Lotus Notes Traveler ကို Install လုပ်ဖို့ အခက်ကြုံနိုင်ပါတယ်။
ဒါနဲ့ပဲ သင့်အတွက်အရေးကြီးတဲ့ email ကို Mobile Device တွေကနေ ဖတ်လို့မရနိုင်တော့ဘူးလို့ သင်ထင်ပါသလား။
မဟုတ်ပါဘူး...တကယ်က ဒီလိုအခက်အခဲအတွက်...Lotus Notes Launcher ဆိုတဲ့ Android Application ရှိပါတယ်။
ဒါလေးကို ဘယ်လို Configure လုပ်လဲဆိုတာ ပြောပြပါမယ်။
ပထမဆုံး Google Play Store ကနေ Lotus Notes Launcher ကို Download & Install လုပ်ပါ။
Lotus Notes Launcher ကို Run ပါ။
Preference ကိုသွားပါ။ Your Lotus Notes Parameters ကို သွားပါ။
HTTPS connexion for the server? ဆိုတဲ့နေရာမှာ သင့် Server က http/https ဘယ်ဟာကိုသုံးလဲ သုံးတဲ့အပေါ်မူတည်ပြီး check/uncheck လုပ်ပါ။
server name နေရာမှာ သင့် domino server name ထည့်ပါ။ ဥပမာ mail.domain.com
database name နေရာမှာ သင့် email database name ထည့်ပါ။ ဥပမာ mail/username.nsf
username နေရာမှာ သင့် email address ကိုထည့်ပါ။
password နေရာမှာ သင့်ရဲ့ Lotus Notes Webmail password ထည့်ပါ။
Authentication နေရာမှာတော့ Domino Administrator က ပေးထားတဲ့ authentication method ကို ရွေးပေးပါ။ အများအားဖြင့် Get နဲ့ အဆင်ပြေလေ့ရှိပါတယ်။
Lotus Notes Database Version နေရာမှာတော့ 8.01 ကိုပဲ ပုံမှန်ထားလေ့ရှိပါတယ်။
ကဲ...ဒီ setting တွေအားလုံး မှန်ကန်စွာဖြည့်ပြီးပြီဆိုရင်တော့ သင့် Android Device နဲ့ email အသုံးပြုလို့ရပါပြီ။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
No comments :
Post a Comment