How to create Digital Signature by using Adobe Reader and webcam?


ဒီနေ့တော့ Adobe Reader နဲ့ Digital Signature လုပ်နည်းလေး ဝေမျှချင်ပါတယ်။

သိတဲ့အတိုင်း ယနေ့ခေတ်က Electronics Document တွေနဲ့ အလုပ်လုပ်ကြတဲ့အခါ Signature ကလဲ Electronics Signature ဖြစ်တော့ပိုကောင်းတာပေါ့ဗျာ။

သင့်အနေနဲ့ Electronics Document တခုကို Sign ထိုးဖို့လိုလာပြီဆိုပါတော့...Print ထုတ်မယ် Sign ထိုးမယ် ပြီးရင် Sign ထိုးထားတဲ့ Copy ကို Scan ဖတ်ပြီး Softcopy ပြန်ပြောင်းမယ်။

ကဲ...ဘယ်လောက်အလုပ်များလိုက်သလဲဗျာ။

အခုတော့ ဒါတွေကို အေးဆေးကျော်လွှားကြည့်ရအောင်။

တခုတော့ရှိပါတယ်။ ဒီနည်းလမ်းက pdf format document တွေအတွက်ပဲ အဆင်ပြေပါတယ်။



ှSign ထိုးဖို့လိုတဲ့ pdf document ကို adobe reader နဲ့ ဖွင့်ပါ။

ဒါဆို အောက်က ပုံ လို Signature Field(s) Detected. Open Sign Pane ဆိုတာလေး ပေါ်လာတာတွေ့ပါမယ်။  Auto Detect မသိခဲ့ရင်လဲ Sign ဆိုတာကိုရွေးပေးလိုက်ပါ။



အောက်က ပုံလေးတွေမှာ ပြထားတဲ့ အတိုင်း Place Signature, Use a Webcam ဆိုတာတွေနဲ့ တဆင့်စီ လုပ်သွားပါ။



ဒီနေရာမှာ ကျတော်က Webcam ကို သုံးပါတယ်။ ကျန်တာတွေထက် ပိုအဆင်ပြေမယ် လို့ယူဆလို့ပါ။

Webcam ဆိုတာ ရွေးပြီးပြီဆိုရင်တော့ စာရွက်လွတ် တရွက်မှာ မိမိ Signature လေးကို ထိုးပါ။

ပြီးရင် Webcam ရှေ့မှာ ပြပါ။

ပေါ်လာတဲ့ အပြာရောင်းလိုင်းလေးပေါ်မှာ Signature လေးထိမိနေပါစေ။





မိမိစိတ်ကြိုက်ဖြစ်ပြီဆိုရင် Accept လုပ်ပါ။ pdf doucment ပေါ်က Signature Field နေရာမှာ ရလာတဲ့ digital signature ကို drag and drop လုပ်ပါ။

ပြီးရင် Document ကို save ပါ။

အောက်က ပုံလို မေးလာရင် Not now ရွေးပေးပါ။



ကဲ...ဒါပါပဲ။

တခုတော့ သတိပြုစေချင်ပါတယ်။ တခြားမဟုတ်ပါဘူး ကျတော် ဒီပို့စ်အတွက် သုံးတဲ့ Adobe Reader က XI ပါ။ တခြား Version အနိမ့်တွေနဲ့ စမ်းမထားတဲ့အတွက် အသုံးပြုလို့ရမရ မသိသေးပါ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment