Adding a Disclaimer to email messages in Office 365

"The information of this e-mail is strictly confidential and...."
"This email and all contents are privileged..." အစရှိသည်ဖြင့် တချို့ အီးမေးလ်တွေ ကို သင်လက်ခံရရှိတဲ့အခါ မြင်ဖူးပါလိမ့်မယ်။

သင့် ရဲ့ Company က Office 365 ကိုသုံးတယ်... ဝန်ထမ်းအားလုံးရဲ့ အီးမေးလ် စာသား အောက်နားမှာ Company အနေနဲ့ ဒီအီးမေးလ်ကို ဘယ်လိုဥပဒေမျိုးတွေနဲ့ အကာအကွယ်ယူထားတယ်။
သင့်ဆီကိုမှားပို့မိရင် ပြန်လည်မဖြန့်ဝေဖို့ ချက်ချင်းဖျက်ပစ်ဖို့ စသည်ဖြင့် ဘာဘာညာညာ လေး ထည့်ချင်တယ်ဆိုပါစို့...

Exchange Online ကနေ Setup လုပ်ကြည့်ရအောင်။

- ပထမဆုံး login.microsoftonline.com ကိုသွားပြီး Exchange Admin Centre ကိုသွားပါ။


- အောက်က ပုံလေးမှာ ပြထားသလို Mail Flow> Rules အောက်က "+" လေးကို နှိပ်ပြီး "Apply Disclaimer" ဆိုတာလေးကိုရွေးပေးပါ။
- Name, Apply this rul if..., Do the following... စတဲ့နေရာတွေမှာ မိမိ လိုချင်တဲ့ ပုံစံလေးတွေ ထည့်သွင်းပါ။
(Do the following နေရာမှာ Append the disclaimer ဆိုတာကို ရွေးထားမှ အီးမေးလ်ရဲ့ Message Body အောက်မှာ Disclaimer ပေါ်မှာဖြစ်ပါတယ်။)
"Enter text..." ဆိုတာနဲ့ "Select one..." ဆိုတဲ့နေရာတွေမှာလဲ ဖြည့်ဖို့ မမေ့ပါနဲ့။

- Choose a mode for this rule နေရာမှာတော့ "Enforce" ဆိုတာကိုရွေးမှပဲ Rule အသက်ဝင်ပါမယ်။
အားလုံးပြီးရင်တော့... Save ပေါ့ဗျာ။

အောက်မှာ နမူနာ Screenshot လေး လုပ်ပြထားပါတယ်။ တခြား option လေးတွေကိုတော့ လုပ်ကြည့်ရင်းနဲ့ သိလာပါလိမ့်မယ်။




ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment