Restore ပြန်လုပ်လို့ရအောင်ပေါ့။ ဒါပေမယ့် တခါတလေမှာ Account Creation လုပ်တုန်းမှားသွားလို့ ဖျက်ပြီး ပြန်အသစ်လုပ်တဲ့အခါ Display Name လိုဟာမျိုး တူနေရင် အသစ်လုပ်မရပါဘူး။
ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေက ဒီလိုတွေဗျ
- " Unable to restore user from a deleted state because of following error(s): Value 'user@yourdomain.com' for property 'UserPrincipalName' conflicts with another object in the directory. Value ‘user@yourdomain.com’ for property 'ProxyAddress' conflicts with another object in the directory." ဆိုတာမျိုးတွေ DirSync Report မှာ ပေါ်လာတတ်တယ်။
- User က https://login.microsoftonline.com ကိုဝင်ပြီး Web Apps ကို သုံးရတယ်။ ဒါပေမယ့် Desktop and Mobile တွေမှာ သုံးမရဘူး။
- Global Address List ထဲမှာ Multiple User တွေဖြစ်နေမယ်။
- Lync Online မှာ Same User (Multiple User) တွေ ပေါ်နေမယ်။
ဒီတော့ ဒီပြဿနာတွေ ဖြစ်အောင်လုပ်နေတဲ့ Account ကို ဖျက်ဖို့ ရက်ပေါင်း ၃၀ စောင့်ပြီးမှ အသစ်ပြန်ဆောက်ရမလိုဖြစ်နေပြီပေါ့။
မလိုပါဘူး။ ဒီပြဿနာကို ကျတော်တို့ Powershell ကနေ ရှင်းရအောင်။
ဥပမာအားဖြင့် Display Name: Test User 1, e-mail address: testuser1@ictformyanmar.com ဆိုတာကို Deleted Users List ထဲကနေ (တနည်းအားဖြင့် Office 365 ရဲ့ Recycle Bin ထဲကနေ) Powershell သုံးပြီး ဖျက်ကြည့်ရအောင်။
အသုံးပြုရမယ့် Powershell က ဒီလိုပါ။
Deleted Users List ထဲက Account တွေကို List လုပ်မယ်။
Get-MsolUser –ReturnDeletedUsers | select UserPrincipalName, ObjectId
ObjectID နဲ့ တိုက်ပြီး မိမိဖျက်ချင်တဲ့ Account ကို ဖျက်မယ်။
Remove-MsolUser -RemoveFromRecycleBin –ObjectId ObjectId
အောက်ကပုံလေးမှာ နမူနာ လုပ်ပြထားပါတယ်။ Highlight လုပ်ပြထားတဲ့နေရာတွေမှာ မိမိဖျက်ချင်တဲ့ Account ကို အစားထိုးပြီး သုံးပေါ့ဗျာ။
ကဲ...ဒါပါပဲ။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
No comments :
Post a Comment