How to create Shared Mailboxes with GUI-based Tool in Exchange Online for Office 365?


Office 365 ရဲ့ Exchange Online မှာ Shared Mailbox create လုပ်တဲ့ အခါ Powershell Script တွေ မသုံးချင်တဲ့သူတွေအတွက် GUI application လေးသုံးပုံ ဝေမျှချင်ပါတယ်။

Powershell Script ကိုတော့ အပြည့်အဝ ရှောင်လို့မရပါဘူး။

ဒါပေမယ့် Mailbox create လုပ်တာရယ်။ Permission ပေးတာရယ်လောက်ကိုတော့ GUI နဲ့ လုပ်လို့ရတာပေါ့ဗျာ။

ကဲ...စလိုက်ရအောင်။

Exchange Online ကို Powershell ကနေ remotesign လုပ်လို့ရပြီးသားလို့ယူဆပါမယ်။

၁) Office 365 Shared Mailbox Tool လေးကို Download လုပ်ပါ။
၂) Exchange Control Panel ကိုသွားပြီး Security Group ဆောက်ပါ။ Shared ပေးမယ့် user တွေကို Add လုပ်ပါ။
၃) Download လုပ်ထားတဲ့ Tool ကို Run ပါ။
    SharedMailboxTool.ps1 နဲ့ StartSharedMailboxTool.bat ဖိုင် ၂ ဖိုင်ထဲက .bat ကို Run as administrator နဲ့ Run ပါ။
    Exchange Control Panel login box ပေါ်လာရင် username, password ထည့်ပြီး OK ပေါ့။
    ဒါဆိုရင် Office 365 Shared Mailbox Tool Windows လေးပေါ်လာပါမယ်။
    လိုအပ်တဲ့ Information လေးတွေ ထည့်ပြီး Shared Mailbox create လုပ်နိုင်ပါပြီ။




ကဲ...ဒါပါပဲဗျာ။

ဒီထက်ပိုအသေးစိတ် သိချင်ရင်တော့ အောက်က လင့်မှာ သွားဖတ်နိုင်ပါတယ်။

http://community.office365.com/en-us/wikis/exchange/1712.aspx

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment