What will you do if your Outlook not sync with your Google Apps after turn on 2-step verification?



ဒီနေ့ ကြုံရတာလေးပါ။

Google Apps နဲ့ Outlook ချိတ်သုံးတဲ့ Customer Company က user တယောက်ရဲ့ Outlook မှာ email အဝင် အထွက် မရတော့လို့ သွားကြည့်ပေးရပါတယ်။

Outlook ကို ဖွင့်လိုက်တာနဲ့ POP/SMTP Server login page ပေါ်ပြီး password ထည့်ခိုင်းတာ ပဲ ပေါ်ပေါ်လာပါတယ်။

User ပေးတဲ့ password ကို ထည့်တော့လဲ မရပါဘူး။

ဒါနဲ့ သေချာအောင် user ကို မေးတော့မှ အရင်အပတ်က သူ့ Google Apps ကနေ Google Mail ကို 2-step verification ပြောင်းလိုက်တယ်ဆိုတာ ကို ပြောပြပါတယ်။

ဒီတော့မှ အဖြေရှင်းပါတော့တယ်...

2-step verification ပြောင်းလိုက်တာနဲ့ Outlook က အလုပ်မလုပ်တော့ပါဘူး...

ဘာလို့လဲ ဆိုတော့ သူ့ Outlook မှာ သုံးထားတာက ပထမအဆင့် password ဖြစ်နေလို့ပါ။

ဒီတော့...ဒုတိယအဆင့် password မရှိပဲ Outlook က သုံးမရပါဘူး။

ဒုတိယ အဆင့် password ကို Google Mail ကနေ Generate လုပ်ပြီးမှ ရလာတဲ့ Password ကို Outlook မှာ ပြန် update လုပ်ရပါတယ်။

ဒါမှသာ Outlook သုံးလို့ရမှာပါ။

ဒုတိယ အဆင့် password ကို အောက်ပါ နည်းအတိုင်း Generate လုပ်နိုင်ပါတယ်။

အောက်ပါ လင့်ကို သွားပါ။

https://www.google.com/accounts/IssuedAuthSubTokens

username , password ထည့်ပြီး login ဝင်ပါ။

အောက်ပါ ပုံအတိုင်း page ပေါ်လာရင်



Generate Password ကို နှိပ်ပါ။ ပေါ်လာတဲ့ password ကို ကူးပြီး Outlook မှာ update လုပ်ပါ။

ဒါဆို Outlook ပြန်သုံးလို့ရပါပြီ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment