How to extend your Windows trial period?


IT သမားတယောက်အနေနဲ့ အသစ်ထွက်လာတဲ့ Windows တိုင်းကို Virtual Machine ပေါ်မှာ တင်ပြီး စမ်းကြည့်ကြရပါတယ်။

ဒီလိုစမ်းသပ်ဖို့ အတွက် Trial Version တွေသုံးတဲ့အခါ ရက်အကန့်အသတ် တခုထိပဲသုံးခွင့်ရှိပါတယ်။

အများအားဖြင့် System အသစ်တခုကို သေချာလေ့လာဖို့အတွက် Trial Period က လုံလောက်မှုမရှိပါဘူး။

ဒီတော့ Trial Period ကို Extend လုပ်ပုံလေး ဝေမျှချင်ပါတယ်။

ကျတော်ကတော့ ဒီမှာ Windows Server 2012 နဲ့ လုပ်ပြထားပါတယ်။

ပထမဆုံး Windows ရဲ့ Command Prompt ကို Run as Administrator နဲ့ Run ပါ။

Command Prompt Windows ထဲမှာ

 slmgr.vbs -dli  or slmgr /dli  ( လက်ရှိ License Information ကို စစ်ဆေးရန်)
slmgr.vbs  -dlv or slmgr /dlv (လက်ရှိ License Information ကို detail စစ်ဆေးရန်)
slmgr.vbs -rearm or slmgr /rearm (Windows License ကို re-activate လုပ်ရန်)


အပေါ်က command ၃ ကြောင်း run ပြီးလျှင် Windows ကို Restart လုပ်ပြီး Re-activate ပြန်လုပ်ပါ။

တချို့ Windows တွေမှာ Activation Key ထည့်စရာမလိုတဲ့အတွက် Trial period extend လုပ်ပြီးသားဖြစ်နေပါလိမ့်မယ်။

တခုတော့ ရှိပါတယ် ... Trial Period မကျော်ခင် Extend လုပ်ဖို့လိုပါတယ်။






ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment