Dear reader, please download one of Myanmar unicode font and install it on your PC to see my blog well.Thanks.

TestDisk,one of the best free application to recover deleted partition for your disk


အခန့်မသင့်လို့ သင့် ရဲ့ Hard Disk Partition တွေကို သင့်ဟာသင်ကလိရင်းနဲ့ Partition တွေကို Delete လုပ်လိုက်မိပြီပဲဖြစ်ဖြစ်...
Virus ကြောင့် Hard Disk Partition တွေ ပျက်သွားတာပဲ ဖြစ်ဖြစ်...
မှားပြီး Format လုပ်လိုက်မိတာပဲ ဖြစ်ဖြစ်...
USB Portable Disk တွေဆိုရင် Safety Remove လုပ်ရမှာ စိတ်မရှည်ပဲ... ဒီအတိုင်း ဆွဲဖြုတ် တာကနေ အခန့်မသင့်လို့ File Format က RAW ဖြစ်သွားပြီး Partition တွေပျက်သွားလို့ပဲဖြစ်ဖြစ်...

သင့်ရဲ့ အဖိုးတန် Data လေးတွေ ဆုံးရှုံးကုန်မှာ သေချာပါတယ်။

ဒီတော့ ဒီလို အဖြစ်မျိုးတွေကနေ ကျော်လွှားနိုင်အောင်... Recovery လုပ်ပေးနိုင်တဲ့ Application တွေ အများကြီးရှိတဲ့ အထဲက... TestDisk ဆိုတာလေး အကြောင်း လက်တို့ပေးချင်ပါတယ်။

TestDisk ဟာ Freeware ဖြစ်ပါတယ်။

TestDisk ဟာ အောက်ပါ အလုပ်တွေကို လုပ်နိုင်ပါတယ်

   - Fix partition table, recover deleted partition
   - Recover FAT32 boot sector from its backup
   - Rebuild FAT12/FAT16/FAT32 boot sector
   - Fix FAT tables
   - Rebuild NTFS boot sector
   - Recover NTFS boot sector from its backup
   - Fix MFT using MFT mirror
   - Locate ext2/ext3/ext4 Backup SuperBlock
   - Undelete files from FAT, exFAT, NTFS and ext2 filesystem
   - Copy files from deleted FAT, exFAT, NTFS and ext2/ext3/ext4 partitions

TestDisk ဟာ အောက်ပါ OS တွေမှာ Run နိုင်ပါတယ်

   - DOS (either real or in a Windows 9x DOS-box),
   - Windows (NT4, 2000, XP, 2003, Vista, 2008, Windows 7 (x86 & x64),
   - Linux,
   - FreeBSD, NetBSD, OpenBSD,
   - SunOS and
   - MacOS X

Standalone Application အနေနဲ့ လဲ အသုံးပြုနိုင်သလို....

အောက်ပါ Live CD တွေနဲ့လဲ တွဲဖက်ပါဝင်တဲ့ အတွက် Live CD/Boot CD တွေနဲ့လဲ အသုံးပြုနိုင်ပါသေးတယ်

    BootMed
    CAINE
    Frenzy
    GParted LiveCD
    iloog
    grml
    Knoppix
    Parted Magic
    PLD RescueCD
    Recovery Is Possible
    Slax-LFI
    System Rescue CD
    Ubuntu-Rescue-Remix
    Ultimate Boot CD
    Hiren Boot CD

FreeDos Live CD တခု ကိုယ်တိုင်ဖန်တီးချင်တယ်ဆိုရင်လဲ Create a TestDisk FreeDos LiveCD  ဒီက အတိုင်းလုပ်ကြည့်နိုင်ပါသေးတယ်။

ကဲ... Download လုပ်ပြီး စမ်းသပ်ချင်တယ်ဆိုသူများအတွက်ကတော့...အောက်က Link မှာသွားကြည့်ပေတော့ဗျာ။

Download TestDisk

ဒီ Link ကနေ TestDisk ကို ဘယ်လိုအသုံးချရတယ်ဆိုတာကို ပါ လေ့လာနိုင်ပါတယ်။

ဒါကြောင့် အသုံးချပုံ အသေးစိတ်ကိုတော့ ရှင်းမပြတော့ပါဘူး။

ကျတော် သုံးတာတော့ တော်တော်လေး ကို အဆင်ပြေတဲ့ အတွက် လက်တို့ပေးလိုက်တာပါ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)


How to re-size virtual disk files by using VMware Converter?



Virtual Machine တွေ တည်ဆောက်တဲ့အခါ Virtual Hard Disk တွေ ကို Assign လုပ်ပေးရပါတယ်။
ကိုယ် Initial Assign လုပ်တုန်းက လုံလောက်မယ် ထင်တဲ့ Disk Space ကို Assign လုပ်ခဲ့ပေမယ့်။ တခါတရံ လိုအပ်ချက်တွေ မြင့်မားလာတာကြောင့် ယင်း Disk ကိုပဲ Resize လုပ်ဖို့ လိုအပ်လာတတ်ပါတယ်။

သင့်အနေနဲ့ သင့်ရဲ့ Virtual Machine Hardisk ကို Resize လုပ်ဖို့ လိုလာပြီဆိုပါစို့..
အောက်က အဆင့်လေးတွေအတိုင်း လုပ်ကြည့်တာပေါ့။

- သင့်ရဲ့ Virtual Machine ပေါ်မှာ VMware Converter ကို  Download and install  လုပ်ပါ။

- VMware Converter ကို Run ပါ။ တကယ်လို့ သင်ဟာ Virtual Machine ပေါ်မှာ VMware Converter ကို တိုက်ရိုက် Run တာဆိုရင် Phisical machine ဆိုတာကို Source Type အနေနဲ့ Select လုပ်ပါ။
  အကယ်၍ VMware Converter ကို Remote run တာဆိုရင်တော့ ESX/VC server login ကို Source Type အနေနဲ့ Select လုပ်ပါ။ တဆက်တည်းမှာပဲ source VM ကိုလဲ ရွေးပေးဖို့ လိုပါတယ်။


- Source Data screen ပေါ်လာတာနဲ့ သင့် VM မှာ Assign လုပ်ထားတဲ့ Disk တွေ ကို မြင်ရပါမယ်။
  သင် resize လုပ်ချင်တဲ့ Disk ကို select လုပ်ပါ။ New Disk Space Option မှာ သင်လိုချင်တဲ့ Disk Space Amount ကို ထည့်ပေးပါ။

- ပြီးရင် Next ပေါ့။  Desitination ESX host ကို select လုပ်ပါ။ VM name assign လုပ်ပါ။ ပြီးရင် data store ကို import လုပ်ဖို့ VM နဲ့ VM အတွက် network ကို select လုပ်ပါ။

- အားလုံးပြီးရင် Process စတင် Run ဖို့ Finish လုပ်ပါ။

- သင့် source VM မှာ ရှိတဲ့ data ပမာဏပေါ်မူတည်ပြီး အချိန်အတိုင်းအတာ တခုထိ သင်စောင့်ရပါမယ်။
  Process ပြီးပြီဆိုရင် source VM ကို power off ပါ။ new VM ကို power on ပါ။ သင့် new VM အလုပ်ကောင်းမွန်စွာ လုပ်နိုင် မလုပ်နိုင် စစ်ဆေးပါ။
  အားလုံး OK တကယ်ဆိုရင်တော့ original source VM ကို သင် delete လုပ်နိုင်ပါပြီ။ ပြီးရင်တော့ သင့် VM အသစ်လေးကို ဖျက်ပစ်လိုက်တဲ့ VM အဟောင်းနာမည်လေး assign လုပ်လိုက်ပေါ့။

ပြီးပါပြီ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)


 

My Myanmar New Year Gifts for Myanmar IT Professionals

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
မနှစ်ကတော့ အပိုင်း (၈) ပိုင်း နဲ့ ရေးသားဖော်ပြခဲ့တဲ့ Web Hosting အကြောင်းသိကောင်းစရာများဆိုတာ ကို  eBook လေးအဖြစ်ပြောင်းပြီး လက်ဆောင်ပေးခဲ့ပါတယ်။
ဒီနှစ်မှာလည်း မနှစ်ကလို စာအုပ်အလှူ လုပ်ဖို့ ကြိုးစားပြီး user guide eBook (၂) အုပ်ရေးနေတာ မပြီးတဲ့ အတွက် တခြားလက်ဆောင် ပေးဖို့ပဲ စဉ်းစားလိုက်ရပါတော့တယ်။

တခြားထွေထွေထူးထူးတော့ မဟုတ်ပါဘူး... အသုံးတည့်မယ်လို့ ယူဆမိတဲ့ application သေးသေးလေးတွေကို စုစည်းပြီး တင်ပေးထားတာပါ။
ဒီ Application တွေ အားလုံးကို ကိုယ်တိုင် လက်တွေ့ သုံးပါတယ်။ အသုံးလည်း တည့်ပါတယ်။

ဘာတွေလဲဆိုတော့

(၁) Acronics True Image Portable Version

System တခုကို Image လုပ်ထားချင်တယ်ဆိုရင် Portable လေးက ပိုအဆင်ပြေတာပေါ့ဗျာ။ USB Storage လေးထဲကနေ Run လို့တောင် ရတယ်။
ဒီတော့ Running ဖြစ်နေတဲ့ Server လို ဟာမျိုးကို Image လုပ်မယ်ဆိုရင် သိပ်အဆင်ပြေတာပေါ့။

(၂) Advanced IP Scanner

Network/System ပိုင်းတွေကို ကိုင်တွယ်နေရတဲ့ IT သမားများအတွက်တော့ IP/MAC Address, Host Name စတာတွေကို တနေရာတည်းကနေ စုစည်းနိုင်ရင် ပိုကောင်းတာပေါ့။
ဒီ Application ကိုသဘောကျမိတဲ့ အချက်(၂) ချက်က ကိုယ် Manage လုပ်ရတဲ့ စက်တွေရဲ့ Wake-on LAN လေးကို Enable လုပ်ထားမယ်ဆိုရင် Remote Shutdown or Wake up လုပ်လို့ရတာပါပဲ။
နောက်ပြီး Manage လုပ်ရတဲ့ စက်ရဲ့ Resource တွေဖြစ်တဲ့ HTTP,HTTPS,FTP နဲ့ Shared Folder တွေကို Access လုပ်လို့ရပါတယ်။

(၃) Robocopy GUI

Robocopy ဆိုတာနဲ့ Network နဲ့ ပတ်သက်တဲ့ IT သမားများက Big File Size တွေကို Network မှာ Copy/Move လုပ်တာကို ပြေးမြင်ကြတော့မှာပါ။
ဒါလေးကတော့ GUI ဖြစ်တဲ့ အတွက် Command Line Interface နဲ့ မရင်းနှီးတဲ့သူတွေ၊ Keyboard ကို တချောက်ချောက်ရိုက်ရမှာ ပျင်းတဲ့ IT သမားတွေအတွက် အသုံးတည့်ကောင်းတည့်နိုင်မယ်လို့ယူဆမိပါတယ်။

(၄) Tree Size Free

ဒါလေးကတော့ တခြားဘယ်နေရာမှာ အသုံးတည့်သေးလဲ သေချာမသိပေမယ့်... Folder တခုရဲ့ အောက်မှာ Subfolder ဘယ်နှစ်ခုများ ရှိနေလဲ။ Permission တွေက ဘာတွေပေးထားတာလဲ။ Folder တခုချင်းစီရဲ့ Size က ဘယ်လောက်ရှိလဲ..စသည်ဖြင့် ကြည့်ပေးနိုင်တဲ့ Application ပါ။
အသုံးတည့်မယ်လို့ ယူဆပါတယ်။

(၅) WinAudit

အဖွဲ့အစည်းတခု ဒါမှ မဟုတ် Network တခုရဲ့ IT ပိုင်းကို ထိန်းကျောင်းနေရတဲ့ IT သမားအတွက် System တွေကို Audit လုပ်ရမယ့် တာဝန်ဆိုတာ မဖြစ်မနေလုပ်ရမယ့် အလုပ်ထဲမှာ ပါပါတယ်။
ဒီတော့ System တခုရဲ့ Hardware ပိုင်းဆိုင်ရာ အချက်အလက်တွေ၊ Software ပိုင်းဆိုင်ရာအချက်အလက်တွေကို ဒီ Application လေးသုံးပြီး စစ်မယ်ဆိုရင်...
တခြားနည်းတွေနဲ့ စစ်တာထက် အချိန်ကုန် လူသက်သာပြီး တိကျတဲ့ အချက်အလက်ကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။
WinAudit နဲ့ WinAuditUnicode ဆိုပြီး (၂) မျိုးပေးထားပါတယ်။ English Language အပြင်တခြား Language တွေကိုပါ အသုံးပြုချင်တယ်ဆိုရင်တော့ WinAuditUnicode ဆိုတာက သင့်အတွက် ပိုအဆင်ပြေပါလိမ့်မယ်။


အောက်က Download Link များမှာ Download လုပ်ယူပါ။ တစုတစည်းထဲ စုစည်းထားချင်တာကြောင့် ကိုယ်ပိုင် Dropbox ကို upload တင်ပြီး ပြန်လည် ဝေမျှထားပါတယ်။ Download လုပ်ရတာ အခက်အခဲ ရှိခဲ့ပါက ခွင့်လွှတ်ပါ။

Download Acronics True Image Portable
Download Advanced IP Scanner
Download Robocopy GUI
Download Tree Size Free
Download WinAudit (or) Download WinAuditUnicode

စာဖတ်သူများ အပါအဝင် သတ္တဝါ အားလုံး နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း များနဲ့ ပြည့်စုံကြပါစေ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to run Windows on a MacBook?

မနေ့က Customer Site တခုမှာ Customer က Request လုပ်လာပါတယ်။ သူ့ MacBook မှာ Windows သုံးချင်လို့ရလားလို့မေးလာပါတယ်။
ထုံးစံ အတိုင်း ရတယ်ဆိုပြီး လုပ်ပေးတာပေါ့။

လိုတာကတော့ Boot Camp ဆိုတဲ့ Application ပါ။ OS X နဲ့ အတူတူ ပါလာပါတယ်။
ဒီတော့ Mac ပေါ်မှာ Windows ကို Boot Camp သုံးပြီး တင်မယ်ဆိုရင် အောက်က အဆင့်လေးတွေအတိုင်း လိုက်သာလုပ်ပါ။

(၁) OS X ကို Updates အရင်လုပ်ပါ။

- Mac မှာ Administrator အနေနဲ့ Log in ဝင်ပါ။ Run နေတဲ့ Application တွေ အားလုံးကို ပိတ်လိုက်ပါ။ တခြား user တွေ log in ဝင်ထားရင် log out လုပ်ပါ။
- Apple Menu ကနေ Software Update ကို ရွေးပါ။
- Update လုပ်ရင်း Restart လုပ်ရရင် log in ပြန်ဝင်ပြီး Software Update ထပ်လုပ်ပါ။ အားလုံး update ဖြစ်တဲ့ အထိ လုပ်ပါ။
- www.apple.com/support/bootcamp ကို သွားပြီး Boot Camp ရဲ့ update ကို စစ်ပါ။ လိုအပ်ရင် Download လုပ်ပါ။

How to configure mailbox forwarding in Exchange Server 2007?


Company တခုမှာ ဝန်ထမ်းတယောက်ထွက်သွားပြီး အဲဒီဝန်ထမ်းနေရာမှာ တခြားဝန်ထမ်းတယောက်ကို ခန့်ထားလိုက်ပြီဆိုပါစို့။

ထွက်သွားတဲ့ ဝန်ထမ်းရဲ့ လုပ်ငန်းတွေကို နောက်ဝင်လာတဲ့ ဝန်ထမ်းအနေနဲ့ ဆက်လက်ဆောင်ရွက်နိုင်ဖို့ သိရမယ့် အပိုင်းတွေထဲမှာ

email ဟာလဲ အရေးပါတဲ့ အစိတ်အပိုင်းတခုပါ။

Administrator တွေဟာ ဒီလိုအပ်ချက်ကို အမြဲတစေ ဖြည့်စည်းပေးနေရပါတယ်။

အခု လုပ်ပေးရမှာက ဒီလိုဆိုပါစို့....ထွက်သွားတဲ့ ဝန်ထမ်းရဲ့ useracount ကို disable လုပ်ထားမယ်။

ဒါပေမယ့် သူ့ mailbox ထဲ ဝင်လာတဲ့ email တွေကို အသစ်ခန့်ထားတဲ့ ဝန်ထမ်းရဲ့ mailbox ထဲကို forward လုပ်မယ်။

Email Server က Exchange Server 2007 ကို သုံးထားပါတယ်။

အောက်က အတိုင်းလေးဆက်လုပ်လိုက်ကြတာပေါ့။

Disable လုပ်ထားတဲ့ user account ရဲ့ properties ကို သွားပါ။
Mail Flow Settings ဆိုတဲ့ Tab ကို နှိပ်ပါ။
Delivery Options ရဲ့ အောက်မှာ Forwarding address ဆိုတာတွေ့ပါမယ်။
Forward to: ဆိုတဲ့ Check Box လေးကို on ပြီး အသစ်ခန့်ထားတဲ့ ဝန်ထမ်းရဲ့ account ရှိတဲ့ဆီ ကို Browse လုပ်ပေးလိုက်ရုံပါပဲ။




တကယ်လို့ သင်က Command တွေသုံးရတာ နှစ်သက်တယ်ဆိုရင် Exchange Management Shell ကို ဖွင့်ပြီး အောက်က အတိုင်းလေး လုပ်လိုက်ရုံပေါ့။

[PS] C:\>set-mailbox Account that you disabled -ForwardingAddress Account that you wanna mailbox forward

[PS] C:\>get-mailbox Disable Mailbox Account Address | fl name,*forward*

Name                       : Disabled Account Name
DeliverToMailboxAndForward : False
ForwardingAddress          : YourDomain/....../Users/Account Name that you wanna mailbox forward

အနီရောင် နဲ့ ရေးထားတဲ့ နေရာလေးတွေမှာတော့ သင့် ထည့်သွင်းပေးရမယ့် အချက်အလက်တွေ အစားထိုးထည့်ပါ။

ဒါဆိုရင် Disable လုပ်ထားတဲ့ email account ဆီကို email အသစ်ဝင်လာတိုင်း ဝန်ထမ်းအသစ်ရဲ့ email Mailbox ထဲကို Forward လုပ်ပေးပါပြီ။

ဝန်ထမ်းအသစ်အနေနဲ့လဲ ဒီဝင်လာတဲ့ email ဟာ Disable လုပ်ထားတဲ့ email account ဆီက ဆိုတာအလွယ်တကူ သိနိုင်ပါတယ်။


သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာတခုအတွင်း Mailbox forward လုပ်ခြင်းကို ရပ်လို့ ရပြီး ရပ်ပါလို့ တောင်းဆိုလာပြီဆိုရင် ပုံမှာ ပြထားသလို Forward to: ဆိုတဲ့ Check box လေးကို uncheck လုပ်လိုက်ရင် ရပါပြီ။


Command line ကနေ ဆိုရင်တော့ [PS] C:\>set-mailbox Account that you disabled -ForwardingAddress $null ပေါ့။

ဒါဆို သင့်အနေနဲ့ မေးခွန်းမေးလာစရာရှိပါတယ်။

Disable လုပ်ထားတဲ့ account ကို Mailbox Forwarding လုပ်လို့ရလားပေါ့။

ဒါဆို ဖြေရပါလိမ့်မယ် ရပါတယ်လို့။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to Fix Master Browser (MRxSmb) Event ID 8003 errors

လွန်ခဲ့တဲ့ (၂) ရက်က Customer Site တခုမှာ Server Hang တဲ့ issue တခုဖြစ်လို့ သွားဖြေရှင်းပေးရပါတယ်။

ဖြစ်တဲ့ issue က Server ကို ဖြတ်ပြီး Workstation တွေက Email စစ်လို့မရတော့ဘူး။

Browser တွေ အလုပ်မလုပ်တော့ဘူး.... Shared Drive တွေကို ဝင်ကြည့်လို့မရတော့ဘူး။

အဲဒီအခြေအနေတွေဖြစ်နေချိန်မှာ Server က Not Responding ဖြစ်နေတာပါ။

Server ကို Restart လုပ်လိုက်ရင်တော့ သုံးလို့ ပြန်အဆင်ပြေသွားပါတယ်။

Domain Level Server တော့ မဟုတ်ပါဘူး။ Server ကို Workgroup Level မှာပဲ သုံးထားတာပါ။

ဒီတော့ Server ရဲ့ Event Log ကို ဝင်စစ်ပါတယ်။

Master Browser (MRxSmb) Event ID 8003 errors ကိုတွေ့ပါတယ်။

ဒီ error မျိုးဟာ Workgroup Network တွေမှာ အဖြစ်များတာတွေ့ဖူးနေကြပါ။

ဖြေရှင်းပုံက လွယ်ပါတယ်။

Workstation တွေရဲ့ Servies မှာ Computer Browser Service ကို Stop လုပ်ပြီး Starup Type နေရာမှာ Disable or Manual လုပ်လိုက်ရင် ရပါပြီ။

နောက်တခုက VPN Connection သုံးတဲ့ Application တွေ Remote Login သုံးတဲ့ Application တွေကို သေချာစစ်ဆေးဖို့လိုပါတယ်။

မလိုအပ်ရင် ဖြုတ်ပစ်လိုက်ဖို့လိုပါတယ်။

ဒီ Server ပေါ်မှာတော့ Hamachi Logmein ဆိုတာ Install လုပ်ထားပါတယ်။

အဲဒီကောင်ကလဲ ပြဿနာပေးပါတယ်။

Windows တက်လာတာနဲ့ တပြိုင်နက် ဒီကောင်ကလဲ Run ပါတယ်။ Network ကို Search လုပ်ပါတယ်။ Resolved မလုပ်နိုင်တဲ့ အခါ ပြဿနာ ပေးတေ့တာပါပဲ။

အဲဒီကောင်ကို ပါဖြုတ်ပေးလိုက်ရပါတယ်။

ဒီ Master Browser ပြဿနာက Server နဲ့ Workstation တွေရဲ့ Browser Service တွေ နေရာလုရာကနေ ဖြစ်ရတာပါ။

တကယ်လို့ ဒီလိုအဖြစ်မျိုး ကြုံရင် Browser Service လေးကို တာ Stop လုပ်ပေးလိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။

Startup ကိုတော့ ကျတော် က Manual ပဲ ထားပေးလေ့ရှိပါတယ်။ သင်တို့ အနေနဲ့ကတော့ Disable လုပ်ချင်လဲ ရပါတယ်။

သူ့ကို Disable လုပ်လိုက်လို့ တခြား Service တွေကို ထိခိုက်မှု မရှိပါဘူး...ဘယ် Service နဲ့မှ Dependent မဖြစ်နေပါဘူး။

တကယ်လို့ ဒါနဲ့တင် ပြဿနာ မပြေလည်သေးရင်

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\Browser\Parameters\IsDomainMaster ကိုသွားပြီး Value ကို False လုပ်ပေးထားလိုက်ပါ။

(ပုံမှန်အားဖြင့် ဒီအဆင့် ကို သင့်အနေနဲ့ မလိုအပ်ပါဘူး။)

ဒါဆို ပြေလည်သွားပါလိမ့်မယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to configure the file size limit of (.pst) and (.ost) in Outlook 2010,2007 and 2003?

မနေ့က Customer Site တခုကိုမှာ Backup Server က Fail ဖြစ်ဖြစ်သွားတဲ့ issue တခုသွားရှင်းပေးရတယ်။

ဖြစ်တဲ့ ပြဿနာက user တယောက်ရဲ့ outlook pst file တခု corrupt ဖြစ်နေလို့ backup server က verify လုပ်မရပဲ Fail ဖြစ်ဖြစ်သွားတာ။

ဒါနဲ့ အဲဒီ user ရဲ့ pst file လေး repair လုပ်ပေးလိုက်တော့ အဆင်ပြေသွားပါတယ်။

ပြောချင်တာက ဒါ မဟုတ်ပါဘူး။

In-charge လုပ်တဲ့သူက Mail File Size တွေကို စစ်ခိုင်းလို့ စစ်ပေးရင်းကနေ File Size တွေ တအားကြီးရင် Outlook က တအားလေးသွားတဲ့ အကြောင်းမေးလာပါတယ်။

ဒါနဲ့ ရှင်းပြတာပေါ့။

သူတို့ သုံးတာက Outlook 2003 လေ။

pst and ost file တွေရဲ့ Warning File Size က 1.816 GB

Maximum File Size က 1.933 GB ဖြစ်တယ်ဆိုတဲ့အကြောင်း Warning File Size ရောက်လာရင် Outlook က Warning Prompt လုပ်မယ်ဆိုတဲ့ အကြောင်းရှင်းပြလိုက်ပါတယ်။

ဒီတော့ user က 1GB လောက်ရောက်တာနဲ့ Warning ပေါ်စေချင်တယ်... ဒါမှာ သူ့အနေနဲ့ Archive လုပ်တာမျိုး Mail Box Size ကို Reduce လုပ်ချနိုင်မှာဖြစ်ကြောင်း ပြောလာပါတယ်။

ဒါနဲ့ အောက် က အတိုင်းလေး လုပ်ပေးလိုက်တယ်ပေါ့ဗျာ။

သင်တို့ အနေနဲ့ Outlook ကို အခုလိုမျိုးလေး Manage လုပ်ပေးထားမယ်ဆိုရင် အဆင်ပြေတာပေါ့ဗျာ။

Outlook 2010
ဒီမှာ Policy ပါ
HKEY_CURRENT_USER\Software\Policies\Microsoft\Office\14.0\Outlook\PST
ဒီမှာ user preference ပါ
HKEY_CURRENT_USER\Software\Microsoft\Office\14.0\Outlook\PST
Outlook 2007
ဒီမှာ Policy ပါ
HKEY_CURRENT_USER\Software\Policies\Microsoft\Office\12.0\Outlook\PST
ဒီမှာ user preference ပါ
HKEY_CURRENT_USER\Software\Microsoft\Office\12.0\Outlook\PST
Outlook 2003
ဒီမှာ Policy ပါ
HKEY_CURRENT_USER\Software\Policies\Microsoft\Office\11.0\Outlook\PST
ဒီမှာ user preference ပါ
HKEY_CURRENT_USER\Software\Microsoft\Office\11.0\Outlook\PST

Size Limit တွေ ပြောင်းမယ်ဆိုရင်တော့...

၁) Start>Run
၂) Type Regedit and OK
၃) HKEY_CURRENT_USER\Software\Policies\Microsoft\Office ထိရောက်အောင် သွားပါ။
၄) Outlook 2003 အတွက်ဆိုရင် 11.0, Outlook 2007 အတွက်ဆိုရင် 12.0, Outlook 2010 အတွက်ဆိုရင် 14.0 ကို Expand လုပ်ပါ။
၅) PST ကို Click လုပ်ပြီး MaxFileSize ကို Right Click လုပ်ပါ။
၆) Modify ကို Click လုပ်ပြီး Value data box မှာ ကိုယ် ထည့်ချင်တဲ့ Maximum File Size ကို ထည့်ပါ။ ပြီးရင် OK ပေါ့။
၇) WarnFileSize ကို Right Click လုပ်ပြီး အဆင့် (၅) (၆) အတိုင်း လုပ်ပါ။
၈) MaxLargeFileSize ကို Right Click လုပ်ပြီး အဆင့် (၅) (၆) အတိုင်း လုပ်ပါ။
၉) WarnLargeFileSize ကို Right Click လုပ်ပြီး အဆင့် (၅) (၆) အတိုင်း လုပ်ပါ။

ဒါဆိုရင် ပြီးပါပြီ။

တကယ်လို့ သင့်အနေနဲ့ PST ဆိုတဲ့ Registry Values တွေကို ရှာမတွေ့ခဲ့ရင်။ Create လုပ်ရမှာပါ။

အောက်က အတိုင်း လုပ်ပါ။

၁) Start>Run, Type Regedit and OK
၂)  ဘယ်ဖက်ခြမ်းမှာ အောက်က ပြထားသလို registry key တွေကို expand လုပ်ပါ။

For Outlook 2010
HKEY_CURRENT_USER\Software\Policies\Microsoft\Office\14.0\Outlook
For Outlook 2007
HKEY_CURRENT_USER\Software\Policies\Microsoft\Office\12.0\Outlook
For Outlook 2003
HKEY_CURRENT_USER\Software\Policies\Microsoft\Office\11.0\Outlook

၃) သက်ဆိုင်ရာ Outlook ပေါ်မှာ Right Click,New,Key လုပ်ပြီး PST လို့ အမည်ပေးလိုက်ပါ။ ပြီးရင် Enter ပေါ့။
၄) PST ပေါ်မှာ Right Click,New,DWORD လုပ်ပြီး MaxFileSize လို့ အမည်ပေးလိုက်ပါ။ ပြီးရင် Enter နှစ်ကြိမ်နှိပ်ပါ။
၅) Edit DWORD Value Window ပေါ်လာပါမယ်။ Value data box မှာ မိမိလိုချင်တဲ့ Value ထည့်ပါ။ ပြီးရင် OK နှိပ်ပါ။
၆) WarnFileSize, MaxLargeFileSize, WarnLargeFileSize တွေရဲ့ DWORD Value ကို ပြောင်းဖို့ အဆင့် (၃) (၄) (၅) အတိုင်းလုပ်ပါ။

ဒါဆို ပြီးပါပြီ။

ဒီမှာသတိထားရမယ့် အချက်လေးတွေကတော့

FileSize Registry Value တွေတခုနဲ့တခု ဟာ 5% ခြားရပါမယ်။

LargeFileSize Registry Value တွေတခုနဲ့ တခု ဟာ 5% ခြားရပါမယ်။

နောက်တခုက အပေါ်မှာ ပြထားတဲ့ ဇယားထဲ က တန်ဖိုးတွေထက် ကျော်ပြီး ပေးလို့မရပါဘူး။
ပေးထားရင်လဲ ဇယားထဲက Maximum Size ကိုပဲ Default ပြန်လုပ်ပါလိမ့်မယ်။

WarnFileSizeRegistry entry Default Value ဟာ unicode file ကို သုံးတဲ့ MaxFileSize Registry Entry ရဲ့ 95% ထားပါတယ်။

.ost or .pst files တွေက WarnFileSize or WarnLargeFileSize registries limit ကိုရောက်ရင် email sent လို့မရတော့ပါဘူး။

သင့်အနေနဲ့ email messages တွေကို delete or archive လုပ်လို့တော့ရပါတယ်။

ဒါပေမယ့် သင် archive လုပ်မယ့် .pst file က AutoArchive Function ကို သုံးမယ်ဆိုရင် AutoArchive Operation Fail ဖြစ်မှာပါ။

သင့် email files တွေ maximium limit ကို ရောက်နေပြီဆိုရင် အောက်မှာ ပြထားသလို error မျိုးတွေ သင်တွေ့ရပါလိမ့်မယ်

Maximium Limit ကို ရောက်နေတဲ့ .pst or .ost files တွေကို move လုပ်မယ်ဆိုရင် အောက်က လိုမျိုး error တက်ပါမယ်။



Maximium Limit ကို ရောက်နေတဲ့ Cached Exchange Mode သုံးတဲ့ .pst or .ost file တွေ ကို mail file location ကို deliver လုပ်ရင် Mailbox Cleanup Wizard ပေါ်လာပါလိမ့်မယ်။

ကဲ... ဒီလောက်ဆို Outlook Mail File Size အကြောင်း သိမယ်လို့ ထင်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Related Posts Plugin for WordPress, Blogger...