What is different IP Base and IP Services in Cisco IOS and How to choose right one?

Cisco Device တွေရဲ့ Administrator တယောက်အနေနဲ့ မလွှဲမသွေ သင်ကြုံတွေ့ရမှာက IOS Upgrade လုပ်ရခြင်းပါ။

ဒီအတွက် သင့်ကိုခေါင်းအနည်းငယ်စားစေမှာကတော့ ဘယ် IOS အမျိုးအစားကို Upgrade လုပ်ရမှာလဲ ဆိုတာပါပဲ။

ကိုယ့် Cisco Device ရဲ့ Model ပေါ်မူတည်ပြီး သင် Cisco Website မှာ IOS ရှာရတဲ့ အခါ အောက်ကလိုမျိုး တွေ့ပါလိမ့်မယ်။



ဒီအခါမှာ သင့်အနေနဲ့ IP Base လား IP Services လားရွေးရခက်နေမှာပါ။

ဒီအတွက် ရွေးချယ်ရလွယ်အောင် ကျနော် အနည်းငယ် ရှင်းပြချင်ပါတယ်။

Cisco IOS တွေမှာ ပုံမှန် အားဖြင့်
၁) LAN Lite
၂) LAN Base
၃) IP Base
၄) IP Services ဆိုပြီးတော့ ၄ မျိုးရှိပါတယ်။

LAN Lite ကတော့ Enterprise Entry Level Layer 2 Switching အတွက်ဖြစ်ပါတယ်။
LAN Base ကတော့ Enterprise Access Layer 2 Switching အတွက်ပါ။
IP Base ကတော့ Enterprise Access Layer 3 Switching အတွက်ဖြစ်ပြီး
IP Services ကတော့ Advanced Layer 3 Switching အတွက်ဖြစ်ပါတယ်။

Standard Multilayer Software Image (SMI) Switch တွေမှာ IP Base ကို သင်တွေ့ရမှာဖြစ်ပြီး
Enhanced Standard Multilayer Software Image (EMI) Switch တွေမှာ IP Services ကို သင်တွေ့ရမှာပါ။
ဒီ IOS  ၂ မျိုးလုံးကို Release 12.2(25)SEB နဲ့ နောက်ပိုင်းထွက်တဲ့ Software Image တွေမှာ သင်တွေ့ရမှာပါ။


Inter Vlan routing feature ကို SMI , EMI Switch တွေမှာ သင်ရနိုင်ပါတယ်။

IP Base မှာကတော့ Advanced Quality of Service (QoS), Rate Limiting, Access Control Lists (ACLs) နဲ့ Basic Static and Routing Information Protocol (RIP) စတဲ့ Feature တွေ သင်အသုံးချနိုင်မှာပါ။

IP Services မှာကတော့ Dynamic IP Routing Protocols တွေဖြစ်တဲ့ Open Shortest Path First (OSPF), Border Gateway Protocol (BGPv4), Enhanced Interior Gateway Routing Protocol (EIGRP) စတဲ့ Feature တွေကို အသုံးချနိုင်ပါတယ်။

တကယ်လို့များ သင့် Devices Model က Advanced IP Services ထိ Install လုပ်လို့ရတယ်ဆိုရင်တော့
IP Version 6 (IPv6) Layer 3 Switching ကိုပါ သင်အသုံးချနိုင်ပါတယ်။

တကယ်လို့များ သင့်အနေနဲ့ ကိုင်တွယ်နေရတဲ့ Network က Basic Layer 2 Access ထက် မပိုဘူး၊ Routing, Advanced Security နဲ့ Management ပိုင်းတွေ မလိုဘူးဆိုရင်တော့ LAN Base အမျိုးအစား IOS ကိုပဲ ရွေးချယ်သင့်ပါတယ်။

ကဲ...ဒီလောက်ဆို IOS ကို ဘယ်လိုရွေးချယ်သင့်တယ်ဆိုတာကို အကြမ်းဖျင်းအားဖြင့် သိပြီလို့ ယူဆပါတယ်။

တကယ်တော့ Cisco IOS တွေအကြောင်းက ဒီထက် ပိုမိုကျယ်ပြန့်ပါတယ်။

သေသေချာချာ သိချင်ရင်တော့ မူရင်း Cisco Website ကိုသွားပြီး Release Notes လို Technical Note လိုဟာမျိုးတွေကို ဖတ်ဖို့ တိုက်တွန်းပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)