Internet Access ရတိုင်း အချိန်လည်း ဖြစ်တယ်... ကိုယ်လည်း စာရေးဖို့ အားတဲ့ အချိန် လေး လဲ ဖြစ်တယ်... ဆိုတဲ့ အချိန်မှာ အများသူငှာ အကျိုးရှိစေမယ့် စာလေးတွေ ရေးမယ် လို့ ကြံရွယ်ပြီး... Blog စာမျက်နှာကို ဖွင့်လိုက်တိုင်း စိတ်ပျက်စရာ စာတမ်းနဲ့ပဲ တိုးတိုးနေတဲ့... မြန်မာပြည်ရဲ့ အင်တာနက်...
နည်းအမျိုးမျိုးနဲ့ကြိုးစားပြီးတင်လိုက်တိုင်း...ပြုတ်ပြုတ်ကျသွားတတ်တဲ့... မြန်မာပြည်ရဲ့ အင်တာနက်...
တင်လိုက်လို့ ကံကောင်းထောက်မစွာနဲ့ Blog ပေါ်ရောက်သွားတဲ့ Post ကို Category ခွဲချင်လို့ပဲဖြစ်ဖြစ်...
Blog လေးကို ပြင်ချင်လို့ပဲ ဖြစ်ဖြစ်...ဖွင့်လို့မရတဲ့.... ဒီမိုကရေစီ ကို ဦးတည်နေပါသော... မြန်မာပြည်ရဲ့ အင်တာနက်...
ကိုယ့်ရဲ့ Web Hosting Account လေး ကို ဝင်ပြင်ချင်တဲ့ အခါ .... ကြိုးစားလိုက်တိုင်း... Access Denied ... Connection Time Out ပေါ်ပေါ်လာတတ်တဲ့... ခေတ်မှီဖွံ့ဖြိုးတိုးတက်ပါသော မြန်မာပြည်ရဲ့ အင်တာနက်ရယ်...
ဒါမျိုးတွေနဲ့ ကြုံဆုံလာတိုင်း စိတ်ရှိလက်ရှိ အသားကုန်သာ ထိုင်ဆဲ ချင်ပါတော့တယ်... စာဖတ်သူ မိတ်ဆွေများရယ်....
တခါတုန်းကပေါ့ဗျာ... Computer တစ်လုံးကို Windows 7 တင်ပေးရတယ်။
ထုံးစံအတိုင်း Windows Loader တွေ ဘာတွေနဲ့ Activation အဆင့်ကို ကျော်ပြီး အဆင်ပြေသွားပြီပေါ့။
အဲဒီ Computer က အင်တာနက် access ရတယ်။
ဒီတော့ Windows လဲ တင်ပြီးရော...ကိုယ်က စေတနာပိုပြီး Update တွေ လုပ်ပါတယ်...
ဒီမှာ ပြဿနာ တက်ပါတော့တယ်... ဘယ်လိုလဲဆိုတော့... ကိုယ့် Windows Loader က အဟောင်းကြီးဖြစ်နေတယ်လေ...
Windows Update က Activation ကို စစ်ချလိုက်တော့... နောက်ဆုံးမှာ... Update ဖြစ်တဲ့ Loader က လဲ မရှိတော့... တိုင်ပတ်တာပေါ့...
Activation လုပ်ဖို့ Notice တွေ က ခဏ ခဏ တက်နေတော့တာပဲပေါ့ဗျာ...
ဒါနဲ့ Google နဲ့ ရှာတော့... ဒီလိုမျိုး ဖြစ်ရင်... Loader အသစ်မရခင် စပ်ကြားကာလ မှာ Notice မပေါ်အောင် ဒီလို လုပ်ရပါတယ်တဲ့ဗျာ...
Start>Run>regedit.exe လို့ ရိုက် Enter ခေါက်လိုက်ပြီး
HKLM\SOFTWARE\Microsoft\Windows NT\CurrentVersion\SoftwareProtectionPlatform\Activation အထိ ရောက်အောင် သွားလိုက်ပါ...
NotificationDisabled ဆိုတာကို ညာဖက်ခြမ်း မှာ တွေ့အောင်ရှာပါ... တွေ့ရင် Double Click လုပ်ပြီး... Value Data မှာ 1 ပြောင်းပေးလိုက်ပါ။
ကဲ... Notice ကြီး ပေါ်မလာတော့ပါဘူးဗျာ။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
လောလောဆယ် GSM လိုင်းပေါင်း သန်း (၃၀) Project အတွက် သင်တန်းတွေတက်၊ Survey တွေလုပ်... Presentation တွေ နားထောင်.... နဲ့... အလုပ်တွေ အရမ်းများနေလို့... Post တွေ မတင်နိုင်ပါ...
နောက် အချိန် များ ရရင်တော့ GSM နဲ့ ပတ်သက်တဲ့ Post တွေ ရေးဖြစ်ပါမယ်။