Fortigate guide for Begineer - 9


အများအားဖြင့် Company Network တခုမှာ Finicial ပိုင်းရဲ့ Computer တွေက Finicial Application တွေကို သုံးတဲ့အခါ သူတို့အတွက် IP Address က Reserved လုပ်ထားဖို့လိုပါတယ်။

ဥပမာအားဖြင့် Bloomberg လို မျိုး Software တွေသုံးတဲ့အခါ Transaction လုပ်ဖို့ အတွက် Server ကို Connection လုပ်ရပါတယ်။ ဒီအခါ မှာ Server က သတ်မှတ်ထားတဲ့ IP/MAC မဟုတ်တာနဲ့ Connect လုပ်မရတော့ပါဘူး။

ဒီတော့ သင့်အနေနဲ့ Company Network ကို Fortigate ကနေ DHCP ချပေးထားတဲ့အခါ IP ကို Reserve လုပ်ထားဖို့ လိုပါတယ်။

အခု လိုအပ်တဲ့ Computer ကိုပဲ Fortigate ထဲမှာ IP Reserve လုပ်ပါမယ်။

၁) Fortigate Unit ထဲကို Log in ဝင်ပါ။ System>Network>DHCP Server ကိုသွားပြီး DHCP Server ကို Edit လုပ်ပါ။
၂) IP Reservation ကို Select လုပ်ပါ။ Create New ကို Select လုပ်ပြီး MAC နှင့် IP Address ကို ထည့်ပေးပါ။ Reserve လုပ်ချင်တဲ့ Computer ရဲ့ MAC နှင့် Reserve လုပ်မယ့် IP ဖြစ်ရပါမယ်။
    ( IP Address က လဲ DHCP Range ထဲက IP Address ဖြစ်ဖို့ လိုပါတယ်။)


ဒါက Fortigate Unit နဲ့ Connect မလုပ်ရသေးတဲ့ Computer အတွက် Reserve လုပ်ပုံလေးပါ။

တကယ်လို့ Computer က Fortigate Unit နဲ့ ချိတ်ထားပြီးသားဆိုရင်တော့ သူက IP Address ကို DHCP Server ကနေ ရယူထားပြီးသားဖြစ်နေပါမယ်။

ဒါဆိုရင် Add from DHCP Client List ဆိုတာကို ရွေးပေးလိုက်တာနဲ့ Reserve လုပ်ချင်တဲ့ Computer ရဲ့ MAC နဲ့ လက်ရှိ ရထားတဲ့ IP Address ကို သင်တွေ့ပါမယ်။

ပေါ်လာတဲ့ List ထဲက သင် Reserve လုပ်မယ့် PC ကို Select လုပ်ပြီး Add to Reserved ကို Select လုပ်လိုက်ပါ။

IP Reserved လုပ်ခြင်း ပြီးပါပြီ။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment