How to solve Naviswoks Network License unable to get from network in VPN connection?

Navisworks ကို VPN Connection သုံးပြီး Remote Site ကနေ Main Office က License Server ကို လှမ်းချိတ်သုံးတဲ့ အခါ အောက်က Error မျိုးပေါ်လာတတ်ပါတယ်။

"A valid license could not be obtained by the network license manager.

Error [1.5.-15]"

"A valid license could not be obtained by the network license manager.

Error [1.5.-18]"

ဒီ Error မျိုး အများဆုံးဖြစ်ရခြင်းက Slow Network Connection ကြောင့်ပါ။

ဒါကို အောက်က နည်းလမ်းအတိုင်း ရှင်းလို့ရပါတယ်။

၁) My Computer ကို Right Click ပြီး Properties ကို Click ပါ။ (Windows Vista , Windows 7 များမှာ Advanced System Settings ကို Click ပါ။)
၂) System Properties dialog box ပေါ်လာရင် Advanced Tab ကို Click ပါ။
၃) Environment Vairables ကို Click ပါ။
၄) System Variables ရဲ့ New ကို Click ပါ။
၅) New User Variable dialog box မှာ FLEXLM_TIMEOUT ကို ထည့်ပေးပြီး Value နေရာမှာ 10000000 ကို ထည့်ပေးပါ။
၆) ပြီးရင် OK , OK ပေါ့ဗျာ။
၇) Navisworks ကို ပြန်ဖွင့်ကြည့်ပါ။

License Error မတက်တော့တာကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ Error ပေါ်နေသေးတယ်ဆိုရင် Value တန်ဖိုးကို နည်းနည်းစီတိုးပြီးစမ်းကြည့်ပါ။ အဆင်ပြေတဲ့ Value ရောက်ရင် ရပ်ပါ။
Value ဆိုတာ တခြားမဟုတ်ပါဘူး Time in second ပါ။ 10000000 microseconds ပေါ့။

Autodesk က Application တွေ အားလုံးနီးပါး အတွက် သုံးလို့ရပါတယ်။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment