Useful Tool to partition SD memory card

ပုံမှန်အားဖြင့် Android ဖုန်းတွေဟာ SD memory card ပေါ်မှာ Application တွေတင်လို့မရပါဘူး။
ဒီတော့ Phone interneal memory ပေါ်မှာပဲ Application တွေတင်ရပါတယ်။
အဲဒီမှာ ပြဿနာက Application တွေ install လုပ်ထားတာ များလာတာနဲ့ အမျှ Phone ရဲ့ Speed က နှေးကွေးလာခြင်းဖြစ်ပါတယ်။
ဒီလိုပြဿနာမျိုးမဖြစ်ရအောင် Application တွေကို SD memory card ပေါ်ကို ရွှေ့လို့ရအောင် လုပ်ယူကြရပါတယ်။
ဒီအတိုင်း ချက်ချင်း ရွှေ့လို့ရလားဆိုတော့ မရပါဘူး... ဖုန်းဟာ Root လုပ်ပြီးသားဖြစ်ရမယ်။ SD memory card ကို Partition (၂) ပိုင်း ပိုင်းထားရမယ်။
ပြီးတော့မှ Application တခုခု သုံးပြီး ရွှေ့လို့ရပါတယ်။
 Android Phone များကို Root လုပ်နည်းကို ဒီမှာ ရေးထားပါတယ်။
Root လုပ်ပြီးပြီဆိုမှ SD memory card ကို Partition ပိုင်းပါမယ်။
ဒီအတွက်... MiniTool Partition Wizard ဆိုတဲ့ Application လေးကို ညွှန်းချင်ပါတယ်။
- Home
- Professional
- Server
- Enterprise ဆိုပြီး (၄) မျိုးရှိပါတယ်။

Home Edition က free ရပါတယ်။ အသေးစိတ်သိချင်တယ်ဆိုရင် ဒီမှာ သွားဖတ်ကြည့်နိုင်ပါတယ်။
င်္File size က 7.52 MB ရှိပြီး... Windows 2000/XP/Vista နဲ့ Windows 7 အားလုံးမှာ အလုပ်လုပ်ပါတယ်။
http://download.cnet.com/Partition-Wizard-Home-Edition/3000-2094_4-10962200.html?part=dl-6285158&subj=dl&tag=button
အသုံးပြုပုံ ပြုနည်းကိုတော့ အသေးစိတ်မရေးတော့ပါဘူး။ Partition Magic, Paragon Partition Manager အစရှိတဲ့ Software များ နှင့် အလုပ်လုပ်ပုံ တူပါတယ်။

လိုချင်သူများကတော့ ဒီမှာ Download လုပ်နိုင်ပါတယ်။




ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment