စိတ်ကုန်တယ် !!!






Internet Access ရတိုင်း အချိန်လည်း ဖြစ်တယ်... ကိုယ်လည်း စာရေးဖို့ အားတဲ့ အချိန် လေး လဲ ဖြစ်တယ်... ဆိုတဲ့ အချိန်မှာ အများသူငှာ အကျိုးရှိစေမယ့် စာလေးတွေ ရေးမယ် လို့ ကြံရွယ်ပြီး... Blog စာမျက်နှာကို ဖွင့်လိုက်တိုင်း စိတ်ပျက်စရာ စာတမ်းနဲ့ပဲ တိုးတိုးနေတဲ့... မြန်မာပြည်ရဲ့ အင်တာနက်...

နည်းအမျိုးမျိုးနဲ့ကြိုးစားပြီးတင်လိုက်တိုင်း...ပြုတ်ပြုတ်ကျသွားတတ်တဲ့... မြန်မာပြည်ရဲ့ အင်တာနက်...

တင်လိုက်လို့ ကံကောင်းထောက်မစွာနဲ့ Blog ပေါ်ရောက်သွားတဲ့ Post ကို Category ခွဲချင်လို့ပဲဖြစ်ဖြစ်...
Blog လေးကို ပြင်ချင်လို့ပဲ ဖြစ်ဖြစ်...ဖွင့်လို့မရတဲ့.... ဒီမိုကရေစီ ကို ဦးတည်နေပါသော... မြန်မာပြည်ရဲ့ အင်တာနက်...

ကိုယ့်ရဲ့ Web Hosting Account လေး ကို ဝင်ပြင်ချင်တဲ့ အခါ .... ကြိုးစားလိုက်တိုင်း... Access Denied ... Connection Time Out ပေါ်ပေါ်လာတတ်တဲ့... ခေတ်မှီဖွံ့ဖြိုးတိုးတက်ပါသော မြန်မာပြည်ရဲ့ အင်တာနက်ရယ်...



ဒါမျိုးတွေနဲ့ ကြုံဆုံလာတိုင်း စိတ်ရှိလက်ရှိ အသားကုန်သာ ထိုင်ဆဲ ချင်ပါတော့တယ်... စာဖတ်သူ မိတ်ဆွေများရယ်....



No comments :

Post a Comment