Troubleshooting password lockout in Lotus Notes Traveler for iPhone/iPad


ခုတလော Customer Company တခုရဲ့ iPhone/iPad User တော်တော်များများ Lotus Notes Account Password Lockout ဖြစ်တဲ့ ပြဿနာ အဖြစ်များတာကို ဖြေရှင်းပေးရပါတယ်။

တကယ်တော့ User အနေနဲ့ Webmail ကို အသုံးပြုနေချိန်မှာ Company Policy အရ Webmail password ပြောင်းဖို့ လိုတဲ့အခါ ဖြစ်စေ...မိမိသဘောအရ password ပြောင်းတဲ့အခါ ဖြစ်စေ...

Webmail password ကိုပဲပြောင်းပစ်လိုက်တတ်ကြပြီး iPhone/iPad တွေရဲ့ Lotus Notes Traveler မှာ password ကို update လုပ်ဖို့မေ့နေရာကနေ password lockout ဖြစ်တာပါ။

ဒီလိုဖြစ်ရခြင်းကလဲ iPhone/iPad တွေမှာ update မဖြစ်တဲ့ password အဟောင်းကြီးနဲ့ backgroud မှာ server နဲ့ sync လုပ်ပါတယ်။

ဒီအခါမှာ password အဟောင်းနဲ့ login လုပ်နေသလိုဖြစ်တာကနေ Account Login Time Threadshold ကို ရောက်တာနဲ့ lockout ဖြစ်တော့တာပါပဲ။

ဒီပြဿနာကို ဒီလိုရှင်းရအောင်ဗျာ...


၁) iPhone/iPad ရဲ့ Settings ကိုသွားပြီး Airplane Mode ကို On ပါ။
၂) Settings>Mail,Contacts,Calendar ကိုသွားပြီး IBM Lotus Notes Traveler>Account ကိုဖွင့်ပါ။ Password နေရာမှာ update password ကိုထည့်ပြီး Done လုပ်ပါ။
၃) Airplane Mode ကို ပြန် Off ပါ။

ကဲ ဒါဆိုရင် သင့် Lotus Notes Traveler password lockout ကိစ္စပြေလည်သွားပါပြီ။

သတိထားဖို့လိုတာလေးကတော့...password အသစ် update လုပ်တဲ့အချိန်မှာ webmail မှာ မိမိ update လုပ်ထားတဲ့ အတိုင်း မမှားအောင် Update လုပ်ဖို့လိုပါတယ်။
password ကို တခါပဲ ရိုက်ထည့်ရမှာ ဖြစ်တဲ့အတွက် မှားလို့ရှိရင် သင့် lotus notes traveler lockout ပြန်ဖြစ်မှာပါ။

အထက်ပါ အဆင့်တွေ မလုပ်ခင်မှာ သင့် lotus notes traveler ကို administrator မှ unlock လုပ်ထားပေးဖို့ လိုပါတယ်။


iPhone/iPad လို့ ရေးထားပေမယ့် Lotus Notes Traveler အသုံးပြုလို့ရတဲ့ Apple Device တိုင်းအတွက် အကျုံးဝင်ပါတယ်။

နောက်ပြီး Android, Windows OS များသုံးထားတဲ့ device များအတွက်လဲ concept က အတူတူပဲ ဖြစ်လို့ reference အနေနဲ့ အသုံးပြုနိုင်ပါသေးတယ်။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment