How to reboot Cisco Router and Switch remotely with schedule?

Router, Switch တွေကို Manage လုပ်ရတဲ့ သင့်အတွက် အခါအားလျော်စွာ Remote Manage လုပ်ရပါလိမ့်မယ်။

အဲလို Manage လုပ်တဲ့ အလုပ်ထဲမှာ Access-List , Routing စတာမျိုးတွေကို Modify လုပ်ဖို့လိုတဲ့အခါ သတိထားဖို့လိုပါတယ်။

သင် တခုခုလွဲပြီး လုပ်လိုက်တာနဲ့ Router , Switch နဲ့ ချိတ်ဆက်ထားတဲ့ Remote Connection ပြတ်တောက်သွားပြီး သင်ဘယ်လိုမှ ပြန် Remote ဝင်ဖို့ မဖြစ်နိုင်တော့ပါဘူး။

ပိုဆိုးတာက သင် ပြင်လိုက်တဲ့ Configuration က Production ကိုပါ ထိခိုက်ပြီဆိုရင် အကျိုးဆက်က ပိုဆိုးပါတယ်။

ဒီလိုအဖြစ်က ရှောင်လွဲနိုင်အောင် Router , Switch တွေကို Schedule Reboot လုပ်ထားရင် အဆင်ပြေပါတယ်။

Command က အရမ်းရိုးရှင်းပါတယ်။ ဒီလိုပါ။


Router(config)#reload in 5
Reload scheduled in 5 minutes
Proceed with reload? [confirm] yes

reload က reboot လုပ်ခိုင်းတာပါ။

in 5 ဆိုတာကတော့ ၅ မိနစ်နေရင် Reboot လုပ်ပါလို့ ပြောထားတာပါ။

Configuration ကို မပြင်ခင် အရင်ဆုံး ဒီ Reload command ကို မဖြစ်မနေ run ထားဖို့ လိုပါတယ်။ ဒါမှသာ သင်ပြင်လိုက်တဲ့ Configuration ကြောင့် ချက်ချင်း Remote Connection ပြတ်တောက်သွားရင် သတ်မှတ်ထားတဲ့ အချိန်မှာ ပြန် Remote ဝင်လို့ရမှာပါ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeabel, pass it on then)

No comments :

Post a Comment