Border Gateway Protocol - 3


Default အနေနဲ့ eBGP နဲ့ neighbor adjacency လုပ်ထားတဲ့ Router ၂ လုံးဟာ အချင်းချင်း တိုက်ရိုက်ချိတ်ဆက်ထားဖို့လိုပါတယ်။
ဘာလို့လဲဆိုတော့ eBGP router တွေရဲ့ Time To Live (TTL) က 1 မို့လို့ပါ။
ဒီတော့ အောက်က Topology လိုမျိုးဆိုရင် R1 က R3 ကိုရောက်ဖို့ Hop Count က 1 ထက်ပိုနေသလို  R3 ကနေ R1 ကိုရောက်ဖို့လဲ 1 Hop Count ထက်ပိုနေပါတယ်။
ဒါကြောင့် R1 BGP Packet ရဲ့ TTL တန်ဖိုး က R2 ဆီကိုရောက်တာနဲ့ 0 ဖြစ်သွားမှာ ဖြစ်ပြီး R3 BGP Packet ရဲ့ TTL တန်ဖိုးလဲ R2 ဆီကိုရောက်တာနဲ့ 0 ဖြစ်သွားမှာပါ။
ဒါဆိုရင် eBGP neighbor မဖြစ်တော့ဘူးပေါ့။

Interface IP Address, BGP နဲ့ Static Route တွေကို ပုံထဲကအတိုင်း သက်ဆိုင်ရာ Router ၃ လုံးမှာ ကိုယ့်ဖာသာ ကိုယ် Configure လုပ်ကြည့်ပါ။

R1(config)#int s2/0
R1(config-if)#ip add 10.12.12.1 255.255.255.0
R1(config-if)#no shut
R1(config-if)#exit

R1(config)#ip route 10.23.23.3 255.255.255.255 10.12.12.2

R1(config)#router bgp 100
R1(config-router)#neighbor 10.23.23.3 remote-as 300

R2(config)#int s2/1
R2(config-if)#ip add 10.12.12.2 255.255.255.0
R2(config-if)#no shut
R2(config-if)#int s2/2
R2(config-if)#ip add 10.23.23.2 255.255.255.0
R2(config-if)#no shut

R3(config)#int s2/3
R3(config-if)#ip add 10.23.23.3 255.255.255.0
R3(config-if)#no shut
R3(config-router)#exit

R3(config)#ip route 10.12.12.1 255.255.255.255 10.23.23.2

R3(config)#router bgp 300
R3(config-router)#neighbor 10.12.12.1 remote-as 100
R3(config-router)#exit

ပြီးတာနဲ့ eBGP neighbor စစ်ကြည့်ပါ။ BGP neighbor မဖြစ်တာကိုတွေ့ပါလိမ့်မယ်။
ဘာလို့လဲဆိုတော့ BGP Packet TTL Value က R2 ဆီကိုရောက်တဲ့ အခါ 1 ကနေ 0 ဖြစ်သွားပြီး drop ဖြစ်သွားလို့ပါ။

R1(config-router)#do sh ip bgp neighbors | include External
  External BGP neighbor not directly connected.

ကျတော်တို့ ဒီပြဿနာကို ebgp-multihop ဆိုတဲ့ command ကိုသုံးပြီး TTL Value ကိုတိုးပေးခြင်းဖြင့် ရှင်းနိုင်ပါတယ်။
ဒီလိုပါ..

R1(config)#router bgp 100
R1(config-router)#neighbor 10.23.23.3 ebgp-multihop 2

R3(config)#router bgp 300
R3(config-router)#neighbor 10.12.12.1 ebgp-multihop 2

ဒီမှာတော့ R1 ကနေ R3 ကိုရောက်ဖို့ နဲ့ R3 ကနေ R1 ကိုရောက်ဖို့  2 hops ပဲ လိုလို့ ebgp-multihop 2 ဆိုပြီး configure လုပ်ထားတာပါ။
Lab မှာ Router ပိုထည့်ပြီးစမ်းကြည့်ချင်ရင်တော့ hop count value ကို တိုးပြီးစမ်းပေါ့ဗျာ။

ကဲ... eBGP neighbor ကို ပြန်စစ်ကြည့်ရအောင်။

R1#show ip bgp neighbors | include External
  External BGP neighbor may be up to 2 hops away.

R3#show ip bgp neighbors | include External
  External BGP neighbor may be up to 2 hops away.

ကဲ...eBGP neighbor ပြဿနာကို ရှင်းလိုက်ပါပြီ။

တကယ်တော့ BGP router ၂ လုံးကြားထဲမှာ BGP run မထားတဲ့ Router ကို ထားခြင်းဟာ Network Prefix တွေ ဖလှယ်တဲ့နေရာမှာ ပြဿနာတက်မှာပဲ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ R1 နဲ့ R3 ရဲ့ Loopback Network Prefix ကို BGP ထဲကို ထည့်ပြီး Advertise လုပ်တဲ့အခါ R2 က သူ့ဆီရောက်လာတဲ့ Packet တွေကို ဘယ်ကို Forward လုပ်ရမလဲ မသိတာပါ။

ဒီပို့စ်ရဲ့ ရည်ရွယ်ချက်က eBGP Multihop အကြောင်းကို သိစေချင်ယုံသက်သက်ပဲ ရေးထားတာဖြစ်တဲ့အတွက် eBGP multihop အလုပ်လုပ်ပုံသိပြီဆိုရင် ကျေနပ်ပါပြီ။

ဆက်ပါအုံးမယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment