Border Gateway Protocol - 1

Border Gateway Protocol (BGP) ဆိုတာ exterior gateway protocol ပါပဲ။
RIP, OSPF, EIGRP စတာတွေကတော့ interior gateway protocol တွေပေါ့။
လက်ရှိ သုံးနေတဲ့ BGP version ကတော့ Version 4 ပါ။

BGP ကို "path vector" routing protocol လို့ ပြောနိုင်သေးတယ်။
သူ့ကို Autonomous System (AS) တွေထဲမှာ Route လုပ်ဖို့ဆိုတာထက် Autonomous System (AS) တွေတခုနဲ့တခုကြားမှာ Route လုပ်ဖို့အတွက် ဖန်တီးထားတာလို့ပြောလို့ရတယ်။
သူ့မှာ လဲ သတ်မှတ်ထားတဲ့ Autonomous System Number (ASN) ဆိုတာရှိပါသေးတယ်။
အရင်ကတော့ 16-bit number သုံးတဲ့ 1 ကနေ 65535 ပေါ့။ သူ့မှာ Internet ပေါ်မှာ သုံးလို့ရတဲ့ public AS range နဲ့ Internet ပေါ်မှာ သုံးမရတဲ့ private AS range ဆိုပြီးရှိသေးတယ်။
Private AS range ကတော့ 64512 ကနေပြီးတော့ 65535 ထိပါ။
၂၀၀၉ ခုနှစ် ဇန်နဝါရီက စပြီး 32-bit AS number ကိုစသုံးကြပါတယ်။
AS Number format က 0-65535.0-65535 ဖြစ်သွားတယ်ပေါ့။
BGP က Protocol အနေနဲ့ TCP ကိုသုံးပြီး Port ကတော့ 179 ကိုသုံးပါတယ်။
ဒါတွေကတော့ knowledge အနေနဲ့ အကျဉ်းချုံးပြောထားတာပါ။ အသေးစိတ်သိချင်ရင်တော့ Internet မှာရှာဖတ်နိုင်ပါတယ်။

BGP ကို ဘယ်လိုအခြေအနေတွေမှာ သုံးလဲ?

- မတူညီတဲ့ Service Provider တွေဆီကနေ တခုထက်ပိုတဲ့ Network Connections တွေနဲ့ AS တွေကို ချိတ်ဆက်ထားတဲ့အခါမျိုး (ဥပမာ Internet Service Provider ၂ ခုဆီကနေ Internet ကိုထွက်တာမျိုး)
- Service Provider တခုတည်းကနေ သီးခြား Central Office ဒါမှမဟုတ် မတူညီတဲ့ Routing Policy တွေနဲ့ တခုထက်ပိုတဲ့ Network Connection တွေသုံးပြီး AS တွေကို ချိတ်ဆက်ထားတာမျိုး
- နောက်တခါ Transit Network လို မျိုးမှာ သုံးပါတယ်။

ရေးဖို့စိုင်းပြင်းနေတာကတော့ lab ပိုင်းပါ။ ဒါပေမယ့် သီအိုရီလေးလဲ နည်းနည်းတော့ ပြောမှ ဖြစ်မယ်ထင်လို့ ခြေဆင်းအနေနဲ့ နည်းနည်းထည့်ရေးလိုက်တာပါ။

ဆက်ပါအုံးမယ်...

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

1 comment :