IPv6 for dummies

IPv6 က Network သမားတွေရဲ့ အမေ့ခံတခုထဲမှာ ပါပါတယ်။ အရင်က မေ့ထားလို့ရပေမယ့် အခုမေ့လို့မရတော့ပါဘူး။
ကိုယ်တိုင်လဲ ခုနောက်ပိုင်း IP design တွေလုပ်တဲ့အခါ IPv6 တွေပါ ထည့်လုပ်လာရတယ်ဆိုတာတော့ အသိပေးချင်ပါတယ်။

Binary နဲ့ ချပြရမယ်ဆိုရင် IPv4 က 32 bits ရှိပြီး IPv6 က 128 bits ရှိတယ်ပေါ့။

128 bits  ရှိတဲ့ IPv6 ကို  ရှေ့ 64 bits နဲ့ နောက် 64 bits ဆိုပြီးပိုင်းလိုက်တယ်ဗျာ။
ရှေ့  64 bits က Routing  အတွက် လို့ သတ်မှတ်ထားပြီး
နောက် 64 bits  က IPv6 enable လုပ်ထားတဲ့ host interface တွေအတွက်ပေါ့။
နောက် 64 bits  ကို Network Interface ရဲ့ MAC address  ကိုယူပြီး IEEE ရဲ့ EUI-64 နည်းနဲ့ တွက်ပြီး Generate လုပ်တယ်လို့ မှတ်ထားပေးပါ။

ရှေ့ 64 bits  ကို ပထမ 48 bits နဲ့ ဒုတိယ 16 bits ဆိုပြီး နှစ်ပိုင်း ထပ်ပိုင်းပါတယ်။
ပထမ 48 bits က အင်တာနက်ပေါ်မှာ လျှောက်သွားဖို့  Global Routing အတွက် ဖြစ်ပြီး (နောက်တမျိုးခေါ်ရမယ်ဆိုရင် Global Unicast Address တဲ့)၊
ဒုတိယ 16 bits ကတော့ Network သမားတွေ Internal Network ထဲ က Subnet တွေမှာ Subnet ID အဖြစ်သုံးဖို့ပါတဲ့။


IPv6 Address အမျိုးအစားတွေကတော့...

၁) Global Unicast Address
၂)  Unique Local Address
၃) Link Local Address

တို့ပါပဲ။


Global Unicast Address တွေကို IPv4 နဲ့ ယှဉ်ပြောရမယ်ဆိုရင် အင်တာနက်ပေါ်မှာ လျှောက်သွားနိုင်တဲ့ Public Address တွေလို့ မှတ်သားနိုင်ပါတယ်။
သူ့ရဲ့ Address က 2001 နဲ့ စပါတယ်။

Unique Local Address တွေကတော့ IPv4 မှာဆိုရင် 10.0.0.0/8, 172.16.0.0/12, 192.168.0.0/16 တို့လို
အင်တာနက်ပေါ်မှာ လျှောက်မသွားနိုင်ပေမယ့် Internally (or) Local Area Network ထဲမှာ လျှောက်လစ်နိုင်တဲ့ Private Address တွေပေါ့။
သူ့ရဲ့ Address က fc00 နဲ့ စပါတယ်။

Link Local Address တွေကျတော့ IPv4 ရဲ့ 169.254.0.0/16 လိုမျိုးဗျ။
IPv6 enable လုပ်ထားတဲ့ Interface တိုင်းမှာ သူ့ဟာသူ Auto Generate လုပ်ပြီး Assign လုပ်ထားတာ။
ဒီကောင်ကတော့ Unique Local Address လို LAN ထဲမှာတော့ Route မလုပ်နိုင်ပါဘူး။
သူ့ရဲ့ Address က fe80 နဲ့ စပါတယ်။


IPv4 မှာ Address ကို ရေးရင် 192.168.1.1 ဘာညာဆိုပြီး "." လေးတွေနဲ့ ခံရေးပေမယ့်
IPv6 ကျတော့ 2001:db8:85a3:8d3:1319:8a2e:370:7348, FE80:0000:0000:0000:0202:B3FF:FE1E:8329 ဆိုပြီး ":" လေးတွေနဲ့ ခြားရေးပါတယ်။

IPv6 address တွေက ရေးရတာ ရှည်ပြီး ဖတ်ရခက်လို့ အတိုချုံ့ ရေးကြပါတယ်။
ချုံ့ရေးနည်းတွေကတော့
သုညတွေ ကြီးပဲ ဆက်တိုက်ပါတဲ့ အပိုင်းကို သုည တလုံးထဲရေးပြီးတဲ့ ":" ၂ ခု ထဲ့ရေးနည်း၊

ဉပမာ။
FE80:0000:0000:0000:0202:B3FF:FE1E:8329 ကို
FE80::0202:B3FF:FE1E:8329 အဖြစ် ပြောင်းရေးနိုင်ပါတယ်။

ရှေ့ဆုံးက သုညပါတဲ့ အပိုင်းကို သုညဖြုတ်ပြီးရေးတဲ့ နည်း

ဉပမာ။
2001:0db8:0000:000b:0000:0000:0000:001A ကို 2001:db8:0:b:0:0:0:1A အဖြစ် ပြောင်းရေးနိုင်ပါတယ်။


IPv4 ကို Browser တွေမှာ ရိုက်တဲ့ အခါ http://192.168.1.1:80 ဆိုပြီး ရိုက်လို့ရပေမယ့်
IPv6 ကို Browser တွေမှာ ရိုက်ချင်ရင် http://[2001:db8:0:1]:80 ဆိုပြီး ရိုက်ရပါတယ်။

IPv6 မှာ မဖြစ်မနေသိထားရမယ့် Address တွေ အများကြီးရှိတဲ့ အထဲက Loopback address ကိုတော့ ပြောပြလိုက်ပါရစေ။

သူကတော့ ::1 ပါတဲ့။

ကဲ ဒီလောက်ဆို IPv6 အကြောင်း တီးမိခေါက်မိလောက်ပြီပေါ့။

ကျေးဇူးတင်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)


No comments :

Post a Comment