Unlocker ဆိုပါလား...





File ဖြစ်ဖြစ် Folder ဖြစ်ဖြစ် Delete လုပ်တဲ့ အခါမှာ



"Cannot delete xxx: It is being used by another person or program."

ဒီလိုမျိုးတွေ ဘယ်နှစ်ခါလောက်များကြုံဖူးကြလဲဗျာ….

ကဲ…လာပါပြီ … Unlocker တဲ့ဗျာ..

သူ့ကိုသာ စက်ထဲမှာ… Install လုပ်ထားလိုက်..

ပြီးတာနဲ့ ဖျက်မရဘူးဆိုတဲ့ … File or Folder ပေါ်မှာ Right Click နှိပ်…

ပေါ်လာတဲ့ Pop-up menu လေးပေါ်မှာ Unlock ဆိုတာလေးကိုရွေးပေးလိုက်…

ဒါဆိုရင်… Window က ဘယ် Process တွေက ခုဖျက်ချင်တဲ့ File or Folder ကို Using/Lock လုပ်နေလဲဆိုတာကိုပြောပြပါလိမ့်မယ်…အဲ့ဒီ့အခါကျရင်…Using/Lock လုပ်ထားတဲ့ Process လေးတွေကို ရွေးပြီး… Unlock ဆိုတာလေးကို Click လိုက်ပါ… ကဲ… ဖျက်ချင်တာလေးတွေဖျက်လို့ရသွားပါပြီဗျာ…

Unlocker ဆိုတာလေးက Windows 2000, XP, 2003 and Vista တွေမှာသုံးလို့ရတယ်လို့ပြောတယ်ဗျ….

ကျွန်တော်တော့ Windows 7 မှာသုံးတာ အဆင်ပြေပါတယ်… file size လေးကလဲ တော်တော်လေးသေးပါတယ်…216KB ပဲရှိတယ်ဗျ…

သူ့ကို လိုချင်ရင်တော့… www.filehippo.com မှာ ရှိတယ်ဗျို့

အောက်မှာ တော့ သူ့ရဲ့ Screen Shot လေးနဲနဲပါးပါးတော့ ကျွန်တော်ပြပေးထားပါတယ်ဗျာ…



အသုံးတည့်တဲ့ ရှင်းလင်းရေး Program လေး

ကွန်ပြူတာတွေက ဝယ်ပြီးချိန်က စပြီး သုံးတာကြာလာလေလေ စက်ကလေးလာလေလေပဲဗျ...
ဘာဖြစ်လို့လဲဆိုတော့...ကျွန်တော်တို့တွေက... Program တွေ install လုပ်လိုက် uninstall လုပ်လိုက်နဲ့...
ကြာလာတော့ Windows ရဲ့ Registry တွေမှာ ရှုပ်ကုန်တာပေါ့ဗျာ...
ဒီကြားထဲ... install လုပ်ရင်းနဲ့ အဆင်မပြေတော့လို့ ရပ်လိုက်ရတာတွေလဲ...မရေမတွက်နိုင်ပါပဲ...
နောက်တခုက... ကျွန်တော်တို့ သုံးတာကြာလာလေ... Temporary File တွေ ... Internet သုံးရင်...Cookies တွေ... အိုဗျာ... စက်ထဲမှာ ကျွန်တော်တို့ အတွက်် အမိှုက်တွေ ပုံလာတာပေါ့...
ဒီတော့ ရှင်းလင်းရေးလင်းရေးလုပ်ရပြီလေ... ဒီအချိန်မှာတော့ CCleaner ဆိုတဲ့ Program လေးက တော်တော် အသုံးတဲ့တယ်ဗျ... နောက်တခုက... Start Up Program တွေကိုလဲ... ကိုယ်လိုသလို Manage လုပ်လို့ရတယ်လေ... Program တွေကို uninstall လုပ်ရင်လဲ သူ့ကို ခိုင်းလို့ရတယ်ဗျ...
ကဲပါ ညွှန်းတာသိပ်များနေလားမသိဘူး... သူ့ကို အင်တာနက်ကနေ download ချမယ်ဆိုရင်လဲ... 3.22 MB ပဲရိှတယ်ဗျာ... Download လုပ်မယ်ဆိုရင်တော့ www.filehippo.com မှာရတယ်ဗျာ... ကဲ...စမ်းသုံးကြည့်ကြပါအုံး ဗျာ...

အောက်ကပုံလေးကတော့ CCleaner Program လေးရဲ့ Screen Shot လေးပါ

အသက်ရှင်ဖို့အတွက် အလုပ်လုပ်နေတာလား...အလုပ်လုပ်ဖို့အတွက်အသက်ရှင်နေတာလား...

ငါမအားဘူး.... ငါအလုပ်များနေတယ်...ငါ့မှာအချိန်မရှိဘူး...
ငါ့မှာ…မရှိဘူး…မရှိဘူး…မရှိဘူး…. ငါ့အတွက်အချိန်တွေအများကြီးလိုတယ်…
ငါတချိန်တည်းမှာအလုပ် ၅ ခုလောက်ကို ပြီးချင်တာ…
ငါဖြစ်ချင်တယ်…. ဖြစ်ချင်တယ်… ဖြစ်ချင်တယ်….
တကယ်လို့…ခင်ဗျားမှာသာဒီလိုမျိုးတွေ ဖြစ်ချင်နေပြီဆိုရင်… ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါအုံး… “အသက်ရှင်ဖို့အတွက် အလုပ်လုပ်နေတာလား ဒါမှမဟုတ်… အလုပ်လုပ်ဖို့အတွက် အသက်ရှင်နေတာလားဆိုတာကိုပေါ့…"
အမှန်တကယ်တော့… ကျွန်တော်လည်း…အလုပ်တအားလုပ်တဲ့သူ… အလုပ်လောဘ တအားကြီးတဲ့သူပေါ့ဗျာ…
လုပ်တာမှ…ဝင်ငွေအတွက်ကော… ဝါသနာအတွက်ကောပါ လုပ်တာဗျ….
ကျွန်တော်အများကြီးကိုလုုပ်ချင်တာဗျာ…
အများကြီးကိုသင်ယူချင်တာ..
ဘာပဲလုပ်လုပ် ပြီးပြည့်စုံချင်တဲ့သူတယောက်ဗျ….
ကျွန်တော့်သူငယ်ချင်းတွေက ဆိုရင်…. သူသေရင်…နာရီလေးပါသူနဲ့ အတူထည့်ပေးလိုက်တဲ့…
ဒါမှ နောက်ဘဝရောက်ရင်…သူအချိန်တွေကိုအလကားမဖြစ်အောင် သေချာအသုံးချနိုင်မှာတဲ့လေ….
ခုတော့လဲ…ကျွန်တော်ကိုယ့်ကိုယ်ကို… အပေါ်က မေးခွန်းလေးတြွေပန်ပြန်မေးပြီး သတိပေးတတ်လာခဲ့ပါပြီ…
ဒီလိုလေးတွေ မေးပြီးကိုယ့်ကိုယ်ကို သတိပေးတော့မှ…အနားယူရမယ့်အချိန်တွေကို သတိတရတန်ဖိုးထားတတ်လာတယ်… ကျန်းမာရေးတွေကိုလည်း…သေချာဂရုစိုက်တတ်လာခဲ့တာဗျ….
ဒီလိ်ုမေးခွန်မျိုးတွေ ကို ကျွန်တော်လည်း… ဆရာဖေမြင့့်ဘာသာပြန်ပေးထားတဲ့… "နှလုံးသားအာဟာရစာပေများ"…လိုစာအုပ်လေးတွေ ဖတ်တော့မှပဲ မေးတတ်လာခဲ့တာလေ…

တချို့ကတော့ မေးလာမှာပေါ့ ဒါဆိုရင်… အလုပ်မလုပ်ပဲ… ပိုက်ဆံဘယ်လိုရမလဲ… ပိုက်ဆံမရှိရင်…ဘဝကိုဘယ်လိုရပ်တည်မလဲ… ဘယ်လိုကျော်ဖြတ်မလဲပေါ့…


ကျွန်တော်ကလဲ… အလုပ်တွေမလုပ်တော့နဲ့လို ပြောချင်တာမဟုတ်ပါဘူး…

တချို့ကလည်း…မေးလာပြန်သေးတယ်ဗျ… ကိုယ်ဝါသနာပါတာ… စိတ်ဝင်စားတာကိုမှ မလုပ်ရရင်…ဘဝကဘာများအဓိပ္ပာယ်ရှိအုံးမှာလဲပေါ့ဗျာ…

ကျွန်တော်ကလည်း ကိုယ့်ရဲ့ဝါသနာတွေကို ပိတ်ပင်ဖို့…တားဆီးဖို့…ပြောတာမှမဟုတ်တာပဲလေ…

ကျွန်တော်တကယ်ပြောချင်တာ…ဆိုလိုချင်တာက… “ရောင့်ရဲတင်းတိမ်နိုင်ဖို့ပါ ”

Ref: http://malay-layma.blogspot.com/2007/06/work-for-living-or-live-for-working.html

USB Storage Device တွေကို ပေးသုံးမယ်... မသုံးဘူး...(၁)

ကိုယ်သုံးနေတဲ့ ကွန်ပြူတာပဲဖြစ်ဖြစ်...ရုံးက အများသုံး ကွန်ပြူတာပဲ ဖြစ်ဖြစ်ဗျာ... Virus ဝင်ပြီဆိုတာနဲ့ သေချာစစ်လိုက်ပြီဆိုရင်... Memory Stick...လိုမျိုး... USB Storage Device တွေက ပဲဝင်လာတာအများဆုံးပါ...
ဒီတော့... ကျွန်တော်တို့ ဒီရန်က လွတ်ဖို့... နည်းလမ်းရှာရတာပေါ့ဗျာ... ကျွန်တော့်တွေ့ဖူးတဲ့ နိုင်ငံခြား ကုမ္ပဏီတော်တော်များများမှာတော့ .... USB Port ကြီးကို ပါ ချိတ်ပိတ်ထားတာဗျ.... ကျွန်တော်တို့ ဆီမှာတော့...အဲ့လိုလုပ်လို့ တော့ ဘယ်ဖြစ်အုံးမလဲဗျာ... ဒီတော့လဲ... အောက်က စာလေးတွေကို Copy လုပ်...
ဲ Computer ကို ဖွင့်... Notepad ထဲမှာ Paste လုပ်... DisableUSB.reg ဆိုပြီး Save လုပ်ဗျာ...
...

[HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\USBSTOR]
"Type"=dword:00000001
"Start"=dword:00000004
"ErrorControl"=dword:00000001
"ImagePath"=hex(2):73,00,79,00,73,00,74,00,65,00,6d,00,33,00,32,00,5c,00,44,00,\
52,00,49,00,56,00,45,00,52,00,53,00,5c,00,55,00,53,00,42,00,53,00,54,00,4f,\
00,52,00,2e,00,53,00,59,00,53,00,00,00
"DisplayName"="USB Mass Storage Driver"

[HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\USBSTOR\Security]
"Security"=hex:01,00,14,80,90,00,00,00,9c,00,00,00,14,00,00,00,30,00,00,00,02,\
00,1c,00,01,00,00,00,02,80,14,00,ff,01,0f,00,01,01,00,00,00,00,00,01,00,00,\
00,00,02,00,60,00,04,00,00,00,00,00,14,00,fd,01,02,00,01,01,00,00,00,00,00,\
05,12,00,00,00,00,00,18,00,ff,01,0f,00,01,02,00,00,00,00,00,05,20,00,00,00,\
20,02,00,00,00,00,14,00,8d,01,02,00,01,01,00,00,00,00,00,05,0b,00,00,00,00,\
00,18,00,fd,01,02,00,01,02,00,00,00,00,00,05,20,00,00,00,23,02,00,00,01,01,\
00,00,00,00,00,05,12,00,00,00,01,01,00,00,00,00,00,05,12,00,00,00

[HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\USBSTOR\Enum]
"Count"=dword:00000000
"NextInstance"=dword:00000000



Save လုပ်ပြီးပြီဆိုရင်တော့ USB Storage Device တွေ မသုံးစေချင်တဲ့ ကွန်ပြူတာတွေပေါ်မှာ... ဒီဖိုင်လေးကို Run လိုက်တော့ဗျာ....

ကဲဒါဆိုရင်တော့... စိတ်ချလို့ရပါပြီ... Virus က USB Storage Device တွေကနေဝင်ဖို့ ခက်သွားပြီပေါ့ဗျာ...

USB Storage Device တွေကို ပြန်ဖွင့်ချင်ရင်တော့ အောက်က စာလေးတွေကို အပေါ်က လုပ်သလို လုပ်ဗျာ...

Save ရင် EnableUSB.reg လို့ ပြောင်း Save... ပြီးရင် ပြန်ဖွင့်စေချင်တဲ့ ကွန်ပြူတာပေါ်မှာ... ဒီဖိုင်လေးကို Run လိုက်ပေါ့.... ကဲ မရှင်းဘူးလား....

[HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\USBSTOR]
"Type"=dword:00000001
"Start"=dword:00000003
"ErrorControl"=dword:00000001
"ImagePath"=hex(2):73,00,79,00,73,00,74,00,65,00,6d,00,33,00,32,00,5c,00,44,00,\
52,00,49,00,56,00,45,00,52,00,53,00,5c,00,55,00,53,00,42,00,53,00,54,00,4f,\
00,52,00,2e,00,53,00,59,00,53,00,00,00
"DisplayName"="USB Mass Storage Driver"

[HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\USBSTOR\Security]
"Security"=hex:01,00,14,80,90,00,00,00,9c,00,00,00,14,00,00,00,30,00,00,00,02,\
00,1c,00,01,00,00,00,02,80,14,00,ff,01,0f,00,01,01,00,00,00,00,00,01,00,00,\
00,00,02,00,60,00,04,00,00,00,00,00,14,00,fd,01,02,00,01,01,00,00,00,00,00,\
05,12,00,00,00,00,00,18,00,ff,01,0f,00,01,02,00,00,00,00,00,05,20,00,00,00,\
20,02,00,00,00,00,14,00,8d,01,02,00,01,01,00,00,00,00,00,05,0b,00,00,00,00,\
00,18,00,fd,01,02,00,01,02,00,00,00,00,00,05,20,00,00,00,23,02,00,00,01,01,\
00,00,00,00,00,05,12,00,00,00,01,01,00,00,00,00,00,05,12,00,00,00

[HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\USBSTOR\Enum]
"Count"=dword:00000000
"NextInstance"=dword:00000000




ဒီလိုလုပ်တာ... USB Storage Device တွေကိုပဲ ပိတ်တာပါဗျာ... USB keyboard, USB Mouse.. USB Printer... USB Webcam စတာတွေကို တော့ သုံးလို့ရပါသေးတယ်...

ကဲ အားလုံးပဲ အဆင်ပြေပါစေဗျာ...

ဒါလေးကို ကိုမောင်လှ ဆီကနေ ရလာတာဗျ...ကျွန်တော်က blog ကနေ Copy ကူးပြီးတန်းလုပ်လို့ရအောင်...ပြန် မျှပေးတာပါ...

Myanmar Forum များ...

တခါတလေကျတော့ အင်တာနက်မှာ... ကိုယ်သိချင်တာလေးတွေ လိုက်ရှာတဲ့ အခါ...Forum တွေဟာ တော်တော်လေး အကျိုးများပါတယ်... ဒီထဲမှာမှ မြန်မာတွေ စုဝေးတဲ့ နေရာဆို ပိုပြီးတော့ အဆင်ပြေတာပေါ့ဗျာ...
ဒါနဲ့ပဲ နဲနဲပါးပါး မွှေလိုက်တယ်ဆိုပဲ... Myanmar Forum တွေ ကို ဒီနေရာကနေ ရလာတယ်ဗျာ...

ကဲ... အောက်မှာပါပဲဗျာ... ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်...

http://www.myanmarbloggers.co.nr
http://www.myanmarfriends.net
http://www.mmgraphiclover.net.tc
http://www.mysteryzillion.org/forums
http://www.edu.mysteryzillion.org
http://www.myanmarcupid.net/community
http://www.padonma.com
http://www.technical-seven.com
http://www.engineer4myanmar.com
http://www.mmgeeks.org
http://www.nativemyanmar.net
http://www.yamc.info
http://www.thanzinhlaing.com
http://www.myanmarOnlineZone.net
http://phoewa.com/phoewa1
http://www.myanmaritpros.com
http://www.it4mm.net/forum
http://www.myanmar-ccg.org/forum/index.php
http://www.myanmarisp.com/computer_ict
http://www.mmopenxteam.com
http://www.mmopenxteam.com/"]http://www.planet.com.mm
http://www.shwesagar.com
http://www.mshare.org

အပေါ်က Link တွေကို ဒီနေရာကနေ ရတာပါဗျာ http://www.mysteryzillion.org/forums/showthread.php/1438-Sharing-Myanmar-Forum