How to prevent use of writable CD/DVD drives?

တကယ်လို့ ကိုယ်အလုပ်လုပ်နေတဲ့ Company ရဲ့ Policy က Employee တွေကို CD/DVD Write လုပ်တာကို တားမြစ်ထားတယ်။ဒါပေမယ့် သူတို့ ကို ပေးသုံးထားတဲ့ ကွန်ပျူတာတွေက Windows Vista or 7 တင်ထားတဲ့ Laptop တွေဖြစ်ပြီး CD/DVD Writer တွေပါ တပ်ထားတယ်ဆိုပါစို့...
သင် ခေါင်းစားပြီပေါ့... သင်လုပ်ရမှာက CD/DVD Write Function ကိုပဲ ပိတ်ရမှာနော်... Read Function ကို တော့ ပိတ်လို့မဖြစ်ဘူးလေ...
သိပ်လည်း ဦးနှောက်ခြောက်မသွားပါနဲ့... အဆင်ပြေမယ့် နည်းလမ်းလေး တခု ပြောပြချင်ပါတယ်..
သင့်အနေနဲ့ သူတို့ သုံးနေတဲ့ Laptop တွေရဲ့ Group Policy Setting လေးကို အောက်က နည်းလေးအတိုင်း နဲနဲ ပြင်ပေးလိုက်တာနဲ့ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။
Start>Run>gpedit.msc လို့ရိုက်လိုက်ပါ။
Local Group Policy Editor Window ပေါ်လာပါမယ်...
Computer Configuration>Administrative Templates>System>Removable Storage Access>CD and DVD: Deny Write Access ရောက်တဲ့အထိ သွားပါ။
CD and DVD: Deny Write Access ကို Double Click နှိပ်ပြီး Not Configure, Enable , Disable သုံးခု ထဲက Enable ကို ရွေးပေးလိုက်ပြီး Apply, OK လုပ်ပါ။
Star>Run>gpupdate လို့ရိုက်ပါ။

ကဲ...ဒါဆိုရင်... သင်ခေါင်းခြောက်နေတဲ့ ကိစ္စလည်း ပြီးသွားပြီပေါ့ဗျာ...
User တွေ က CD/DVD Burning Software တွေ ဘယ်လောက်ပဲ တင်နေပါစေ...သူတို့တွေအနေနဲ့ CD/DVD တွေကိုတော့ Write လုပ်လို့ မရတော့ပါဘူး...

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Internet မှ တဆင့် VoIP Call များသုံးစွဲသည့်ကိစ္စ

နောက်ဆို Internet ကနေ နိုင်ငံခြားကိုပဲဖြစ်ဖြစ်... နိုင်ငံခြားကနေ... Internet ကို သုံးပြီး ကိုယ့်နိုင်ငံ ကိုပဲဖြစ်ဖြစ် ဖုန်းခေါ်ဖို့ မလွယ်တော့ဘူးပဲ...

Free Tool to Restore Windows functionality after virus and trojan attack

Virus , Trojans တို့ တိုက်ခိုက်တာကို ခံရတာဟာ အလွန်စိတ်ညစ်စရာကောင်းတဲ့ ကိစ္စတခုပါ။
ကိုယ့်ရဲ့ Windows feature တော်တော်များများကို ပုံမှန်မဟုတ်အောင် သူတို့တွေက ဖျက်ဆီးပစ်လိုက်တာလေ။
ဒီတော့ ဒီကောင်တွေကို အပြီးတိုင် ရှင်းလင်းပစ်လိုက်ပြီးတာတောင် ကိုယ့်မှာတော့ ကိုယ့် Windows လေး ပုံမှန်အတိုင်းပြန်ဖြစ်အောင် နာရီတော်တော်များများ ကို အကုန်ခံပြီး ပြန်လည်ပြင်ဆင်ရပါတယ်။
တချို့ များဆို Windows ပါ ပြန်တင်ရတဲ့ အခြေအနေတောင် ရောက်ကြရပါတယ်။
ဒီလို အခြေအနေမျိုးကို ် Windows XP လိုမျိုး အရင် Windows တွေမှာကြုံဖူးကြမှာပါ...ဖြေရှင်းဖို့ Tool လေးတွေ ရှိပါတယ်...
တကယ်လို့များ Windows 7 မှာ ကြုံလာရင် ဘယ်လိုလုပ်ကြမလဲ ???
 Windows 7 အတွက်လည်း ကိုယ့်ရဲ့ Windows Setting တွေကို ပြန်ပြင်ပေးဖို့ Re-Enable ဆိုတဲ့ Tool လေးရှိပါတယ်။

သူက အောက်မှာ ပြထားတဲ့ Setting လေးတွေကို one-click fix လုပ်ပေးနိုင်အောင် design လုပ်ပေးထားပါတယ်တဲ့...
    * Windows Registry
    * Command Line Tool
    * Windows Task Manager
    * System Restore Config
    * Folder Options
    * Run command
    * My Computer
    * Task Scheduler
    * Right Click Context menu
    * MsConfig (XP only)
    * Control Panel
    * Search
နောက်ပြီး... သူက Autorun.inf file တွေ ကို Scan,Edit နဲ့ Delete လုပ်နိုင်ပါတယ်။
Desktop icon တွေ နဲ့ Background ကို repair လုပ်နိုင်ပါတယ်။
Hosts, Services, Network, Protocol file တွေကို Edit လုပ်နိုင်ပါတယ်။
File and Folder Attribute တွေကို Reset လုပ်နိုင်ပါတယ်။
Explorer.exe နဲ့ Startup problem တွေကို Repair လုပ်နိုင်ပါတယ်။
Hidden ဖြစ်နေတဲ့ drive တွေကိုလည်း unhide ပြန်လုပ်ပေးနိုင်ပါတယ်။
F8 နှိပ်ပြီး ဝင်ရတဲ့ Safe Mode Menu disable ဖြစ်နေရင်တောင် ၄င်း Safe Mode ကြီးကို Repair ပြန်လုပ်ပေးနိုင်ပါတယ်။
နောက်ထပ် သူ လုပ်ပေးနိုင်တာတွေ အများကြီး ကျန်ပါသေးတယ်။
သုံးကြည့်ရင်းနဲ့ သိလာပါလိမ့်မယ်။
ခု ဒီ Post ကို သင်ဖတ်နေတဲ့ အချိန်မှာ ဘာပြဿနာမှ မကြုံသေးဘူးဆိုရင်လည်း... Re-Enable လေးကိုတော့ ဆောင်ထားပါလို့ တိုက်တွန်းချင်ပါတယ်။
သင် နောင် တချိန်ချိန်မှာ လိုကို လိုလာမှာ မို့လို့ပါ။
ကဲ... အောက်က link လေးမှာ Download လုပ်နိုင်ပါတယ်ဗျာ။
http://www.tangosoft.co.uk/re-enable%20v2.html

သူ့ရဲ့ Screenshot လေးကိုလည်း တင်ပေးလိုက်ပါတယ်။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)

6 Free Tools for Web Designer who working with Drupal

1. Color Calibration
Designer တယောက် color တွေနဲ့ အလုပ်လုပ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ monitor display က accurate color ရနေဖို့ နဲ့ သင့်တော်တဲ့ brightness ရှိနေဖို့လိုတယ်လေ။ ဒါကို Calibrate လုပ်တယ်လို့ ခေါ်ပါတယ်။
Calibrate လုပ်မထားတဲ့ monitor နဲ့သာ color or design တွေ လုပ်မယ်ဆိုရင် ရလာမယ့် Design က တခြား Screen တွေမှာ အရမ်းမှောင်နေတာမျိုး... အရမ်းလင်းနေတာမျိုး တြွေဖစ်နိုင်ပါတယ်။
QuickGamma ဆိုတဲ့ free , software-based color calibration tool လေးက monitor တွေကို Calibrate လုပ်ပေးတဲ့နေရာမှာ အသုံးတည့်ပါလိမ့်မယ်။ http://quickgamma.de/indexen.html မှာ သွားပြီး download လုပ်နိုင်ပါတယ်။


2.  Editing Code
    Desinger တိုင်းမှာတော့ သူ့စိတ်ကြိုက် text editor tool ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် Komodo Edit ဆိုတဲ့ free, open source editor လေးနဲ့ တော့ မိတ်ဆက်ပေးချင်ပါတယ်။သူကတော့ multi-document editing, syntax highlighting, autocomplete, regular expression search/replace, built in function call tips for PHP, JavaScript, jQuery စသည်ဖြင့် professional feature တွေ များစွာပါဝင်ပါတယ်။ http://www.activestate.com/komodo_edit/ မှာ သွားပြီး download လုပ်နိုင်ပါတယ်။


3. Page Design Debugging
   HTML , CSS တွေ ကို အဓိက ကိုင်တွယ်ရမယ့် အပိုင်းဆိုရင်တော့ Firebug ဆိုတဲ့ tool လေးကိုပဲ ညွှန်းချင်ပါတယ်။ သူနဲ့ layout change တွေကို testing out လုပ်မယ်။ Bug တွေကို tracking down လုပ်မယ်ဗျာ။ ဒါလေးရဲ့ အသုံးဝင်ပုံကတော့ Web Designer တိုင်းသိပြီးသားပါ။ http://getfirebug.com/ မှာ download လုပ်နိုင်ပါတယ်။



4. Page Design Debugging...in IE
   Mozilla Firefox အတွက်သာ Tool တွေက ပေါတာဗျ... Internet Explorer အတွက်ကျတော့ နည်းမှနည်းပဲ... Web Design လုပ်ပြီး Testing & Debugging လုပ်ပြီဆိုရင် IE မှာ နည်းနည်း ခွကျတာလေးတွေ ရှိတတ်ပါတယ်။သူ့အတွက်တော့.... IE Dev Toolbar ဆိုတာလေး ကို လက်တို့ချင်ပါတယ်။ သူ့ကိုလည်း လျှော့တွက်လို့တော့မရပါဘူး... cross-bowser layout bugs တွေကို tracking down လုပ်ဖို့ကျတော့ အဖိုးတန်တယ်ဗျ။ Firebug Lite ဆိုတာလေးတော့ ရှိပါတယ်။ ဒါပေမယ့် IE Dev Toolbar လေးကို ပဲ အဓိကထားပြောရတာကတော့ သူ့ကို Microsoft က ထုတ်ထားလို့ပါ။
 http://www.microsoft.com/downloadS/details.aspx?familyid=E59C3964-672D-4511-BB3E-2D5E1DB91038&displaylang=en မှာ download လုပ်နိုင်ပါတယ်။

               
5. Color Picker
   Firefox ထဲမှာ Design လုပ်နေတဲ့အချိန် တခါတခါ image or background ရဲ့ color value တွေကို check လုပ်ဖို့ လိုအပ်တာမျိုးတွေ ရှိပါတယ်။ ဒီလိုအချိန်မျိုးအတွက်... Colorzilla ဆိုတဲ့ Firefox extension နဲ့ မိတ်ဆက်ချင်ပါတယ်။ http://www.colorzilla.com/firefox/ မှာ download လုပ်နိုင်ပါတယ်။


6. Web Developer Toolbar
   Durpal လိုမျိုး Content Management System တွေနဲ့ အလုပ်လုပ်ရတဲ့ အခါမျိုးမှာဆိုရင် cookies or cache တွေကို ခဏ လောက် disable လုပ်ထားရတာမျိုး ရှိပါတယ်။ဒီလိုလုပ်ဖို့ အတွက် Web Developer ဆိုတဲ့ Firefox extension နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ images, cookies, cache, CSS, Java နဲ့ JavaScript တွေကို disable လုပ်တဲ့နေရာမှာ အသုံးတည့်ပါတယ်။နောက်ပြီး page validation, form tweaks , layout highlighting လိုမျိုးတွေအတွက် quick access ကို provide လုပ်ပေးပါသေးတယ်။ https://addons.mozilla.org/en-US/firefox/addon/60 မှာ download လုပ်နိုင်ပါတယ်။


အပေါ်မှာ ပြောခဲ့တာတွေကတော့ great free tool တွေပါ။ ၆ ခုထဲကို ရွေးပြောခဲ့တယ်ဆိုပေမယ့်... PuTTY လို great SSH client, Notepad++ လို lightweight text editor, PNGGauntlet လို PNG compressor တွေလည်း ရှိနေပါသေးတယ်။
အခု အပေါ်မှာ ပြောခဲ့တဲ့ Tool တွေဟာ Drupal နဲ့ အလုပ်လုပ်နေရတဲ့ Web Designer တွေ အတွက် ပိုမို အသုံးတည့်မယ့်လို့ ယုံကြည်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Email ထဲက အတွေးအခေါ်များ

ကိုယ့်အကြောင်းကို ဘယ်တော့မှ တခြားတယောက်ကို ရှင်းပြမနေပါနဲ့။

ဘာလို့လဲဆိုတော့ သင့်ကို သဘောကျတဲ့သူက သင့်အကြောင်းကို သိဖို့ ကို မလိုအပ်လို့ပါ။

ဒါပေမယ့်... သင့်ကို သဘောမကျတဲ့သူကျပြန်တော့လည်း သင်ပြောတဲ့ သင့်အကြောင်းတွေကို ယုံကြည်ပေးမှာ မဟုတ်ပြန်ဘူး။

 

သင်ဟာ အလုပ်ရှုပ်တယ်... မအားဘူးလို့ ပြောနေသရွေ့ သင်လည်း ဘယ်တော့မှ အားလာမှာ မဟုတ်ဘူး။

သင့်မှာ အချိန်မရှိဘူးလို့ ပြောနေသရွေ့ သင့်မှာ ဘယ်တော့မှ အချိန်ရှိလာမှာ မဟုတ်ဘူး။

မနက်ဖြန်မှ သင်လုပ်မယ်လို့ ပြောနေသရွေ့ သင့်ရဲ့ မနက်ဖြန် ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး။

 

သင် မနက်ခင်း အိပ်ယာ က နိုးလာတာနဲ့ သင့်မှာ ရွေးချယ်စရာ နှစ်ခု ရှိနေပါတယ်။

တခုက ပြန်အိပ်ပြီး အိပ်မက်တွေ မက်မှာလား...

နောက်တခုက အိပ်ယာက ထ ပြီး သင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်မှာလား...

 

ကျွနု်ပ်တို့ကို ဂရုမစိုက်တ့ဲသူတွေ ကို ကျွန်ုပ်တို့က ငို ရအောင် လုပ်တယ်။

ကျွန်ုပ်တို့ကို ဂရုမစိုက်တဲ့သူတွေ အတွက်တော့ ကျွန်ုပ်တို့ ငို ကြတယ်။

ဒါပေမယ့်... ကျွန်ုပ်တို့ အတွက် ဘယ်တော့မှ မငိုတဲ့သူတွေ ကိုတော့ ကျွန်ုပ်တို့ ဂရုစိုက်ကြတယ်။

ဒါက ဘဝရဲ့ အမှန်တရားပါ...သင့်အတွက် ထူးဆန်းနေလိမ့်မယ်...ဒါပေမယ့် မှန်တယ်နော်။

ဒီ အမှန်တရားကို သင်တကြိမ် နားလည်တယ်ဆိုရင်ပဲ...သင့်အနေနဲ့ ပြောင်းလဲပစ် ဖို့ သိပ်နောက်မကျသေးပါဘူး။

 

သင်ပျော်နေတဲ့အချိန်မှာ ကတိမပေးမိပါစေနဲ့။

သင်ဝမ်းနည်းနေတဲ့ အချိန်မှာ ဆိတ်ဆိတ်လေးပဲ ငြိမ်နေလိုက်ပါ။ ဘာဆိုဘာမှ ပြန်ပြောဖို့ မကြိုးစားပါနဲ့။

သင်ဒေါသထွက်နေတဲ့ အချိန်မှာ ဆုံးဖြတ်ချက် မချပါနဲ့။

အမြဲတမ်း နှစ်ကြိမ် စဉ်းစားပါ...ပြီးမှ လုပ်ပါ။

 

အချိန်ဆိုတာ မြစ်တစ်စင်းလိုပါပဲ။

ကိုယ့်ရှေ့ က မြစ်ထဲက ရေကို သင်ဘယ်တော့မှ နှစ်ကြိမ်ထိတွေ့ခွင့်မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီတကြိမ် စီးဆင်းသွားတဲ့ မြစ်ရေဟာ နောက်တကြိမ် သင့်ရှေ့မှောက်ကနေ ပြန်မစီးဆင်းတော့လို့ပါပဲ။

ဒါကြောင့် ကိုယ့်ဘဝရဲ့ အချိန်တွေကို တန်ဖိုးထားပြီး ပျော်ရွှင်စွာ ကုန်ဆုံးပါစေ။

 

ပထမဆုံး...ငါ အထက်တန်းကျောင်းသားဘဝကို ဖြတ်ကျော်ဖို့ ကြိုးစားတယ်..ပြီးတော့ တက္ကသိုလ်တက်တယ်။

တက္ကသိုလ် ကျောင်းသားဘဝကို ဖြတ်ကျော်ပြီးတော့ အလုပ်စလုပ်တယ်။ နောက်တော့ အိမ်ထောင်ပြုတယ်။ သားသမီးတွေရတယ်။

သားသမီးတွေ အရွယ်ရောက်လာတဲ့ အထိ နေပေးတယ်... သူတို့လေးတွေ အရွယ်ရောက်လာတော့ အလုပ်ပြန်လုပ်တယ်။

ဒီလိုနဲ့ ပဲ အလုပ်ကနေ နားတဲ့ အထိ အလုပ်လုပ်တယ်။ ခုတော့ သေဖို့ အချိန်ကိုစောင့်နေတဲ့ အခြေအနေကို ရောက်နေတယ်။

ဒီတော့မှ နားလည်တယ်...ဘဝကို အေးအေးဆေးဆေး နေထိုင်ခဲ့ရတဲ့ အချိန်မှ မရှိခဲ့ပဲ။

ကဲ...သူငယ်ချင်း...သင်လည်း ဘယ်တော့မှ ဒီလိုမျိုးမဖြစ်စေနဲ့နော်။ ကိုယ့်ရဲ့ လက်ရှိ အချိန်နဲ့အခြေအနေတွေကို တန်ဖိုးထားပြီး တနေ့စီ တနေ့စီ ပျော်ပျော်ကြီး ကုန်ဆုံးစမ်းပါ။

 

 

(သူငယ်ချင်းတယောက်က ပို့ပေးလိုက်တဲ့ Forward email တစ်စောင်က စာလေးကို ဘာသာပြန်ကြည့်ထားတာပါ။)