How to hack Android phone to move all Android apps to SD card?

Android ဖုန်းတွေဟာ internal phone memory ပေါ်မှာပဲ application တွေကို install လုပ်လို့ရပါတယ်။
ဒီတော့ internal phone memory ပြည့်လာတာနဲ့ အသုံးပြုသူမှာ ပြဿနာ (၂) ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။
၁) နောက်ထပ် application များ ထပ်မံ install လုပ်၍မရတော့ခြင်း။
၂) ဖုန်း က လိပ်ထက်တောင် နှေးကွေးလေးလံ သွားခြင်း တို့ပဲ ဖြစ်ပါတယ်။
ဖုန်း ရဲ့ လုပ်ဆောင်နှုန်းတွေ နှေးကွေးသွားရခြင်းကတော့ internal phone flash memory ကို အချက်အလက်တွေ သွားရေးရတဲ့ speed က free memory နည်းလာလေလေ နှေးလာလေလေ မို့လို့ပါ။
အဓိက က တော့ဗျာ internal memory ကို free space များများ ထားသင့်တယ်ဆိုတာပါပဲ။

ဒီတော့... ကိုယ်သုံးတဲ့ ဖုန်းရဲ့ internal memory သိပ်မကျန်တော့ဘူးဆိုရင် ဘာလုပ်မလဲ? ကိုယ်သိပ်မသုံးတဲ့ application ကို uninstall လုပ်တာကတော့ အလွယ်ဆုံး ဖြေရှင်းနည်းပေါ့ဗျာ။
ခုတော့ ဒီလိုလုပ်ဖို့ မလိုတော့ပါဘူး... apps2sd ဆိုတဲ့ Application တွေကို SD Memory Card ပေါ်ကို ရွှေ့တဲ့ feature တခု ပေါ်လာပါပြီ။ ဒီလိုရွှေ့နိုင်ဖို့အတွက် application
တခုတော့ရှိတာပေါ့... Application တွေ အားလုံးကိုတော့ မရနိုင်သေးပါဘူး။ ကန့်သတ်ချက်လေးတွေတော့ရှိပါတယ်။ဒါပေမယ့် ရသလောက် ရွှေ့ကြည့်တာပေါ့။
- Application တွေကို SD Memory card သို့ရွှေ့တဲ့အခါမှာ Application ရဲ့ အစိတ်အပိုင်းတချို့ကတော့ internal phone memory မှာ ကျန်နေပါမယ်။
  ဆိုလိုတာကတော့ internal phone memory ထဲမှာ ကျန်နေခဲ့တဲ့ Application အစိတ်အပိုင်းတချို့ က  memory space အနည်းငယ်တော့ ယူထားပါအုံးမယ်။
  ဥပမာ... Google Earth ဆိုရင် 20.5MB ကနေ 15 MB လောက်ထိ ကို  internal phone memory ထဲကနေ လျော့သွားစေတာမျိုးပါ။ ဒီတော့ internal phone memory ထဲမှာ 5.5 MB လောက်ပဲ ကျန်ခဲ့တာပေါ့။
- Application တခုကနေ Home screen ပေါ်မှာ ယူသုံးထားတဲ့ Widget မျိုးကို SD Memroy card ကို မရွှေ့သင့်ပါဘူး။ Widget အလုပ်မလုပ်တော့တာမျိုးဖြစ်တာကနေ ရှောင်ရှားဖို့အတွက်ပါ။
- Android OS တွေမှာ Application အားလုံးကို SD Memory Card ကို တကြိမ်တည်းနဲ့ ရွှေ့ပေးနိုင်တဲ့ batch tool မျိုးမရှိသေးပါဘူး။ ဒါကြောင့် application တခုကို တကြိမ် ရွှေ့ပေးဖို့ လိုပါတယ်။
- Maps နဲ့ Youtube လိုမျိုး system application တွေကိုလည်း SD Memory Card ထဲကိုရွှေ့လို့မရပါဘူး။ တချို့ဖုန်းတွေမှာဆိုရင် Adobe Flash Player ကို system application အနေနဲ့ pre-installed လုပ်ထားတတ်ပါတယ်။ဒါမျိုးကိုလည်း ရွှေ့လို့မရပါဘူး။
- တကယ်လို့ ကိုယ့်ဖုန်းရဲ့ firmware ကို re-flash လုပ်ခဲ့ရင်လည်း တချို့ SD Mermory Card ထဲကို ရွှေ့ထားပြီးသား application တွေကို internal phone memory မှာ ပြန် install လုပ်ဖို့ လိုပါတယ်။ ပြီးတော့မှ SD  Memory Card ထဲကို ပြန်ရွှေ့ရပါမယ်။
ကဲ...ဒီလောက်ဆို SD Memory Card ကို Application တွေ စတင်ရွှေ့ကြည့်ကြရအောင်။
- ပထမဆုံးအနေနဲ့ Android Debug Bridge ဆိုတာလေးကို လိုအပ်ပါတယ်။ သူ့ကို အသုံးပြုဖို့ရန် အတွက် root လုပ်ထားပြီးသား phone ဖြစ်နေဖို့ မလိုပါဘူး။
- ဒီတော့ Android Debug Bridge ပါဝင်ပြီးသား Android SDK ကို ဒီနေရာမှာ သွားယူပါ။ (http://developer.android.com/sdk/index.html)
- Android SDK ရပြီဆိုရင် unzip လုပ်ပြီး ကိုယ့် PC မှာ install လုပ်ပါ။ unzip လုပ်လို့ရလာတဲ့ Folder location path ကိုမှတ်ထားပြီး Folder နာမည်ကို sdk လို့နည်မည်ပေးတာပေါ့။Install လုပ်နည်းကို ဒီမှာသွားကြည့်ပါ။ (http://developer.android.com/sdk/installing.html)
- Windows မှာ install လုပ်မယ်ဆိုရင်တော့ USB driver ကို install လုပ်ထားဖို့ လိုပါသေးတယ်။ ဒီမှာ သွားယူပါ။ (http://developer.android.com/sdk/win-usb.html)
- ပြီးပြီဆိုရင် phone ကို USB cable သုံးပြီး PC နဲ့ ချိတ်ဆက်ပါ။ USB storage mode ကို enable မလုပ်ပါနဲ့။
- PC မှာ Command Prompt ကိုဖွင့်ပါ။
- Command Prompt ထဲမှာ Android SDK ကို unzip လုပ်ထားခဲ့တဲ့ sdk folder ဆီကို သွားပါ။ " cd full_path_to_sdk_tools " ဆိုတဲ့ command သုံးပြီးတော့ သွားတာပေါ့။
- အောက်က line နှစ်လိုင်း ကို Command Prompt ထဲမှာ တကြောင်းရိုက်ပြီးတိုင်း enter ခေါက်ပါ။
  " adb shell "
  " pm setInstallLocation 2"
- Phone မှာ Settings>Applications>Manage Applications>All လုပ်ပါ။
- Phone ရဲ့ Menu ခလုတ်ကို နှိပ်ပြီး Sort by Size ကို ရွေးပေးပါ။
- Application ရဲ့ Size အနည်းဆုံးလေးတွေကနေ စ ပြီး တခုချင်းစီ SD Memory Card ကို ရွှေ့ပါ။ တခုရွှေ့လို့ပြီးပြီဆိုရင် Back ခလုတ်ကို နှိပ်ပြီး နောက် Application ကို ထပ်ရွှေ့ပါ။
- (တကယ်လို့ပေါ့ဗျာ နောက်ထပ် install လုပ်မယ့် application တွေရဲ့ default location ကို internal phone memory ထဲကိုပဲ ပေးချင်တယ်ဆိုရင်တော့ PC ရဲ့ Command Prompt ကိုသွားပြီး အောက်က command line လေးကို ရိုက်ပါ။ Enter ခေါက်ပါ။
    " pm setInstallLocation 0 ")
- ကဲ... ပျော်ပျော်ကြီး လုပ်ကြည့်ပေတော့ဗျာ။

တခုပဲပြောချင်ပါတယ်... အခု အပေါ်မှာ ရေးခဲ့တဲ့ နည်းလမ်းဟာ Android 2.2 (aka Froyo) version အတွက်ပဲ ဖြစ်ပါတယ်။
ပြီးတော့...အပေါ်က နည်းလမ်းတွေကို မလုပ်ခင်မှာ Backup လုပ်ထားဖို့ မှာချင်ပါတယ်။ ဒါမှ တခုခု လွဲချော်ခဲ့ရင် ပြန်ပြီး Restore လုပ်လို့ရမှာပါ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)



AppLocker and how to use it?

Windows XP နဲ့ Windows Server 2003 တွေမှာ ပါတဲ့ Software Restriction Policies တွေပေါ်မှာ အခြေခံထားတဲ့ AppLocker ဆိုတာလေးကို Windows 7 နဲ့ Windows Server 2008 R2 မှာ ပါလာပါတယ်။
AppLocker ဟာ application, file, EXE, DLL စ တာတွေကို execution လုပ်ခြင်းကနေ allow or deny လုပ်ဖို့ သုံးနိုင်ပါတယ်။
သူ က Software Resitriction Policies တွေထက် အောက်က အချက်လေးတွေကို ပိုမို ကောင်းမွန်စေပါတယ်တဲ့...
- file တခုရဲ့ attributed ပေါ်မှာ အခြေခံပြီး rule တွေ define လုပ်လို့ရပါတယ်။ ဥပမာ ဆိုရရင် file တခုရဲ့ execution ကို allow or deny လုပ်ဖို့ကို သူ့ရဲ့ publisher ပေါ်မှာ အခြေခံပြီး define လုပ်နိုင်တာမျိုးပေါ့။
- Audit Mode မှာ configure လုပ်နို်င်ပါတယ်။
- Interface ဟာလည်း new user တွေ အတွက် friendly ဖြစ်ပါတယ်။

AppLocker ကိုသုံးမယ်ဆိုရင် အောက်ပါ အချက်တွေ ပြည့်စုံဖို့တော့ လိုပါတယ်။

၁) အပေါ်မှာ ပြောခဲ့သလိုပါပဲ... AppLocker ဟာ Windows 7 , Windows Server 2008 R2 တွေမှာပဲ အလုပ်လုပ်ပါတယ်။
  အောက်မှာ ပြထားတဲ့ OS edition တွေမှာပဲ available ဖြစ်ပါတယ်။
  - Windows 7 Ultimate/Enterprise
  - Windows Server 2008 Standard/Enterprise/Datacenter

၂) AppLocker အလုပ်လုပ်ဖို့ အတွက် Application Identifier or AppID ဆိုတဲ့ service တခု background မှာ run နေဖို့ လိုပါတယ်။
    ဒီ Service က လည်း default အနေနဲ့ ဆိုရင် stop ဖြစ်နေပါတယ်။ ဒါကြောင့် AppLocker သုံးမယ်ဆိုရင် start လုပ်ပေးရပါမယ်။

၃) AppLocker ကို configure လုပ်ဖို့ဆိုရင် အောက် က အဆင့်တွေ လုပ်ပါ...
    - Start>Run>gpedit.msc
    - node/sub-node တွေကို အောက်မှာ ပြထားတဲ့ အဆင့်ရောက်တဲ့ အထိ expand လုပ်ပါ။
      Computer Configuration/Windows Settings/Security Settings/Local Policies/Application/ControlPolicies/AppLocker
      ဒါဆိုရင် ကျန်တာကို ဆက်လုပ်လို့ရပါပြီ။

၄) AppLocker ရဲ့ rule တွေက Software Restriction Policy ရဲ့ rule တွေနဲ့ လုံးဝ ကွဲပြားပါတယ်။ ဒါကြောင့် တခြား Windows version တွေမှာ manage လုပ်လို့မရပါဘူး။

၅) AppLocker နဲ့ Software Restriction Policy တို့ဟာ မတူပါဘူး။ ဒီတော့ AppLocker rule တွေ define လုပ်ပြီးပြီဆိုတာနဲ့ Software Restrictin Policies rule တွေ ကို ignore လုပ်ပါလိမ့်မယ်။
    သူတို့ နှစ်ခုထဲက တခုကိုပဲ apply လုပ်လို့ရပါတယ်။

ကဲ ... Windows 7 , Windows Server 2008 R2  တို့ရဲ့ System Administrator များ အဆင်ပြေပါစေဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)



How do intruders get passwords?

Intruder လို့ခေါ်တဲ့သူတွေဟာ password တွေကို နည်းလမ်း အမျိုးမျိုး နဲ့ ရယူကြပါတယ်။
အောက်မှာ တော့ Hacker တွေ အသုံးများတဲ့ popular အဖြစ်ဆုံး password
ရယူပုံ နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။

Sniffing : Ethernet သို့မဟုတ် Wireless network ပေါ်မှာ
ဖြတ်သန်းသွားလာတဲ့ Data မှန်သမျှ ကို ကြားဖြတ်ပြီး ကြည့်လို့ရပါတယ်။
ဘယ်လိုကြည့်တာလဲဆိုတော့ protocol anaylyzer လို tool
တွေကိုသုံးပြီးကြည့်တာပါ။
သူက network card ကို promiscuous mode ကို
ပြောင်းပစ်လိုက်ပြီး data တွေကို filtering မလုပ်စေပဲ network ကနေ OS
ဆီကို ဖြတ်သန်းလာစေတာပါ။
POP3, FTP နဲ့ Telnet တို့လို protocol တွေလိုမျိုး clear
text protocol တွေကို sniffing လုပ်တာ များပါတယ်။
ဒီလို အခြေအနေမျိုးမှာ network ကို ဖြတ်သန်းနေတဲ့ Password
တွေဟာ encryption မလုပ်ထားပါဘူး။ ခုနောက်ပိုင်းခေတ်မှာတော့ protocols
တော်တော်များများဟာ encryption လုပ်လာကြပါပြီ။
Encrypted password တွေကို sniffing လုပ်ဖို့ခက်ပါတယ်။
ဒါပေမယ့်လည်း Dictionary Attack, Brute force Attack လို Attack များက
အလွယ်တကူပဲ ချိုးဖျက်နိုင်နေပြန်ပါတယ်။
Sniffing ဟာ hacker , attacker တွေ အတွက် အလွန်
အသုံးတည့်တဲ့ attacking method တခုဖြစ်ပါတယ်။ Detect လုပ်ဖို့လည်း
ခက်ပါတယ်။
Replay attack: တချို့နေရာတွေမှာတော့ intruder တွေဟာ password ကို
decryption ပြန်မလုပ်တော့ပါဘူး။ သူတို့ဟာ system ထဲကို login လုပ်ဖို့
encrypted form တွေ သုံးကြပါတယ်။
Encrypted from တွေ အတွက် Tool တွေကလည်း
အင်တာနက်မှာ တပုံတပင်ရှိပါတယ်။ ဒီ attacking method ကတော့ web
application တွေကို attack လုပ်ရာမှာ အလွန်ရေပန်းစားပါတယ်။
Password file stealing: System password တွေကို ပုံမှန်အားဖြင့် windows
registry မှာ file အနေနဲ့ သိမ်းထားလေ့ရှိပါတယ်။ Window NT 2000 နဲ့ XP
တွေမှာဆိုရင် password ကို encrypted from အနေနဲ့ SAM file မှာ
သွားသိမ်းပါတယ်။
Unix system တွေမှာတော့ password
တွေကို ပုံမှန်အားဖြင့် " /etc/passwd or /etc/shadow " မှာ
သိမ်းထားလေ့ရှိပါတယ်။
Attacker တယောက်က ၄င်း password file
ကိုသာ ရသွားပြီဆိုလို့ကတော့ Dictionary or Brute force attack
ကိုသုံးပြီး password ကို decryption လုပ်ပြီပဲပေါ့ဗျာ။
Observation: ဒီတခုကတော့ "Shoulder surfing" လို့ ခေါ်တယ်ဗျ။
အလွယ်ကူဆုံးနည်းလမ်းတခုထဲမှာပါပါတယ်။ Keyboard နဲ့ password
ရိုက်ထည့်နေတဲ့အချိန်မှာ မသိမသာ လှမ်းချောင်းကြည့်နေတာကိုခေါ်တာပါ။
ဒါမှမဟုတ် တချို့ဆိုရင် ကိုယ့် password ကို Sticky
note လေးနဲ့ ရေးပြီး Monitor ပေါ်မှာ ရေးထားတာမျိုးပေါ့။ တခါတုန်းက Bank
တခုရဲ့ Computer monitor ပေါ်မှာ password ကို စာရွက်နဲ့ရေးပြီး
ကပ်ထားတာကို တွေ့ဖူးပါတယ်။
Social Engineering: ဒီနည်းလမ်းကလည်း အလွယ်ကူဆုံးနည်းလမ်းတခုထဲက တခုပါပဲ။
ဘယ်လိုမျိုးလဲဆိုတော့ ကိုယ်နဲ့ရင်းနှီးအောင် ပေါင်းပြီး ကိုယ့်ဆီကနေ
သူတို့ လိုချင်တဲ့ အချက်အလက်တွေကို မသိမသာ နိှုက်ထုတ်ယူလိုက်တာပါပဲ။
Default passwords: တချို့ နေရာတွေကျပြန်တော့လည်း password ကို
ခန့်မှန်းရတာ သိပ်လွယ်ပါတယ်။ တချို့ user တွေဟာ hardware or software
vendor တွေ ထည့်ပေးလိုက်တဲ့ default ကို မပြောင်းပဲ ဒီအတိုင်းပဲ
ထားသုံးတတ်ကြပါတယ်။
ဥပမာဗျာ... switch တခု ဒါမှမဟုတ် router
တခုရဲ့ default password ဟာဆိုရင် admin ပဲဖြစ်နေတတ်တာမျိုးပေါ့။
ဒါမျိုးကို hacker တွေ attacker တွေ ဟာ သိထားပြီးသားပါ။

ကဲ...ဒါလေးတွေကတော့ အခြေခံအားဖြင့် hacker, attacker တွေရဲ့ password ကို
ရယူနည်းတွေပါပဲ။ နည်းနည်းသိထားတော့ ဘာပဲဖြစ်ဖြစ် ဗဟုသုတရတာပေါ့ဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း

အခုရက်ပိုင်း...မိမိအကြောင်းကို သေချာမသိတဲ့သူတွေရဲ့ ချီးမွမ်းခြင်းနဲ့
ကဲ့ရဲ့ခြင်းတွေကို တော်တော်မျာများခံရပါတယ်။

တချို့ကတော့...လည်း မိမိအကြောင်းကို သေချာသိလို့ ချီးမွမ်းပါတယ်။ ကဲ့ရဲ့ပါတယ်။

ဒီတော့ ... မိမိရဲ့ စာဖတ်သူ သူငယ်ချင်းများကို ထိုသူများကဲ့သို့
တဦးတယောက်အကြောင်းကို သေချာမသိသေးပဲ

အချီးမွန်း မစောရအောင် ... အကဲ့ရဲ့ မစောရအောင် ဘုရားရှင်ကိုယ်တော်မြတ်က
ဒီလိုမျိုးသတိပေးခဲ့တာကို ပြန်လည် ဝေမျှပေးလိုပါတယ်။

ရဟန်းတို့လေးပါးသောတရားတို့နှင့် ပြည့်စုံသော လူဖျင်း၊
လူမိုက်တို့သည် တူးဖြိုဖျက်ဆီးထားပြီးသော မိမိကိုယ်ကို
ပြုစုစောင့်ရှောက်နေသည် မည်၏။

အပြစ်နှင့်တကွ ဖြစ်၏။

ပညာရှိ သူတော်ကောင်းတို့ ကဲ့ရဲ့ဖွယ် ဖြစ်၏။ များစွာသော
မကောင်းမှုကိုလည်း တိုးပွားစေ၏။ အဘယ်တရားလေးပါးနည်းဟူမူ ...

- မစူးမစမ်း ဉာဏ်ဖြင့် မဆင်ခြင်ဘဲ မချီးမွမ်းထိုက်သောသူကို ချီးမွမ်း၏။

- မကဲ့ရဲ့တိုက်သောသူကို ကဲ့ရဲ့၏။

- မကြည်ညိုသင့်သော အရာဌာနကို ကြည်ညို၏။

- ကြည်ညိုသင့်သော အရာဌာန ကို မကြည်ညို။

ဤ တရားလေးပါးတို့တည်း။

(အဂုင်္တ္တရ နိကာယ၊ စတုက္ကနိပါတ၊ ပဌမ ခတသုတ်)

အကြင်လူမိုက်သည်

ကဲ့ရဲ့ထိုက်သူကို ချီးမွမ်း၏

ချီးမွမ်းထိုက်သူကို ကဲ့ရဲ့၏

ထိုလူမိုက်သည် နှုတ်ဖြင့် အကုသိုလ်အပြစ်ကို ဆည်းပူးစုဆောင်းနေ၏

ထိုအကုသိုလ် အပြစ်ကြောင့်

ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကို မရနိုင်

(သံယုတ္တ နိကာယ၊ သဂါထာဝဂ်၊ တုရူဗြဟ္မသုတ်)

(အလှူတကာ့ အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံး)

Vacancy announcement

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ

ပြန်ကြားရေးဝန်ကြီးဌာန

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

နေပြည်တော်

လျှောက်လွှာခေါ်ယူခြင်း

၁။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် အောက်ဖော်ပြပါ
(လစာနှုန်းကျပ်၅၉၀၀၀-၁၀၀၀-၆၄၀၀၀)ရာထူးနေရာများ လစ်လပ်နေပါ၍
သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသူများ လျှောက်ထားနိုင်ပါသည်-

(က) အသံလွှင့်ကျွမ်းကျင်(၂)

( ခ) ရုပ်သံကျွမ်းကျင်(၂)

( ဂ) အီလက်ထရွန်နစ်ကျွမ်းကျင်(၂)

၂။ လျှောက်ထားသူသည်-

(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။

( ခ ) ၃၁-၁-၂၀၁၁ ရက်တွင် အသက်(၃၀)နှစ် ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်ရ။

( ဂ ) အအေးခန်းတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

(ဃ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၅)နှစ် တာဝန်ထမ်းဆောင်ရမည်။

( င) နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်ရမည်။

( စ) အသံလွှင့်ကျွမ်းကျင် (၂)ရာထူးအတွက်- ဘွဲ့ရပြီးသူဖြစ်ရမည်။

(ဆ) ရုပ်သံကျွမ်းကျင်(၂)ရာထူးအတွက်- ဘွဲ့ရပြီးသူဖြစ်ရမည်။

M.A (English) (သို့မဟုတ်) B.A (English)

For Professional Proposes, EPP) Diploma in English Language Teaching,
Diploma in Global English, Diploma in SEAMEO English , B.A (English)
အောင်မြင်ပြီးသူများနှင့် အင်္ဂလိပ်ဘာသာ

(ရေး၊ ဖတ်၊ ပြော)ကျွမ်းကျင်သူကို ဦးစားပေးမည်။)

( ဇ ) အီလက်ထရွန်နစ်ကျွမ်းကျင်(၂)ရာထူးအတွက်

-A.G.T.I (EP/EC) (သို့မဟုတ်) B.Sc (Physics), D.A.P

(သို့မဟုတ်)M.Sc (Physics) ဖြစ်ရမည်။

၃။ လျှောက်လွှာကို ကိုယ်ရေးရာဇဝင်အကျဉ်းနှင့်အတူ အောက်ပါစာရွက်စာတမ်း

များ ပူးတွဲလျက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နေပြည်တော်သို့ ၂၈-၂-၂၀၁၁

ရက် နောက်ဆုံးထား၍ အရောက်ပေးပို့ရမည်။

(က) ဘွဲ့လက်မှတ်မိတ္တူ

( ခ ) အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်း အောင်လက်မှတ်မိတ္တူ

( ဂ ) သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှ လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း
ရရှိထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း

(ဃ) လိုင်စင်ဓာတ်ပုံ(၂)ပုံ (ဓာတ်ပုံနောက်ကျောတွင် အမည်နှင့်
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားရန်)

( င) အလုပ်သမားမှတ်ပုံတင်မိတ္တူ

(စ ) ဝင်ကြေးငွေကျပ်-၅၀၀/-ပေးသွင်းသည့်
ချလန်မူရင်း(သို့မဟုတ်)စာတိုက်ပေးပို့လွှာ (Money Order)ပြေစာမူရင်း

၄။ ဝန်ထမ်းများသည် မိမိတို့၏လျှောက်လွှာများကို တာဝန်ထမ်းဆောင်ရာ ဌာန

အဖွဲ့အစည်းများမှတစ်ဆင့် ၂၈-၂-၂၀၁၁ ရက် နောက်ဆုံးထား၍ မြန်မာ့အသံနှင့်

ရုပ်မြင်သံကြား နေပြည်တော်သို့ ပေးပို့ရမည်။

(ကြိုတင်မိတ္တူကို တိုက်ရိုက်ပေးပို့ရမည်။)

၅။ စာမေးပွဲဝင်ကြေးငွေကျပ် ၅၀၀/-ကို မြန်မာ့စီးပွားရေးဘဏ်၊ တပ်ကုန်းမြို့

ငွေစာရင်းအမှတ်အမ်ဒီ-၃၉သို့လည်းကောင်း၊ ရန်ကုန်မြို့အတွက် မြန်မာ့စီးပွားရေး

ဘဏ်၊ ကမာရွတ်ငွေစာရင်းအမှတ် အမ်ဒီ-၀၀၀၆၆၉သို့လည်းကောင်း၊ ကျန်ပြည်

နယ်/တိုင်းမြို့နယ်များအတွက် သက်ဆိုင်ရာ စာတိုက်မှတစ်ဆင့် ဤဌာနသို့ ငွေပို့

လွှာ (Money Order)ဖြင့် ပေးသွင်းရမည်။

၆။ အသေးစိတ်အကြောင်းအရာများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နေပြည်

တော် တယ်လီဖုန်းအမှတ် ဝ၆၇-၇၉၁၈၅၊ ရ၉၄၇၁ တွင် စုံစမ်းနိုင်ပါသည်။

LikeUnlike · · Share · Delete