How to disable Windows activation pop-ups in demo environments

တခါတုန်းကပေါ့ဗျာ... Computer တစ်လုံးကို Windows 7 တင်ပေးရတယ်။
ထုံးစံအတိုင်း Windows Loader တွေ ဘာတွေနဲ့ Activation အဆင့်ကို ကျော်ပြီး အဆင်ပြေသွားပြီပေါ့။
အဲဒီ Computer က အင်တာနက် access ရတယ်။
ဒီတော့ Windows လဲ တင်ပြီးရော...ကိုယ်က စေတနာပိုပြီး Update တွေ လုပ်ပါတယ်...
ဒီမှာ ပြဿနာ တက်ပါတော့တယ်... ဘယ်လိုလဲဆိုတော့... ကိုယ့် Windows Loader က အဟောင်းကြီးဖြစ်နေတယ်လေ...
Windows Update က Activation ကို စစ်ချလိုက်တော့... နောက်ဆုံးမှာ... Update ဖြစ်တဲ့ Loader  က လဲ မရှိတော့... တိုင်ပတ်တာပေါ့...
Activation လုပ်ဖို့ Notice တွေ က ခဏ ခဏ တက်နေတော့တာပဲပေါ့ဗျာ...

ဒါနဲ့ Google နဲ့ ရှာတော့... ဒီလိုမျိုး ဖြစ်ရင်... Loader အသစ်မရခင် စပ်ကြားကာလ မှာ Notice မပေါ်အောင် ဒီလို လုပ်ရပါတယ်တဲ့ဗျာ...

Start>Run>regedit.exe လို့ ရိုက် Enter ခေါက်လိုက်ပြီး

HKLM\SOFTWARE\Microsoft\Windows NT\CurrentVersion\SoftwareProtectionPlatform\Activation  အထိ ရောက်အောင် သွားလိုက်ပါ...

NotificationDisabled ဆိုတာကို ညာဖက်ခြမ်း မှာ တွေ့အောင်ရှာပါ... တွေ့ရင် Double Click လုပ်ပြီး... Value Data မှာ 1 ပြောင်းပေးလိုက်ပါ။

ကဲ... Notice ကြီး ပေါ်မလာတော့ပါဘူးဗျာ။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment