How to copy text from scanned image by using Microsoft Office 2010 applications?

တခါတလေ မှာ Print လုပ်ပြီးသား Documents တွေကို Softcopy ပြန်လိုချင်တာမျိုးကြုံဖူးမှာပါ။
ဒါပေမယ့် ကိုယ့်မှာ Softcopy လဲ မရှိတော့တဲ့ အခါ သင် ဘယ်လိုလုပ်မှာလဲ...

လွယ်ပါတယ်... သင့်လိုအပ်ချက်ကို Microsoft က သိပါတယ်... သူ့ ရဲ့ Office 2010 မှာလဲ အရင် Office တွေလို OCR ဆိုတဲ့ စနစ်ထည့်သွင်းပေးထားပါတယ်။

အောက်မှာ ဘယ်လို လုပ်ရင် Sofcopy ပြန်ရနိုင်တယ်ဆိုတာကို ရှင်းပြပေးထားပါတယ်။
- ပထမဆုံး Softcopy လိုချင်တဲ့ Document ကို Scan လုပ်ပြီး PC မှာ Save ပါ။
- Microsoft OneNote 2010 ကို Run ပါ။
- OneNote ပွင့်လာလျှင် Insert နှိပ်ပါ။ Picture ကိုရွေးပါ။
- Scan လုပ်ထားတဲ့ Document ကို ရွေးပေးပြီး insert လုပ်ပါ။
- OneNote ပေါ်မှာ Scanned Document ပေါ်လာပြီဆိုရင် ၄င်း ပုံပေါ်မှာ Right Click>Copy Text from Picture ကိုရွေးပေးပါ။
- Microsoft Word 2010 ကို Run ပါ။
- Word စာမျက်နှာပေါ်မှာ Right Click> Paste လုပ်ပါ။

ကဲ... သင်လိုချင်တဲ့ Document ရဲ့ Softcopy ရပါပြီ။

OCR Technology က အပြည့်အဝ အလုပ်လုပ်မပေးနိုင်သေးတာကိုတော့ သင်နားလည်ထားဖို့လိုပါတယ်။

စမ်းသပ်ကြည့်တာတော့ Printed Text တော်တော်များများ အားလုံးနီးပါးကို မှန်ကန်အောင် ပြန်လည် ပုံဖော်ပေးနိုင်ပေမယ့် လက်ရေးနဲ့ ရေးထားတဲ့ စာလုံးတွေကိုတော့ မှန်ကန်အောင် ပုံဖော်ပေးနိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)




No comments :

Post a Comment