How to configure google apps domain email with Microsoft Outlook?


ခုနောက်ပိုင်း တချို့ company တွေက သူတို့ ရဲ့ company email domain ကို Google Apps နဲ့ Administration လုပ်လာကြတာ များပါတယ်။
ဒီအခါမှာ သူတို့က Gmail အနေနဲ့ email ကို မသုံးချင်ပဲ... Microsoft Outlook နဲ့ ပါ အသုံးပြုချင်ကြပါတယ်။
ဒါဆို သင့် အနေနဲ့ Microsoft Outlook ကို Configure လုပ်ပေးဖို့ လိုလာပြီပေါ့။

ကဲ... POP နဲ့ လုပ်ပေးမလား IMAP နဲ့ လုပ်ပေးမလား? ကျတော်ကတော့ သင့်ကို IMAP သုံးပါလို့ တိုက်တွန်းပါတယ်။

ဘာကြောင့်လဲဆိုတော့ POP က Multiple PCs တွေနဲ့ အသုံးပြုချင်တဲ့ အခါ email message တွေကို အားလုံးမှာ sync မဖြစ်တာ ကို တွေ့ရပါတယ်။

IMAP ကတော့ sync ဖြစ်ပါတယ်။ ပိုပြီး သင့်တော်ပါတယ်။

ကဲ... အောက်မှာ Gmail with Google Apps Domain ကို Microsoft Outlook နဲ့ Configure လုပ်ပုံလေး တွေ ရှင်းပြပေးထားပါတယ်။

ပထမဆုံး Gmail ရဲ့ Setting မှာ IMAP ကို enable လုပ်ဖို့လိုပါတယ်။

၁)    Gmail ကို log in ဝင်ပါ။
၂)    Setting ကို သွားပါ။
၃)    Forwarding and POP/IMAP ကို Click လုပ်ပါ။
၄)    Enable IMAP option ကို Select လုပ်ပါ။
၅)    Save Change ကို Click လုပ်ပါ။

Microsoft Outlook ကို Configure လုပ်ပါမယ်။
၁)    Microsoft Outlook ကို ဖွင့်ပါ။
၂)     Yes လုပ်ပါ။ Internet E-mail ကို ရွေးပေးပါ။
၃)    Display name, email address, full email address, e.g. 'username@your_domain.com.' တွေကို ဖြည့်ပါ။
၄)    'Manually configure server settings or additional server types' checkbox ကို အမှန်ခြစ်ပါ။


၅)    အောက် က ပုံလေးတွေထဲမှာ ပြထားတဲ့ အတိုင်း သင့်ရဲ့ အချက်အလက်တွေကို ထည့်သွင်းပါ။





၆)    ပြီးရင် More Settings, then the Advanced tab ကို သွားပါ။ အောက် က ပုံလေးတွေထဲက အတိုင်း ဖြည့်စွက်ပါ။




ကဲ...ဒါပါပဲ။ သင့် Gmail က email များကို Microsoft Outlook ကနေလဲ ဖတ်လို့ရပါပြီ။

     အဆင့်တခုချင်းစီအတွက် Next , OK တွေကိုတော့ သိမယ်လို့ ယူဆတဲ့ အတွက် အသေးစိတ်ရေးမပြတော့ပါဘူး။
     ပုံလေးတွေကို ကြည့်ပြီး လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment