Fortigate guide for Beginner - 4

အမြဲတမ်းအားဖြင့်တော့ Fortigate ကို manage လုပ်ဖို့အတွက် Admin account တစ်ခုထက်ပို ဖန်တီးထားလေ့ရှိပါတယ်။

ဒါမှလဲ အဆင်ပြေမှာပေါ့ဗျာ။

ကဲ... Administrator account အသစ်တခုလောက်ကို super_admin profile နဲ့ ဖန်တီးကြည့်ရအောင်။
super_admin profile က Fortigate feature တွေကို full access ရပါတယ်။



    ပထမဆုံး Fortigate ကို Web Base Manager က တဆင့် log in ဝင်ပါ။
    System>Admin>Administrators ထိ ရောက်အောင်ဝင်ပြီး Create New ဆိုတာကို ရွေးပါ။
    အောက်ပါ အချက်အလက်များထဲမှ နမူနာပြထားသလို...သင့်လိုချင်သော အချက်အလက် များကို    ထည့်သွင်းပြီး OK ပေါ့။




    Administrator name နှင့် password တွေဟာ case-sensitive ဖြစ်ပါတယ်။ < > ( ) # " စတဲ့ Character တွေ ကို သင်အသုံးပြုလို့မရပါဘူး။
    Space ကို name & password တွေမှာ ထည့်သုံးလို့ရပါတယ်။ ဒါပေမယ့် ပထမဆုံး Character အနေဖြင့် သုံးမရပါဘူး။
    Name & password တွေမှာ Space ထည့်သုံးထားခဲ့ရင်တော့ သင် GUI မဟုတ်ပဲ Command Line mode ကို အသုံးပြုမယ်ဆိုရင် Name အတွက် quote ကိုု မဖြစ်မနေထည့်သွင်းအသုံးပြုပေးရပါမယ်။

    Admin profile တွေဟာ Fortigate configuration ရဲ့ ဘယ် အပိုင်းကို ဘယ် profile က manage လုပ်လို့ရမယ်ဆိုတာမျိုး ကို သင့် စိတ်ကြိုက် manage လုပ်နိုင်ပါတယ်။
    သင် manage လုပ်ထားတဲ့ multiple profile တွေကို သင် ကြိုက်နှစ်သက်သလို assign လုပ်နိုင်ပါတယ်။

သင့်စိတ်ကြိုက် Admin account profile တခု ဖန်တီးပြီးသွားပြီဆိုရင် ၄င်း account နဲ့ log in ဝင်ကြည့်ပြီး Event log ကို ဝင်ကြည့်နိုင်ပါတယ်။

ဘယ်လိုကြည့်လဲဆိုရင်... log in အရင်ဝင်ပါ။

Log&Report ကို သွားပြီး Event Log ကို ရွေးပေးပါ။

ပုံမှာ နမူနာပြထားသလို သင် မြင်ရပါလိမ့်မယ်။





System>Dashboard>Status ကိုသွားပြီး System Information ကို ရွေးပြီး administrator account ဘယ်နှစ်ခု log in ဝင်နေလဲ ဆိုတာကို ကြည့်နိုင်ပါသေးတယ်။




ပေါ်လာတဲ့ System Information မှ Current Administrator ရဲ့ Details ကို Click ပြီး Current log in လုပ်နေတဲ့ Administrator ရဲ့ Detail ကို ကြည့်နိုင်ပါတယ်။




ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment