Exchange Server 2010 for Newbies - 1



Exchange Server 2010 ကို ခုမှ စတင်လေ့လာမယ့် သူတွေအတွက်ရည်စူးပြီး တီးမိခေါက်မိ အောင် အနည်းအကျဉ်းဝေမျှချင်ပါတယ်။

Requirement တွေနဲ့ ပြည့်စုံတဲ့ Exchange Server 2010 ကို Install လုပ်ပြီးပြီဆိုကြပါစို့။

Server ထဲမှာ Hard Disk (၅) လုံး သို့မဟုတ် System Partition, Mailbox Database Log 1, Mailbox Database Log 2, Mailbox Database 1 နှင့့် Mailbox Database 2 ဆိုပြီး Partition (၅) ခု ရှိထားရပါမယ်။ (နောက်ပိုင်းမှာ Mailbox , Mailbox Database တွေ Mount, Unmount, Move တွေ လုပ်ကြည့်ဖို့အတွက်ပါ။)

ကဲ...အခု Exchange Server 2010 အသစ်စက်စက်လေး Install လုပ်ပြီးတဲ့နောက်... Mailbox Database စတင် Create လုပ်ပါမယ်။

- Start Menu ကနေ Exchange Management Console ကိုသွားပါ။ Microsoft Exchange On-Premises ကို Expand လုပ်ပါ။ Organization Configuration ကို Expand လုပ်ပါ။

- Mailbox ကို Select လုပ်ပါ။ Actions Pane အောက်မှ New Mailbox Database ကို Click လုပ်ပါ။



- Mailbox database name: အောက်တွင် mailbox database name ပေးပါ။ Server Name နေရာတွင် မိမိ Exchange Server ကိုရွေးပြီး OK နှိပ်ပါ။ Next နှိပ်ပါ။



- Database file path: နှင့် Log folder path: နေရာများတွင် မိမိ Create လုပ်ထားတော့ Mailbox Database Log နှင့် Mailbox Database Hard Disk/ Partition များကို ညွှန်းပေးပါ။ ( သက်ဆိုင်ရာ Hard Disk/Partition ထဲတွင် Folder create လုပ်ထားနိုင်လျှင် ပိုမို ကောင်းမွန်ပါသည်။)
 *** Mount this database checkbox လေးကို အမှန်ခြစ်ခဲ့ပါ။ ***



 - New ကို Click လုပ်ပါ။ Mailbox Database Creation လုပ်ပြီးတဲ့အထိစောင့်ပါ။ Finish လုပ်ပါ။





New Mailbox Database Creation ပြီးပါပြီ။


ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)


No comments :

Post a Comment