Replacing expired internal transport certificate in Microsoft Exchange Hub Transport Server 2007 with new certificate

အလုပ်များတတ်တဲ့ System Administrator တစ်ယောက် အနေနဲပ Event Logs ကို အမြဲစစ်နေပေမယ့် တခါတရံ အောက်ပုံမှာ ပြထားသလို Log မျိုးကို ကျော်သွားတတ်ပါတယ်။


ဒီလိုတွေ့ပြီဆိုရင် Expire ဖြစ်နေတဲ့ internal transport certificate ကို renew လုပ်ရတော့မှာပေါ့ဗျာ။

လွယ်ပါတယ်။

ပထမဆုံး Certificate တွေရဲ့ အချက်အလက်တွေကို Powershell Command သုံးပြီး အရင်စစ်ပါမယ်။

Get-ExchangeCertificate | fl

ဒါဆို Valid မဖြစ်တော့တဲ့ Certificate နဲ့ သူ့ ရဲ့ Service Status, Thumbprint တွေကို သိပါပြီ။




အဲလိုသိပြီဆိုတာနဲ့ Invalid certificate ရဲ့ Thumbprint ကို copy လုပ်ပြီး အောက်က Powershell Command နဲ့ တွဲပြီး Renew လုပ်ပေါ့ဗျာ။

Get-ExchangeCertificate –Thumbprint "Invalid Certificate Thumbprint Here" | New-ExchangeCertificate 

ရှိပြီးသား certificate ကို overwrite လုပ်မှာလား မေးရင် Yes ပေါ့ဗျာ။



ကဲ ... ဒါဆိုရင် Out of date ဖြစ်နေတဲ့ Certificate ကို replace လုပ်ပြီးပါပြီ။

နောက်တဆင့်ကတော့ Invalid ဖြစ်သွားပြီဖြစ်တဲ့ Certificate ကို remove လုပ်ပါမယ်။

အောက်က Powershell Command လေးနဲ့ remove လုပ်မှာပါ။

Remove-ExchangeCertificate -ThumbPrint "old-thumbprint-here"



Certificate အသစ်လဲ ရပြီ ၊ အဟောင်းကို လဲ remove လုပ်ပြီးသွားပါပြီ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment