Link Aggregating with Synology NAS and Cisco Switch

Synology NAS နဲ့ Cisco Switch ကို ချိတ်ဆက်ပြီး အသုံးပြုပုံကို ဝေမျှချင်ပါတယ်။

Network Port ၄ ခု ပါတဲ့ NAS ကို Port ၂ ခု သုံးပါမယ်။
Port ၂ ခု လုံးကို Logical Link တစ်ခု အနေနဲ့ သုံးပါမယ်။
Port ၂ ခု လုံး အလုပ်လုပ်နေစဉ်မှာ Bandwidth ၂ ဆ ရစေပြီး Load Balancing ပါ ရအောင် လုပ်ပါမယ်။
Port ၁ ခုခု အလုပ်မလုပ်တော့ရင် ကျန်နေတဲ့ Port ၁ ခုနဲ့ ဆက်အလုပ်လုပ်နေနိုင်အောင် လုပ်ပါမယ်။



ဒါတွေ အားလုံးအလုပ်လုပ်ဖို့ အတွက် Link Aggregating ဆိုတာကို Setup လုပ်ပါမယ်။

လုပ်ရမှာတွေကတော့
- Synology NAS နဲ့ Cisco Switch ကို Network ချိတ််ပါမယ်။
- Synology မှာ Network Port ၂ ခုလုံးကို Bond / Teaming လုပ်ပါမယ်။ IP Address Assign လုပ်ပါမယ်။
- Cisco Switch မှာ LACP ကို သုံးတဲ့ EtherChannel သုံးပါမယ်။ Port ၂ ခု ကို Group Member လုပ်ပါမယ်။

ကဲ စလိုက်ရအောင်ဗျာ။
Synology NAS ကို Configure လုပ်ပါမယ်။
- Synology NAS ကို Login ဝင်ပြီး ပုံမှာ ပြထားသလို Control Panel>Network >Create>Create Bond ကို ရွေးပါမယ်။



- IEEE 802.ad ကိုပဲ ရွေးပါမယ်။ ဒါမှ Fault tolerance နဲ့ Load Balancing ၂ မျိုးလုံး အသုံးပြုလို့ရမှာပါ။ (Switch က 8.2.3ad ကို Support မလုပ်ရင်တော့ အောက်က Fault Tolerance only ဆိုတာကိုပဲရွေးရမှာပါ။) ပြီးရင် Next ကို နှိပ်ပါ။


- မိမိ အသုံးပြုမယ့် Network Port များကို ရွေးပေးပါ။ ပြီးရင် Next ကို နှိပ်ပါ။
- IP Address Assign လုပ်ပါ။ Apply ကို နှိပ်ပြီးစောင့်ပါ။



Cisco Switch ကို Configure လုပ်ပါမယ်။
- GigabitEthernet 3 နဲ့ 4 ကို LACP ကို သုံးပြီး EtherChannel configure လုပ်ပါမယ်။
- ဘယ်လို Configure လုပ်လဲ ဆိုတာကို ပုံမှာကြည့်ပါ။ သင့်ရဲ့ Switch မှာ configure လုပ်တဲ့အခါ ပြထားတဲ့ ပုံထဲက နဲ့ အနည်းငယ်ကွဲလွဲနိုင်ပါတယ်။ ဒါပေမယ့် အသုံးပြုရမယ့် Command များကတော့ အတူတူပါပဲ။)


- Configure လုပ်ပြီးတာနဲ့ မိမိ Configuration အလုပ်လုပ် မလုပ် ကို ပုံမှာ ပြထားသလို စစ်ပါ။



Switch ကို Configure လုပ်ပြီးတာနဲ့ Synology NAS မှာ Bond ရဲ့ Status ကို အောက်ပါ အတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။



မိမိ Configuration များ အလုပ်တကယ် လုပ်မလုပ် သိချင်ရင် Cisco Switch Port ၁ ခု ချင်းစီကို Shut Down လုပ်ကြည့်ပြီးပဲ ဖြစ်ဖြစ် Synology NAS နှင့် Cisco Switch ကို ချိတ်ထားတဲ့ Cable ၁ ခုချင်းစီကို ဖြုတ်ကြည့်ပြီးပဲ ဖြစ်ဖြစ် စမ်းသပ်နိုင်ပါတယ်။
Configuration မှန်ကန်ခဲ့ရင် Link Connection ၁ခု ပြုတ်သွားလဲ အလုပ်ဆက်လုပ်နေမှာ ဖြစ်ပါတယ်။ ၂ ခု လုံးပြုတ်သွားမှသာ Connection လုံးဝပြတ်သွားမှာဖြစ်ပါတယ်။

ကဲ...ဒါဆို သင့်ရဲ့ NAS ကို Cisco Switch နဲ့ ဘယ်လို Link Aggregate လုပ်လို့ရတယ်ဆိုတာ သိလောက်ပြီလို့ ယူဆပါတယ်။

နမူနာ ပြထားတဲ့ Synology Model က RS2414rp+ ဖြစ်ပြီး သူ့ရဲ့ Firmware က DSM 5.0-4493 ဖြစ်ပါတယ်။
Cisco Switch ကတော့ Cisco WS-C2960G ဖြစ်ပြီး IOS ကတော့ version 15.0 ဖြစ်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)



No comments :

Post a Comment