Solving from RDP stopped working after disabling TLS1.0

သင့် Server ကို TLS 1.0 ကနေ TLS 1.1 or 1.2 ကို ဒီ လင့် (http://www.ictformyanmar.com/2014/08/enabling-tls-12-on-iis-75-and-256-bit.html) အတိုင်း ပြောင်းပြီးတဲ့ အခါ သင့် Server ကို Remote Desktop ဝင်မရပဲ Connection Timeout or Socket Timeout Error ပေါ်နေမှာပါ။

 ဒီအတွက် အောက်ပါ အတိုင်း ဖြေရှင်းဖို့လိုပါတယ်။

- Run Box မှာ Terminal Service Configuration (tsconfig.msc) ကိုရိုက်ထည့်ပြီး RDP-TCP မှတဆင့် RDP Security Layer ကို ပြောင်းပေးပါ။
(သို့မဟုတ်)
- Remote Desktop Session Host Configuration မှ တဆင့် RDP-Tcp ကို Double Click နှိပ်ပြီး Security Layer Setting ကို RDP Security Layer သို့ပြောင်းပါ။



ဒါဆိုရင် သင့် Server ကို Remote Desktop ပြန်ဝင်လို့ရပါပြီ။

ဒီနည်းလမ်းဟာ VPN Connection ကိုသုံးပြီး Remote Desktop ဝင်ဖို့ လုံခြုံပေမယ့် သာမန် Connection Type များအတွက်တော့ Man-In-The-Middle Attack အတွက် စိတ်မချရဘူးဆိုတာလေး တော့ သတိချပ်စေချင်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment