Enabling Third Party SFP to use in Cisco Devices
Cisco မဟုတ်တဲ့ Third Party SFP Module ကို သင့် Cisco Switch/Router/Firewall မှာ တပ်သုံးတဲ့အခါ၊
အလုပ်လုံးဝ မလုပ်တာကို သင်ကြုံဖူးပါလိမ့်မယ်။
ဒီအခါမှာ တချို့ က Module ပဲ မကောင်းသလိုလို...Port ပဲ ပျက်နေသလိုလို ထင်တတ်ကြပါတယ်။
တကယ်က မဟုတ်ပါဘူး။
Console ကနေ အောက်က လို Log Message ပြပေးပါတယ်။
%PHY-4-UNSUPPORTED_TRANSCEIVER: Unsupported transceiver found in Gi1/0/52
%GBIC_SECURITY_CRYPT-4-VN_DATA_CRC_ERROR: GBIC in port 65538 has bad crc
ဒီ Message က သင့် ကို ပြောနေတာက သင့် Cisco Device က သင် SFP Module တပ်ထားတဲ့ Port ကို Disable လုပ်ထားတယ်ဆိုတာ ကို ပြောနေတာပါ။
ဒီတော့ ကျနော်တို့ Third Party Module ကို ကိုယ့် Cisco Device မှာ အလုပ်လုပ်နိုင်အောင် Command လေး ၂ ကြောင်း ရိုက်ရပါမယ်။
ဒီလိုဗျ...
switch>configure terminal
switch(config)#service unsupported-transceiver
switch(config)#no errdisable detect cause gbic-invalid
service unsupported-transceiver ဆိုတာကို ရိုက်ပြီးတဲ့အချိန်မှာ Warning Message တစ်ခုပေါ်ပါမယ်။
Third Party SFP ကို သုံးရင် Cisco ရဲ့ Warranty Cover မဖြစ်တော့ဘူးဆိုတာကို ပြောတာပါ။
no errdisable detect cause gbic-invalid ဆိုတာကတော့ port ကို disable လုပ်ပစ်ခြင်းကနေ တားမြစ်ထားတာပါ။
service unsupported-transceiver ကို Cisco ရဲ့ Help မှာ သင်ရှာလို့ တွေ့မှာ မဟုတ်ပါဘူး။
ဒီ command လေး အသုံးပြုဖို့ သင့် Cisco IOS က 12.2(25)SE အနည်းဆုံးဖြစ်နေရပါမယ်။
ကဲ...Third Party SFP များနဲ့ အလုပ်ကောင်းစွာလုပ်နိုင်ပါစေဗျာ။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment