VM ကို Power On တဲ့ အခါ အောက်က ပုံလိုမျိုး ပေါ်လာတတ်တာ မျိုးတွေကို ဖြေရှင်းကြည့်ရအောင်ဗျာ။
Error တက်နေတဲ့ VM ရှိတဲ့ Host ကို Direct Console/ SSH Terminal နဲ့ Login ဝင်ပါ။
ပြီးရင် အောက်က Command တာရိုက်ပြီး Enter နှိပ်ပါ။
services.sh restart
ခဏစောင့်ပါ။ VMware Service တွေ Restart လုပ်ပြီးရင် Error ပြနေတဲ့ VM ကို Power On/ Edit Setting/ Migrate လုပ်ကြည့်ပါ။ ဘာ Error မှ မတက်တော့ပဲ အဆင်ပြေပြေ လုပ်လို့ရတာ ကို သင်တွေ့ရပါလိမ့်မယ်။
တခါတလေ VM တွေကို Proper Shutdown/ Restart မလုပ်မိလို့ဖြစ်စေ။
VM run နေတုန်း Host ကို unproper Reboot or Shutdown လုပ်လိုက်လို့ဖြစ်စေ။
VM ကို unproper shutdown or restart လုပ်မိတာမျိုး ၊ VM run နေတဲ့ Host ကို upproper shutdown or restart လုပ်မိတာမျိုး ဒါမှမဟုတ် ဖြစ်သွားတာမျိုး တွေမှာ ဒီလို Error တတ်တတ်ပါတယ်။
အသေးစိတ်သိချင်ရင်တော့ log file ကို သာ ဝင်မွှေပေတော့ဗျာ။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then).
No comments :
Post a Comment