အားလုံးပြီးတဲ့အခါမှာ တချို့ Guest OS တွေရဲ့ Performance က သိသိသာသာ ပြဿနာပေးနေတာကို သတိထားမိတယ်။
File Server လို၊ SAP လို User Access သိပ်များတဲ့ Server တွေအတွက် E1000 က သိပ် အလုပ်မဖြစ်တာကို သတိထားမိပါတယ်။
ဒီတော့...မဖြစ်မနေပြောင်းဖို့လိုလာပြီပေါ့ဗျာ။
ပြောင်းတဲ့ နည်း ၂ နည်းရှိပါတယ်။
- Server ကို Shutdown လုပ်ပြီး New NIC ကို Add ၊ ပြီးရင် Old NIC ကို IP တွေ ဖြုတ် uninstall လုပ်ပြီး New NIC မှာ Old NIC အတိုင်း IP, MAC Address တွေ ပြန်ထည့်တာရယ်
- VMware PowerCLI ကိုသုံးပြီး Live ပြောင်းတာရယ်ပါပဲ။
ဒီတော့ ဒုတိယနည်းက Server Admin တွေအတွက် ပိုအသင့်လျော်ဆုံးဆိုတာ ပြောဖို့ လိုမယ်မထင်ပါဘူး။
ကဲ...ဒုတိယနည်းအတိုင်း ပြောင်းကြည့်ရအောင်ဗျာ။
လုပ်ငန်းမစခင် VMware PowerCLI ကို Install လုပ်ထားဖို့တော့လိုပါတယ်။
Install လုပ်ပြီးရင် အောက်က အဆင့်တွေအတိုင်းစကြရအောင်
ပထမဆုံး မိမိပြောင်းချင်တဲ့ Guest OS (Server) ရဲ့ Hostname,Network Adapters, ဘယ် Host ပေါ်မှာ Run ထားလဲ စတာတွေကို Web Console , vSphere Client တို့နဲ့ စစ်ပါ။
ပြီးရင် PowerCLI ကို ဖွင့်ပါ။
Guest OS ရှိတဲ့ Host ကို connect လုပ်ဖို့ အောက်ပါ Command ကို ရိုက်ထည့်ပါ။
Connect-VIServer -Server servername or IP address of host -Protocol https
Username , Password ထည့်ပါ။
Login Sucessful ဖြစ်တာကို အောက်ပါအတိုင်းတွေ့ပါမယ်။
Network Adapter တွေကို သေချာအောင် ဒုတိယအကြိမ်စစ်ပါမယ်။ အောက်ပါ Command ကိုသုံးပါ။
Get-VM Guest OS or servername | Get-Networkadapter
မိမိပြောင်းချင်တဲ့ Network Adapter ကို သေချာမှတ်ပါ။
Adapter Type ပြောင်းဖို့ အောက်ပါ Command ကို သုံးပါ။
Get-VM Guest OS or servername | Get-Networkadapter | Set-Networkadapter -type vmxnet3
Adapter Type ပြောင်းဖို့ Confirm လုပ်ပါလိမ့်မယ်။ မိမိ အမှန်တကယ်ပြောင်းချင်တဲ့ Adapter ကိုပဲ Yes လုပ်ပြီး Enter နှိပ်ပါ။
အောက်ပါ အတိုင်း Network Adapter Type ဟာ E1000 ကနေ Vmxnet3 ကို ပြောင်းသွားတာကို တွေ့ရပါမယ်။
Server လဲ Shutdown လုပ်စရာမလို၊ IP , MAC address များလဲ ပြန်ထည့်ပေးစရာမလိုပဲ အလွယ်တကူ လိုသလို ပြောင်းလို့ ရတာ သင့်အတွက် ဝမ်းသာစရာပေါ့ဗျာ။
လုပ်ကြည့်ရလွယ်အောင် နမူနာပုံလေးတွေနဲ့ ပြပေးထားပါတယ်။
VMware ရဲ့ Network Adapter Type တွေအကြောင်းသိချင်ရင် ဒီလင့်ကို သွားပါ။
http://kb.vmware.com/selfservice/microsites/search.do?language=en_US&cmd=displayKC&externalId=1001805
VMxnet3 ကို အသုံးပြုနိုင်ဖို့ သင့် Guest OS ဟာ VMware Tools ကို Support လုပ်ဖို့လိုအပ်သလို Install လဲ လုပ်ထားဖို့လိုပါတယ်။
Network Adapter Type ရွေးချယ်ဖို့ အသေးစိတ်သိချင်ရင် ဒီလင့်ကို သွားပါ။
http://kb.vmware.com/selfservice/microsites/search.do?language=en_US&cmd=displayKC&externalId=1001805
VMware PowerCLI Installer Download လုပ်ရန် ဒီလင့်ကို သွားပါ။ Version ပေါ်မူတည်ပြီး Google နိုင်ပါတယ်။
https://my.vmware.com/web/vmware/details?downloadGroup=VSP510-PCLI-510&productId=285
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
No comments :
Post a Comment